အိုးများ၊ ဂေါ်ပြားများ၊ ခက်ရင်းခွများကိုလည်း သွန်းလုပ်၏။ ဤသို့ ဟုရံအဘိသည် ရှောလမုန်မင်းကြီးအဖို့ ထာဝရဘုရား၏အိမ်တော်အသုံးအဆောင်အားလုံးကို ပြောင်လက်နေသောကြေးနီများဖြင့် သွန်းလုပ်၏။
ထွက်မြောက် 38:3 - မြန်မာ့စံမီသမ္မာကျမ်း အိုး၊ ဂေါ်ပြား၊ ဇလုံ၊ ခက်ရင်းခွ၊ မီးကျီးခံဗန်း စသည့်ယဇ်ပလ္လင်၏တန်ဆာပလာရှိသမျှတို့ကို ကြေးနီဖြင့်လုပ်၏။ Common Language Bible ပလ္လင်နှင့်ဆိုင်သည့်ပစ္စည်းများဖြစ်သောပြာနှင့် အဆီခံအိုး၊ ဂေါ်ပြား၊ အင်တုံ၊ ချိတ်၊ မီးကျီးခံ အိုးတို့ကိုကြေးဝါဖြင့်ပြုလုပ်၏။- Garrad Bible အိုး၊ ကော် ပြား၊ အင် တုံ၊ ခက် ရင်း၊ မီး ကျီး ခံ အ စ ရှိ သော ပ လ္လင် တော် ဆိုင် ရာ အ သုံး အ ဆောင် ရှိ သ မျှ ကို ကြေး နှင့် လုပ် လေ ၏။ Judson Bible အိုးနှင့်တကွ တူးရွင်းပြား၊ အင်တုံ၊ အမဲသားချိတ်၊ လင်ပန်းအစရှိသော ယဇ်ပလ္လင်နှင့်ဆိုင်သော တန်ဆာရှိသမျှတို့ကို ကြေးဝါနှင့်လုပ်လေ၏။ |
အိုးများ၊ ဂေါ်ပြားများ၊ ခက်ရင်းခွများကိုလည်း သွန်းလုပ်၏။ ဤသို့ ဟုရံအဘိသည် ရှောလမုန်မင်းကြီးအဖို့ ထာဝရဘုရား၏အိမ်တော်အသုံးအဆောင်အားလုံးကို ပြောင်လက်နေသောကြေးနီများဖြင့် သွန်းလုပ်၏။
အချင်းအတောင်တစ်ဆယ်၊ အမြင့်ငါးတောင်၊ လုံးပတ်အတောင်သုံးဆယ်ရှိသော စက်ဝိုင်းပုံကြေးနီရေကန်ကိုလည်း သွန်းလုပ်၏။
ယဇ်ပလ္လင်မှပြာကိုဖယ်ရှားရန်အတွက် အိုး၊ ဂေါ်ပြား၊ ဇလုံ၊ ခက်ရင်းခွ၊ မီးကျီးခံဗန်းတို့ကိုလည်း လုပ်ရမည်။ ယဇ်ပလ္လင်၏တန်ဆာပလာရှိသမျှတို့ကို ကြေးနီဖြင့်လုပ်ရမည်။
ယဇ်ပလ္လင်၏ထောင့်လေးထောင့်၌ ချိုများကိုလုပ်၍ ထိုချိုများသည် ယဇ်ပလ္လင်နှင့်တစ်ဆက်တည်းဖြစ်၏။ ယဇ်ပလ္လင်ကို ကြေးနီဖြင့်မွမ်းမံ၏။
ယဇ်ပလ္လင်၏အောက်ဘက်အလယ်နားတွင် အစွန်းထွက်နေသောနေရာ၏အောက်၌ထားရမည့် ကြေးနီစကာမီးကျီးခံပြားကိုလုပ်၏။
လူတို့အတွက် ယဇ်ပုရောဟိတ်တို့ပြုပေးရသောထုံးစံရှိသည့်အတိုင်း တစ်စုံတစ်ယောက်သည် ယဇ်ပူဇော်သောအခါ အသားကိုပြုတ်နေစဉ်မှာပင် ယဇ်ပုရောဟိတ်၏ငယ်သားသည် သုံးခွခက်ရင်းကိုကိုင်လျက်ရောက်လာပြီး