ရှင်ဘုရင်၏သမီးတော်သည် ဂုဏ်ကျက်သရေအပေါင်းနှင့်ပြည့်စုံလျက် အတွင်းဆောင်၌ရှိ၏။ သူ၏အဝတ်တန်ဆာကို ရွှေချည်ဖြင့်ရောစပ်ရက်လုပ်ထား၏။
ထွက်မြောက် 39:3 - မြန်မာ့စံမီသမ္မာကျမ်း ရွှေကို အပြားခတ်၍ ရွှေချည်မျှင်တို့ကိုလုပ်၏။ ထိုရွှေချည်မျှင်နှင့် အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည်ဖြင့် ပိတ်ချောထည်ကို လက်ရာမြောက်စွာရက်လုပ်၏။ Common Language Bible အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်သိုးမွေး၊ ပိတ်ချောတို့တွင်အပြားခတ်ထားသောရွှေ မှလှီးသောရွှေကြိုးများဖြင့်ရက်လုပ်ထား၏။- Garrad Bible ပိုး လျှော် မှ စ သော အ ပြာ အ မောင်း အ နီ ချည် များ နှင့် တ ကွ၊ လက် မြောက် သူ့ အ တတ် ဖြင့် ရက် လုပ် နိုင် ရန် ရွှေ ကို ခတ်၍ နန်း ချည် ဆွဲ လေ ၏။ Judson Bible ရွှေကိုအပြားခတ်၍ ရွှေကြိုးကိုလှီးပြီးမှ၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောတို့ကို ထူးဆန်းစွာအပြောက်ထိုးလေ၏။ |
ရှင်ဘုရင်၏သမီးတော်သည် ဂုဏ်ကျက်သရေအပေါင်းနှင့်ပြည့်စုံလျက် အတွင်းဆောင်၌ရှိ၏။ သူ၏အဝတ်တန်ဆာကို ရွှေချည်ဖြင့်ရောစပ်ရက်လုပ်ထား၏။
ထို့ပြင် သင်သည် ကိန်းဝပ်တော်မူရာတဲတော်ကို ရွက်ထည်ဆယ်ထည်ဖြင့် လုပ်ရမည်။ ထိုရွက်ထည်တို့သည် အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည် တို့ဖြင့်ရက်လုပ်ထားသောပိတ်ချောထည်ဖြစ်ရမည်။ ထိုပိတ်ချောထည်ပေါ်တွင် ခေရုဗိမ်ရုပ်များကို လက်ရာမြောက်စွာ ပုံဖော်ထားရမည်။
အလုပ်လုပ်သောသူတို့ထဲမှ လက်မှုအတတ်ကျွမ်းကျင်သူအပေါင်းတို့သည် ကိန်းဝပ်တော်မူရာတဲတော်ကို ရွက်ထည်ဆယ်ထည်ဖြင့် လုပ်ကြ၏။ ထိုရွက်ထည်တို့သည် အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည်တို့ဖြင့် ရက်လုပ်ထားသော ပိတ်ချောထည်ဖြစ်ကြ၏။ ထိုပိတ်ချောထည်ပေါ်တွင် ခေရုဗိမ်ရုပ်များကို လက်ရာမြောက်စွာ ပုံဖော်ထားကြ၏။
မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ဧဖုဒ်ကို ရွှေချည်၊ အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည် တို့ဖြင့်ရက်လုပ်သောပိတ်ချောထည်ဖြင့် ချုပ်လုပ်၏။