မောရှေသည် ဗေဇလေလနှင့် အဟောလျဘကိုလည်းကောင်း၊ ထာဝရဘုရားထံမှ ဉာဏ်ပညာရရှိသော လက်မှုအတတ်ကျွမ်းကျင်သူအပေါင်းတို့ကိုလည်းကောင်း၊ အလုပ်လာလုပ်ရန်စိတ်အားထက်သန်သောသူအပေါင်းတို့ကိုလည်းကောင်း ခေါ်လေ၏။
မောရှေသည်ဗေဇလေလနှင့် အဟောလျဘ တို့ကိုလည်းကောင်း၊ တဲတော်ဆောက်ရန်ထာဝရ ဘုရားထံမှလိုအပ်သောအတတ်ပညာကို ရရှိထားသူများနှင့် ကူညီရန်စေတနာ ထက်သန်သူအပေါင်းတို့ကိုလည်းကောင်း ဆင့်ခေါ်၍လုပ်ငန်းကိုစတင်ဆောင်ရွက် စေ၏။-
တစ် ဖန် မော ရှေ သည်၊ ဗေ ဇ လေ လ နှင့် အ ဟော လျ ဘ တို့ မှ စ၍ ဉာဏ် ပ ညာ ကို ထာ ဝ ရ ဘု ရား သွင်း ပေး တော် မူ သည့် သု ခ မိန် အ ပေါင်း တည်း ဟူ သော အ မှု အ ရေး လုပ် ဆောင် ရန် စိတ် ပါ ကိုယ် ရောက် လာ သူ အ ပေါင်း တို့ ကို ခေါ် ပြီး လျှင်၊
တစ်ဖန် မောရှေသည်၊ ဗေဇလေလ၊ အဟောလျဘကိုလည်းကောင်း၊ ထာဝရဘုရားပေးတော်မူသော ဉာဏ်သဘောကိုရ၍၊ အလုပ်လုပ်ချင်သော စေတနာစိတ်ရှိသော ပညာရှိအပေါင်းတို့ကိုလည်းကောင်း ခေါ်ပြီးလျှင်၊
ဘုရားသခင်၏အိမ်တော်အမှုရှိသမျှကို ဆောင်ရွက်သော ယဇ်ပုရောဟိတ်တို့၏အဖွဲ့၊ လေဝိလူမျိုးတို့၏အဖွဲ့နှင့် လုပ်ငန်းတိုင်းကိုကျွမ်းကျင်ပြီး စေတနာစိတ်ရှိသောသူတို့သည် သင်လုပ်ဆောင်လေရာရာတွင် သင်နှင့်အတူ လုပ်ဆောင်ကြလိမ့်မည်။ မှူးမတ်များနှင့် ပြည်သူပြည်သားအပေါင်းတို့သည်လည်း သင်ညွှန်ကြားသမျှကို လုပ်ဆောင်ပေးကြလိမ့်မည်”ဟု ဆို၏။
လက်မှုပညာသည်များ အလုပ်လုပ်ဖို့လိုအပ်သမျှ ရွှေထည်အတွက် ရွှေ၊ ငွေထည်အတွက် ငွေ များကိုလည်း လှူ၏။ ယခု ထာဝရဘုရားအဖို့ မည်သူက ကိုယ့်ကိုယ်ကို ဆက်ကပ်ပေးလှူလိုသနည်း”ဟု မိန့်တော်မူလျှင်
“ငါ့ထံသို့ အလှူပစ္စည်းကိုယူဆောင်လာကြမည့်အကြောင်း အစ္စရေးအမျိုးသားတို့အားဆင့်ဆိုလော့။ ငါ့အား စေတနာစိတ်ဖြင့်ပေးလှူသူအပေါင်းတို့ထံမှ အလှူပစ္စည်းကို သင်တို့ခံယူရမည်။
တောင်ပေါ်၌ သင့်အား ငါပြခဲ့သည့် ထိုအရာတို့၏ပုံစံအတိုင်း လုပ်ရန်သတိပြုရမည်။
အာရုန်သည် ယဇ်ပုရောဟိတ်အဖြစ် ငါ့ထံ၌အမှုတော်ကိုဆောင်ရွက်သောအခါ သန့်ရှင်းခြင်းရှိစေရန် သူဝတ်ရမည့်အဝတ်တန်ဆာကို ငါပေးသောဉာဏ်ပညာဖြင့် လက်မှုအတတ်ကျွမ်းကျင်သူအပေါင်းတို့ ချုပ်လုပ်ပေးကြမည့်အကြောင်း သင်ဆင့်ဆိုရမည်။
သူနှင့်အတူ ဒန်အမျိုးအနွယ်မှ အဟိသမတ်၏သား အဟောလျဘကိုလည်း ခန့်ထားပြီ။ လက်မှုအတတ်ကျွမ်းကျင်သူအပေါင်းတို့ထဲတွင် သူတို့အား ဉာဏ်ပညာကိုသွင်းပေးပြီဖြစ်၍ သူတို့သည် သင့်အား ငါမိန့်မှာသောအရာအားလုံးကို ပြုလုပ်ပေးနိုင်လိမ့်မည်။
သင်တို့ထဲမှ လက်မှုအတတ်ကျွမ်းကျင်သူအပေါင်းတို့သည်လည်း လာ၍ ထာဝရဘုရားမိန့်မှာတော်မူသမျှအတိုင်း
‘ခြောက်ရက်ပတ်လုံး အလုပ်လုပ်ရမည်။ သတ္တမနေ့သည် သင်တို့အဖို့ သန့်ရှင်းသောနေ့၊ ထာဝရဘုရားအဖို့ ငြိမ်ဝပ်စွာနေရသောဥပုသ်နေ့ ဖြစ်ရမည်။ ထိုနေ့၌ အလုပ်လုပ်သောသူမည်သူမဆို အသတ်ခံရမည်။
ဗေဇလေလ၊ အဟောလျဘနှင့်တကွ ထာဝရဘုရားထံတော်မှ ဉာဏ်ပညာ၊ ထိုးထွင်းဉာဏ်ရရှိ၍ သန့်ရှင်းရာဌာနဆောက်လုပ်ခြင်းနှင့်ဆိုင်သောအတတ်အမျိုးမျိုးတို့ကို သိမြင်လုပ်ဆောင်နိုင်သော လက်မှုအတတ်ကျွမ်းကျင်သူအပေါင်းတို့သည် ထာဝရဘုရားမိန့်မှာသမျှအတိုင်း လုပ်ဆောင်ကြရမည်”ဟု ဆိုလေ၏။
သူတို့သည် သန့်ရှင်းရာဌာနကိုတည်ဆောက်ခြင်းလုပ်ငန်းအတွက် အစ္စရေးအမျိုးသားတို့ယူဆောင်လာသောအလှူပစ္စည်းအားလုံးကို မောရှေထံမှ လက်ခံယူကြ၏။ အစ္စရေးအမျိုးသားတို့သည်လည်း မောရှေထံသို့ စေတနာအလျောက်လှူသောအလှူပစ္စည်းတို့ကို ဆက်လက်၍ နံနက်တိုင်းယူဆောင်လာကြ၏။
အသင်းတော်တိုင်းတွင်လည်း သူတို့အတွက် အသင်းတော်အကြီးအကဲများကိုခန့်ထား၍ အစာရှောင်လျက် ဆုတောင်းကြကာ သူတို့ယုံကြည်သောသခင်ဘုရားထံသို့ သူတို့ကိုအပ်နှံကြ၏။
အာခိပ္ပုအား “သခင်ဘုရား၌ရရှိထားသောအမှုတော်လုပ်ငန်းကို အလေးဂရုပြုလျက် ပြီးမြောက်အောင်ဆောင်ရွက်ပါ”ဟု ပြောကြားကြလော့။
ထို့ပြင် ဤဂုဏ်သရေရှိသောအရိုက်အရာကို မည်သူမျှ မိမိကိုယ်တိုင်ခံယူရရှိနိုင်သည်မဟုတ်။ အာရုန်ကဲ့သို့ ဘုရားသခင်၏ခေါ်ယူတော်မူခြင်းအားဖြင့်သာခံယူရရှိနိုင်၏။