ထိုပြည်မှထွက်သောရွှေသည် ကောင်းလှ၏။ ပယင်းနှင့်မဟူရာကြောင်ဝင်ကျောက်တို့လည်း ထွက်၏။
ထွက်မြောက် 39:13 - မြန်မာ့စံမီသမ္မာကျမ်း စတုတ္ထအတန်းကား ကျောက်မျက်ရွဲ၊ မဟူရာကြောင်ဝင်၊ နဂါးသွဲ့ ဖြစ်၏။ ၎င်းတို့ကို ရွှေကျောက်မျက်အိုးထဲ၌ ထားရှိ၏။ Common Language Bible စတုတ္ထအတန်းတွင်မျက်ရွဲ၊ ကြောင်နှင့်နဂါး သွဲ့ကျောက်တို့ကို ရွှေပန်းထည်များ၌ထည့် သွင်းထား၏။- Garrad Bible မ ဟူ ရာ အ နက်၊ ဂေါ် မုတ်။ စ တု တ္ထ အ တန်း ကား မျက် ရွဲ၊ မ ဟူ ရာ၊ န ဂါး သွဲ့ များ ကို အ သီး အ သီး ဆိုင် ရာ ရွှေ ကျောက် အိုး ထဲ၌ ထည့် သွင်း လေ ၏။ Judson Bible စတုတ္ထအတန်းကား မျက်ရွဲ၊ ကြောင်၊ နဂါးသွဲ့ဖြစ်၍၊ အသီးအသီးတို့ကို ရွှေအိုး၌စီလေ၏။ |
ထိုပြည်မှထွက်သောရွှေသည် ကောင်းလှ၏။ ပယင်းနှင့်မဟူရာကြောင်ဝင်ကျောက်တို့လည်း ထွက်၏။
ထို့ကြောင့် ငါ၏ဘုရားသခင့်အိမ်တော်အဖို့ ရွှေထည်အတွက် ရွှေ၊ ငွေထည်အတွက် ငွေ၊ ကြေးထည်အတွက် ကြေး၊ သံထည်အတွက် သံ၊ ပျဉ်ပြားများအတွက် သစ်သား၊ မဟူရာကြောင်ဝင်ကျောက်များ၊ စီချယ်စရာကျောက်များ၊ စိမ်းပြာရောင်ကျောက်များ၊ ရောင်စုံကျောက်များ၊ အဖိုးတန်ကျောက်အမျိုးမျိုးနှင့် ကျောက်ဖြူအမြောက်အမြားတို့ကို ငါတတ်စွမ်းနိုင်သမျှ ပြင်ဆင်ထားပေးခဲ့ပြီ။
အစ္စရေး၏သားတို့အမည်များကို ကမ္ပည်းတံဆိပ်အဖြစ် ထိုကျောက်နှစ်လုံးအပေါ်၌ ကျောက်ဆစ်အတတ်ပညာဖြင့် ကမ္ပည်းထိုး၍ ရွှေကျောက်မျက်အိုး၌ ထည့်ထားရမည်။
သင်သည် မဟူရာကြောင်ဝင်ကျောက်နှစ်လုံးကိုလည်းယူ၍ ထိုကျောက်နှစ်လုံးပေါ်၌ အစ္စရေး၏သားတို့အမည်များကို ကမ္ပည်းထိုးရမည်။
ထိုကျောက်တစ်ဆယ့်နှစ်လုံးသည် အစ္စရေး၏သားတစ်ဆယ့်နှစ်ယောက်တို့၏အမည်များအလိုက် စီထား၏။ ကမ္ပည်းတံဆိပ်အဖြစ် မျိုးနွယ်တစ်ဆယ့်နှစ်နွယ်၏နာမည်ကို ကျောက်တစ်လုံးစီ၌ ရေးထိုး၏။
သူ၏လက်များသည်လည်း ကျောက်မျက်ရွဲစီခြယ်ထားသော ရွှေလက်စွပ်နှင့်တူ၏။ ဝမ်းဗိုက်သည်လည်း နီလာကျောက်စီခြယ်ထားသော ပြောင်လက်သည့်ဆင်စွယ်နှင့်တူ၏။
ဘီးတို့သည် ကျောက်မျက်ရွဲဖြင့် ထုလုပ်ထားသည်နှင့်တူ၏။ ကျောက်မျက်ရွဲအဆင်းအရောင်ကဲ့သို့တောက်ပ၏။ ဘီးလေးခုတို့မှာ တစ်ပုံစံတည်းဖြစ်၍ ပြုလုပ်ထားသည့်ပုံစံမှာ ဘီးတစ်ခုတွင် နောက်ဘီးတစ်ခုကို ကန့်လန့်ဖြတ်ထည့်ထားသည့်ပုံစံမျိုး ဖြစ်၏။
ပဉ္စမမှာ ကြောင်၊ ဆဋ္ဌမမှာ ပတ္တမြား၊ သတ္တမမှာ သလင်းဝါ၊ အဋ္ဌမမှာ မျက်ရွဲ၊ နဝမမှာ ဥဿဖရား၊ ဒသမမှာ မဟူရာစိမ်း၊ ဧကဒသမမှာ နီလာသွေး၊ ဒွါဒသမမှာ နီလာခရမ်းဖြစ်၏။