သင်သည် ရွှေစင်ဖြင့်ဆီမီးခုံကို လုပ်ရမည်။ ဆီမီးခုံတိုင်၊ ဆီမီးခုံ၏အလက်၊ ခွက်များ၊ ပွင့်ဖတ်အုံများ၊ ပွင့်ဖတ်များကို တစ်သားတည်းဖြစ်အောင် ထုလုပ်ရမည်။
ထွက်မြောက် 37:20 - မြန်မာ့စံမီသမ္မာကျမ်း ဆီမီးခုံ၌လည်း ပွင့်ဖတ်အုံနှင့်ပွင့်ဖတ်ပါသော မက်မွန်ပွင့်သဏ္ဌာန်ခွက်လေးခွက်ရှိ၏။ Common Language Bible ဆီမီးတိုင်တွင်ပွင့်ဖူး၊ ပွင့်ချပ်များ ပါသော ဗာဒံပွင့်နှင့်တူသည့်အလှပန်းပွင့်လေးပွင့် ရှိလေသည်။- Garrad Bible မီး ခုံ တိုင်၌ လည်း ပွင့် ပတ်၊ ပွင့် ချပ် နှင့် တ ကွ၊ ဗာ တံ ပွင့် သ ဏ္ဌာန် ပန်း လေး ပွင့် ရှိ၏။ Judson Bible မီးခုံတိုင်၌လည်း ဘူး၊ ကြာပွင့်နှင့်တကွ ဗာတံသီးနှင့်ပုံတူသော ခွက်လေးခွက်ရှိ၏။ |
သင်သည် ရွှေစင်ဖြင့်ဆီမီးခုံကို လုပ်ရမည်။ ဆီမီးခုံတိုင်၊ ဆီမီးခုံ၏အလက်၊ ခွက်များ၊ ပွင့်ဖတ်အုံများ၊ ပွင့်ဖတ်များကို တစ်သားတည်းဖြစ်အောင် ထုလုပ်ရမည်။
အလက်တစ်ခု၌ ပွင့်ဖတ်အုံနှင့်ပွင့်ဖတ်ပါသော မက်မွန်ပွင့်သဏ္ဌာန်ခွက်သုံးခွက်ရှိရမည်။ အခြားအလက်တစ်ခု၌လည်း ပွင့်ဖတ်အုံနှင့်ပွင့်ဖတ်ပါသော မက်မွန်ပွင့်သဏ္ဌာန်ခွက်သုံးခွက်ရှိရမည်။ ဆီမီးခုံမှထွက်သောအလက်ခြောက်လက်သည် တူရမည်။
ဆီမီးခုံ၌လည်း ပွင့်ဖတ်အုံနှင့်ပွင့်ဖတ်ပါသော မက်မွန်ပွင့်သဏ္ဌာန်ခွက်လေးခွက်ရှိရမည်။
အလက်တစ်ခု၌ ပွင့်ဖတ်အုံနှင့်ပွင့်ဖတ်ပါသော မက်မွန်ပွင့်သဏ္ဌာန်ခွက်သုံးခွက်ရှိ၏။ အခြားအလက်တစ်ခု၌လည်း ပွင့်ဖတ်အုံနှင့်ပွင့်ဖတ်ပါသော မက်မွန်ပွင့်သဏ္ဌာန်ခွက်သုံးခွက်ရှိ၏။ ဆီမီးခုံမှထွက်သောအလက်ခြောက်လက်သည် တူကြ၏။
ဆီမီးခုံမှထွက်သောအလက်ခြောက်လက်တွင် အလက်တစ်စုံ၏အရင်း၌ ပွင့်ဖတ်အုံတစ်ခု၊ နောက်အလက်တစ်စုံ၏အရင်း၌ ပွင့်ဖတ်အုံတစ်ခု၊ နောက်အလက်တစ်စုံ၏အရင်း၌ ပွင့်ဖတ်အုံတစ်ခု ရှိ၏။
လူတို့သည် မြင့်သောနေရာနှင့်လမ်းပေါ်မှအန္တရာယ်များကို ကြောက်ကြလိမ့်မည်။ ဗာဒံပင်သည် ပွင့်လိမ့်မည်။ နှံကောင်သည် လေးကန်စွာလျှောက်သွားလိမ့်မည်။ အလိုရမ္မက်သည် ပယ်ဖျက်ခြင်းခံရလိမ့်မည်။ လူသည် ထာဝရအိမ်သို့သွားနေသည်ဖြစ်၍ မြည်တမ်းသောသူတို့သည် လမ်း၌ လှည့်ပတ်သွားကြလိမ့်မည်။
တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၍ “ယေရမိ၊ သင်သည် မည်သည့်အရာကိုမြင်သနည်း”ဟု မိန့်တော်မူလျှင် ငါက “ဗာဒံကိုင်းကိုမြင်ပါသည်”ဟု လျှောက်၏။
နောက်တစ်နေ့၌ မောရှေသည် သက်သေခံချက်တဲတော်ထဲသို့ ဝင်သောအခါ လေဝိအမျိုးအနွယ်၊ အာရုန်၏တောင်ဝှေးသည် အတက်ပေါက်လျက်၊ အဖူးဖူးလျက်၊ အပွင့်ပွင့်လျက်၊ ဗာဒံသီးသီးလျက်ရှိသည်ကို တွေ့လေ၏။