ရှင်ဘုရင်၏သမီးတော်သည် ဂုဏ်ကျက်သရေအပေါင်းနှင့်ပြည့်စုံလျက် အတွင်းဆောင်၌ရှိ၏။ သူ၏အဝတ်တန်ဆာကို ရွှေချည်ဖြင့်ရောစပ်ရက်လုပ်ထား၏။
ထွက်မြောက် 39:2 - မြန်မာ့စံမီသမ္မာကျမ်း မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ဧဖုဒ်ကို ရွှေချည်၊ အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည် တို့ဖြင့်ရက်လုပ်သောပိတ်ချောထည်ဖြင့် ချုပ်လုပ်၏။ Common Language Bible ယဇ်ပုရောဟိတ်သင်တိုင်းကိုပိတ်ချော၊ အပြာ ရောင်၊ ခရမ်းရောင်၊ အနီရောင်သိုးမွေးနှင့်ရွှေ ချည်တို့ဖြင့်ရက်လုပ်၏။- Garrad Bible မော ရှေ အား ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ သည့် အ တိုင်း လည်း၊ ပိုး လျှော် မှ စ၍ အ ပြာ အ မောင်း အ နီ ချည် များ နှင့် ကိုယ် ဝတ် ကို လုပ် ရာ၊ Judson Bible ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောနှင့် ယဇ်ပုရောဟိတ်သင်တိုင်းကို လုပ်ရာတွင်၊ |
ရှင်ဘုရင်၏သမီးတော်သည် ဂုဏ်ကျက်သရေအပေါင်းနှင့်ပြည့်စုံလျက် အတွင်းဆောင်၌ရှိ၏။ သူ၏အဝတ်တန်ဆာကို ရွှေချည်ဖြင့်ရောစပ်ရက်လုပ်ထား၏။
ဧဖုဒ်နှင့်ရင်ခံပြားအတွက် မဟူရာကြောင်ဝင်ကျောက်များနှင့်စီခြယ်စရာကျောက်များ စသည်တို့ဖြစ်ကြ၏။
ရွှေကို အပြားခတ်၍ ရွှေချည်မျှင်တို့ကိုလုပ်၏။ ထိုရွှေချည်မျှင်နှင့် အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည်ဖြင့် ပိတ်ချောထည်ကို လက်ရာမြောက်စွာရက်လုပ်၏။
အာရုန်အား အတွင်းသင်တိုင်းဝတ်ပေးပြီး ခါးစည်းစည်းပေး၏။ ဝတ်လုံဝတ်ပေးပြီး ဧဖုဒ်ဆင်ပေး၏။ ဧဖုဒ်၏ခါးပတ်ပြားကိုစည်းပေး၍ ခါးပတ်ပြားကို ဧဖုဒ်နှင့် တွဲချည်ပေး၏။