သင်တို့သည် ပထမနေ့နှင့်သတ္တမနေ့၌ သန့်ရှင်းသောဓမ္မစည်းဝေးခြင်းကို ပြုလုပ်ရမည်။ ထိုနေ့တို့၌ လူတိုင်း စားစရာများကိုချက်ပြုတ်ခြင်းမှတစ်ပါး အခြားမည်သည့်အလုပ်ကိုမျှမလုပ်ရ။
ထွက်မြောက် 35:3 - မြန်မာ့စံမီသမ္မာကျမ်း မည်သည့်အရပ်၌ သင်တို့နေထိုင်သည်ဖြစ်စေ ဥပုသ်နေ့တွင် မီးမမွှေးရ’ဟူသော သင်တို့လိုက်နာရမည့် ပညတ်တို့ကို မိန့်မှာတော်မူပြီ”ဟု ဆိုလေ၏။ Common Language Bible ဥပုသ်နေ့တွင်သင်တို့၏နေအိမ်များ၌မီးကို ပင်မမွေးရ'' ဟုဆင့်ဆို၏။ Garrad Bible သင် တို့ နေ အိမ် များ တွင် ဥ ပုသ် နေ့၌ မီး မ မွေး ရ ဟု ဆင့် ဆို ၏။ Judson Bible သင်တို့နေရာအရပ်၌ ဥပုသ်နေ့မှာ မီးကိုမမွေးရဟု ဆင့်ဆို၏။ |
သင်တို့သည် ပထမနေ့နှင့်သတ္တမနေ့၌ သန့်ရှင်းသောဓမ္မစည်းဝေးခြင်းကို ပြုလုပ်ရမည်။ ထိုနေ့တို့၌ လူတိုင်း စားစရာများကိုချက်ပြုတ်ခြင်းမှတစ်ပါး အခြားမည်သည့်အလုပ်ကိုမျှမလုပ်ရ။
မောရှေကလည်း “ဤအရာကား ထာဝရဘုရားမိန့်ဆိုတော်မူသောအရာဖြစ်၏။ မနက်ဖြန်သည် ငြိမ်ဝပ်စွာနေရသောနေ့၊ ထာဝရဘုရား၏သန့်ရှင်းသောဥပုသ်နေ့ဖြစ်၏။ ထိုမုန့်ကို သင်တို့ဖုတ်လိုလျှင် ဖုတ်လော့။ ပြုတ်လိုလျှင် ပြုတ်လော့။ ပိုသမျှကို သင်တို့အတွက် ချန်ထားပြီး နံနက်တိုင်အောင်သိမ်းထားလော့”ဟု သူတို့အားဆို၏။
ခြောက်ရက်ပတ်လုံး သင်၏အလုပ်တို့ကိုလုပ်၍ သတ္တမနေ့၌ ငြိမ်ဝပ်စွာနေရမည်။ သို့ပြုလျှင် သင်၏နွား၊ မြည်းတို့သည် နားရ၍ သင့်ကျွန်မ၏သားနှင့်တိုင်းတစ်ပါးသားတို့သည်လည်း အနားယူခွင့်ရကြလိမ့်မည်။
ခြောက်ရက်ပတ်လုံးအလုပ်လုပ်ရမည်။ သတ္တမနေ့သည် ငြိမ်ဝပ်စွာနေရသောဥပုသ်နေ့၊ ထာဝရဘုရားအတွက် သန့်ရှင်းသောနေ့ဖြစ်၏။ ဥပုသ်နေ့၌အလုပ်လုပ်သောသူမည်သူမဆို မုချအသတ်ခံရမည်။
ငါ၏သန့်ရှင်းရာနေ့၌ မိမိအလိုသို့မလိုက်ဘဲ ဥပုသ်နေ့ကိုစောင့်ထိန်းလျှင်၊ ဥပုသ်နေ့ကို ပျော်မွေ့ရာနေ့၊ ထာဝရဘုရား၏သန့်ရှင်းသောနေ့ကို ရိုသေဖွယ်ရာနေ့ဟုခေါ်လျှင်၊ ကိုယ့်လမ်းသို့မလိုက်၊ ကိုယ့်အလိုအတိုင်းမပြု၊ ကိုယ့်အလိုအတိုင်းမပြောဘဲ ထိုနေ့ကိုရိုသေလျှင်
ခြောက်ရက်ပတ်လုံး အလုပ်လုပ်ရမည်။ သတ္တမနေ့သည် ငြိမ်ဝပ်စွာနေရသောဥပုသ်နေ့၊ သန့်ရှင်းသောဓမ္မစည်းဝေးခြင်းနေ့ဖြစ်၍ မည်သည့်အလုပ်ကိုမျှ မလုပ်ရ။ သင်တို့နေထိုင်ရာအရပ်ရပ်၌ ထိုနေ့သည် ထာဝရဘုရား၏ဥပုသ်နေ့ဖြစ်၏။