တဲတော်အဝင်ဝကိုကာရန် အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည် တို့ဖြင့်ရက်လုပ်ထားသောပိတ်ချောထည်ပေါ်တွင် ပန်းထိုးထားသောလိုက်ကာကို လုပ်ရမည်။
ထွက်မြောက် 39:30 - မြန်မာ့စံမီသမ္မာကျမ်း မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း သန့်ရှင်းသောရွှေစင်ပြားသရဖူကိုလုပ်၍ ကမ္ပည်းတံဆိပ်အဖြစ် ထိုရွှေစင်ပြားပေါ်၌ “ထာဝရဘုရား၌သန့်ရှင်းခြင်း”ဟု ရေးထိုးပြီးလျှင် Common Language Bible သူတို့သည် ``ထာဝရဘုရားအားဆက်ကပ် ထားသည်'' ဟူသောကမ္ပည်းစာတမ်းထွင်း ထားသည်ရွှေနဖူးစည်းကိုပြုလုပ်ကြ၏။- Garrad Bible မော ရှေ အား ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ သည့် အ တိုင်း၊ သန့် ရှင်း သော ရွှေ စင် သင်း ကျစ် ကို လုပ် ပြီး လျှင် တံ ဆိပ် ပေါ် မှာ ရေး တင် သ ကဲ့ သို့ ထာ ဝ ရ ဘု ရား အ ဖို့ သီး သန့် ထား ပြီ ဟူ သော က မ္ပည်း ကို ရေး တင်၍ ဗောင်း ထက် တွင် ကပ် ရန် ကြိုး ပြာ ကို တပ် ထား လေ ၏။ Judson Bible မောရှေအား ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ သန့်ရှင်းသော သင်းကျစ်ပြားကိုလည်း ရွှေစင်နှင့်လုပ်၍ တံဆိပ်ပေါ်မှာ အက္ခရာတင်သကဲ့သို့၊ ထာဝရဘုရားအား သန့်ရှင်းခြင်းဟုအက္ခရာတင်၍၊ |
တဲတော်အဝင်ဝကိုကာရန် အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည် တို့ဖြင့်ရက်လုပ်ထားသောပိတ်ချောထည်ပေါ်တွင် ပန်းထိုးထားသောလိုက်ကာကို လုပ်ရမည်။
အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည်တို့ဖြင့် ပန်းထိုးထားသောပိတ်ချောထည်ခါးစည်းများကိုလည်း လုပ်၏။
ထိုနေ့ရက်တွင် မြင်းချူလုံးများ၌ “ထာဝရဘုရား၌ သန့်ရှင်းခြင်း”ဟု ရေးထိုးထားလိမ့်မည်။ ထာဝရဘုရားအိမ်တော်ရှိ အိုးတို့သည်လည်း ယဇ်ပလ္လင်ရှေ့ရှိ ဇလုံများကဲ့သို့ ဖြစ်လိမ့်မည်။
သင်တို့သည် ဘုရားသခင်အားဖြင့် ခရစ်တော်ယေရှု၌တည်နေကြ၏။ ခရစ်တော်သည် ငါတို့အတွက် ဘုရားသခင်ထံမှလာသော ဉာဏ်ပညာဖြစ်တော်မူပြီး ဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်းနှင့် ရွေးနုတ်ခြင်းဖြစ်တော်မူ၏။
ဘုရားသခင်သည် အပြစ်ကင်းစင်သောအရှင်ကို ငါတို့အတွက် အပြစ်ဖြစ်သွားစေတော်မူ၏။ ဤသည်ကား ငါတို့သည် ထိုအရှင်အားဖြင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းဖြစ်လာမည့်အကြောင်းတည်း။
ခရစ်တော်သည် ငါတို့ကို ခပ်သိမ်းသောတရားမဲ့ခြင်းထဲမှ ရွေးနုတ်ကယ်တင်ရန်နှင့် ကောင်းသောအမှု၌ စိတ်အားထက်သန်သည့် မိမိပိုင်တော်မူသောလူမျိုးကို မိမိအတွက်စင်ကြယ်စေရန် ငါတို့အတွက် မိမိကိုယ်ကိုစွန့်တော်မူ၏။
သားတော်သည် ဘုရားသခင်၏ဘုန်းတော်ရောင်ခြည်နှင့် ဇာတိအဖြစ်တော်တို့ကို ထင်ဟပ်သောပုံသဏ္ဌာန်ဖြစ်တော်မူပြီး မိမိ၏တန်ခိုးနှင့်ပြည့်စုံသော နှုတ်ကပတ်တော်အားဖြင့် အရာခပ်သိမ်းကိုတည်စေ၍ အပြစ်များအတွက် စင်ကြယ်ခြင်းဝတ်ကိုပြုပြီးလျှင် အထက်ကောင်းကင်၌ ဘုန်းတန်ခိုးရှင်၏လက်ယာဘက်တွင် ထိုင်တော်မူ၏။
ထိုသို့သန့်ရှင်း၍ အပြစ်နှင့်ညစ်ညူးခြင်းတို့ကင်းစင်လျက် အပြစ်သားတို့နှင့်ခွဲခြားထားခြင်းခံရကာ ကောင်းကင်တို့ထက် မြင့်မားစွာချီးမြှောက်ခြင်းခံရသော ယဇ်ပုရောဟိတ်မင်းသည် ငါတို့အတွက်သင့်လျော်ပေ၏။
သူတို့ကို အကျွန်ုပ်တို့၏ဘုရားသခင်အတွက် နိုင်ငံတော်တစ်ခုနှင့် ယဇ်ပုရောဟိတ်များဖြစ်စေတော်မူသဖြင့် သူတို့သည် ကမ္ဘာမြေကြီးပေါ်တွင် အုပ်စိုးရကြလိမ့်မည်”ဟု ဆိုကြ၏။