ထွက်မြောက် 38:25 - မြန်မာ့စံမီသမ္မာကျမ်း စာရင်းဝင်သောလူထုတို့ ပေးလှူသောငွေသည် သန့်ရှင်းရာဌာန၏ရှယ်ကယ်စံနှုန်းနှင့်အညီ တစ်ရာတာလန် တစ်ထောင့်ခုနစ်ရာခုနစ်ဆယ့်ငါးရှယ်ကယ်ဖြစ်၏။ Common Language Bible သန်းခေါင်စာရင်းကောက်ယူစဉ်အခါက၊ ဣသရေလအမျိုးသားတို့ထံမှ ရရှိသော ငွေချိန်မှာတရားဝင်ချင်တွယ်နည်းအရ ခုနစ်ထောင့်ငါးရာငါးဆယ်ပေါင်ရှိ၏။- Garrad Bible ရေ တွက် စု ရုံး ပြီး ပ ရိ သတ် ပေး သော ငွေ ချိန် ပေါင် ကား ကျပ် ချိန် တော် အ လိုက် အ ခွက် သုံး ထောင့် ဆယ့် ခု နစ် ပိဿာ၊ ခု နစ် ဆယ့် ငါး ကျပ် ဖြစ် ၏။ Judson Bible စာရင်းဝင်သောပရိသတ်များပေးသော ငွေချိန်ပေါင်းကား၊ အကျပ်တော်အတိုင်း အခွက်တစ်ထောင်နှင့် တစ်ဆယ်ခုနစ်ပိဿာခုနစ်ဆယ်ငါးကျပ် ဖြစ်သတည်း။ |
“သင်သည် အစ္စရေးအမျိုးသားတို့ကိုရေတွက်၍ လူဦးရေစာရင်းကောက်ရာ၌ သူတို့ကိုရေတွက်စဉ် သူတို့အပေါ်ဘေးဒဏ်မကျရောက်မည့်အကြောင်း သူတို့၏အသက်ရွေးနုတ်စရာအဖိုးအခကို ထာဝရဘုရားအား အသီးသီးပေးဆောင်ရမည်။
အစ္စရေးအမျိုးသားတို့ထံမှ အပြစ်ဖြေလွှတ်ခြင်းအတွက် ငွေကိုယူ၍ ၎င်းကို တွေ့ဆုံစည်းဝေးရာတဲတော်၏အမှုတော်အတွက် အသုံးပြုရမည်။ ထိုငွေသည် သင်တို့၏အသက်အတွက် အပြစ်ဖြေလွှတ်ခြင်းဖြစ်ကြောင်း ထာဝရဘုရား၏ရှေ့တော်၌ အစ္စရေးအမျိုးသားတို့ အောက်မေ့ဖို့ရန်အတွက် ဖြစ်၏”ဟု မိန့်တော်မူ၏။
“အစ္စရေးအမျိုးသားလူထုအပေါင်းတို့ထဲမှ ယောက်ျားအားလုံး တစ်ဦးချင်းစီ၏အမည်စာရင်းကို သူတို့၏မျိုးနွယ်စုအလိုက်၊ ဘိုးဘေးတို့၏အိမ်ထောင်စုအလိုက် စာရင်းကောက်ယူလော့။
“အစ္စရေးအမျိုးသားလူထုအပေါင်းတို့ထဲမှ အသက်နှစ်ဆယ်အရွယ်နှင့်အထက်စစ်မှုထမ်းနိုင်သောသူရှိသမျှတို့ကို သူတို့ဘိုးဘေးများ၏အိမ်ထောင်စုအလိုက် စာရင်းကောက်ယူလော့”ဟု မိန့်တော်မူ၏။