သင်သည် ဘုရားသခင်၏လျှို့ဝှက်နက်နဲသောအရာကို ရှာတွေ့နိုင်မည်လော။ အနန္တတန်ခိုးရှင်၏ပကတိအဖြစ်တော်ကို တွေ့ရှိနိုင်မည်လော။
ထွက်မြောက် 33:23 - မြန်မာ့စံမီသမ္မာကျမ်း ငါ့လက်ကိုရုပ်သိမ်းသောအခါ သင်သည် ငါ့ကျောကိုသာ မြင်ရလိမ့်မည်။ ငါ့မျက်နှာကိုကား မြင်ရမည်မဟုတ်”ဟု မိန့်တော်မူ၏။ Common Language Bible ထိုနောက်မှငါ၏လက်တော်ကိုရုပ်သိမ်းသ ဖြင့်၊ သင်သည်ငါ၏ကျောကိုဖူးမြင်ရမည်။ ငါ၏မျက်နှာကိုမူကားမဖူးရ'' ဟုမိန့် တော်မူ၏။ Garrad Bible လက် တော် ကို ကြွ ဖယ် သော အ ခါ နောက် ကို သာ ဖူး မြင် ရ မည်။ မျက် နှာ ကို ကား မ ဖူး ရ ဟု မိန့် တော် မူ ၏။ Judson Bible ငါလက်ကို သိမ်းရုပ်သောအခါ၊ ငါ့ကျောကိုသာမြင်ရမည်၊ ငါ့မျက်နှာကိုမမြင်ရဟူ၍လည်းကောင်း မိန့်တော်မူ၏။ |
သင်သည် ဘုရားသခင်၏လျှို့ဝှက်နက်နဲသောအရာကို ရှာတွေ့နိုင်မည်လော။ အနန္တတန်ခိုးရှင်၏ပကတိအဖြစ်တော်ကို တွေ့ရှိနိုင်မည်လော။
ဤအရာတို့သည် ဘုရားပြုတော်မူသောအမှုတို့တွင် အရိပ်အမြွက်မျှသာ ဖြစ်၏။ အသံတော်ကို သဲ့သဲ့လေးသာ ကြားနေရခြင်းဖြစ်၏။ တန်ခိုးတော်ထစ်ချုန်းသံကို မည်သူနားလည်နိုင်မည်နည်း”ဟု ဆိုလေ၏။
တစ်ဖန် ထာဝရဘုရားက “ငါ့ကိုမြင်သောသူသည် အသက်မရှင်ရ။ သို့ဖြစ်၍ သင်သည် ငါ့မျက်နှာကို မမြင်နိုင်”ဟု မိန့်တော်မူ၏။
ဘုရားသခင်ကို မည်သူမျှမမြင်ဖူးသော်လည်း ခမည်းတော်၏ရင်ခွင်၌ရှိသည့် တစ်ပါးတည်းသောသားတော်ဘုရားသည် ဘုရားသခင်ကို ထင်ရှားစေတော်မူပြီ။
ယခု ငါတို့သည် မှန်အားဖြင့် မှုန်ဝါးဝါးသာမြင်ရကြ၏။ ထိုအခါ၌မူကား မျက်ဝါးထင်ထင်မြင်ရကြလိမ့်မည်။ ယခု ငါသည် တစ်စိတ်တစ်ဒေသမျှသာသိ၏။ သို့သော် ငါ့ကိုစုံလင်စွာသိတော်မူသကဲ့သို့ ထိုအခါ၌မူကား ငါသည်လည်း စုံလင်စွာသိရလိမ့်မည်။
ကိုယ်တော်တစ်ပါးတည်းသာလျှင် သေခြင်းနှင့်ကင်းသောအဖြစ်၌ရှိလျက် ချဉ်းကပ်၍မရသောအလင်း၌ ကိန်းဝပ်တော်မူ၏။ လူတို့တွင် မည်သူတစ်ဦးတစ်ယောက်မျှ ကိုယ်တော်ကိုမမြင်ဖူးသကဲ့သို့ မြင်လည်းမမြင်နိုင်ပေ။ ထိုဘုရားသခင်၌ ဂုဏ်သရေနှင့်ထာဝရတန်ခိုးအရှိန်အဝါရှိတော်မူပါစေသော။ အာမင်။