ထွက်မြောက် 32:17 - မြန်မာ့စံမီသမ္မာကျမ်း ယောရှုသည် ကျယ်လောင်စွာအော်ဟစ်နေသောလူတို့၏အသံကိုကြားသောအခါ မောရှေအား “တပ်စခန်းထဲ၌ စစ်တိုက်သံပါတကား”ဟု ဆိုလေ၏။ Common Language Bible ယောရှုသည်လူများ၏ကြွေးကြော်သံကို ကြားရသောအခါ၊ မောရှေအား``စခန်းထဲ ၌တပ်လှန့်သံကိုကြားရပါသည်တကား'' ဟုဆို၏။- Garrad Bible လူ မျိုး ကြွေး ကြော် သံ ကို ကြား လျှင်၊ ယော ရှု က၊ တပ် စား ခန်း ၌ စစ် သံ ပါ တ ကား ဟု မော ရှေ အား ဆို သော်၊ Judson Bible လူများကြွေးကြော်သံကို ယောရှုသည်ကြားလျှင်၊ တပ်၌စစ်တိုက်သံကို ကြားပါသည်ဟု မောရှေအားဆို၏။ |
တံပိုးမှုတ်လိုက်သည်နှင့် ဟီးကနဲအော်မြည်တတ်၏။ တိုက်ပွဲထဲမှ တပ်မှူးတို့၏စစ်ငြာသံနှင့် ကြွေးကြော်သံတို့ကို အဝေးမှ အာရုံရတတ်၏။
လူမျိုးအပေါင်းတို့၊ လက်ခုပ်တီးကြလော့။ ရွှင်လန်းစွာကြွေးကြော်သောအသံဖြင့် ဘုရားသခင်ထံသို့ ဝမ်းမြောက်စွာကြွေးကြော်ကြလော့။
ထို့ကြောင့် မောရှေက ယောရှုအား “ငါတို့အတွက် လူတို့ကိုရွေးချယ်ပြီးလျှင် အာမလက်လူမျိုးတို့ကို ထွက်၍တိုက်လော့။ မနက်ဖြန်၌ ငါသည် ဘုရားသခင်၏တောင်ဝှေးကို ကိုင်လျက် တောင်ကုန်းထိပ်တွင်ရပ်နေမည်”ဟု ဆိုလေ၏။
ထိုအခါ မောရှေသည် မိမိလက်ထောက်ယောရှုနှင့်အတူထသွား၏။ မောရှေသည် ဘုရားသခင်၏တောင်တော်ပေါ်သို့တက်သွား၏။
ထိုကျောက်ပြားတို့သည် ဘုရားသခင်၏လက်ရာတော်ကျောက်ပြားများဖြစ်၏။ ကျောက်ပြားတို့အပေါ်၌ ကမ္ပည်းထိုးထားသောစာသည်လည်း ဘုရားသခင်၏စာဖြစ်၏။
မောရှေက “အောင်မြင်မှုရ၍ကြွေးကြော်သောအသံ မဟုတ်၊ ရှုံးနိမ့်၍အော်ဟစ်သောအသံလည်း မဟုတ်။ ငါကြားသောအသံကား သီချင်းဆိုသံဖြစ်၏”ဟု ပြန်ပြော၏။
နောက်တစ်နေ့၌ လူတို့သည် စောစောထ၍ မီးရှို့ရာယဇ်ကိုပူဇော်၏။ မိတ်သဟာယယဇ်ကိုဆက်ကပ်ကြ၏။ ထို့နောက် ထိုင်၍စားသောက်ကြ၏။ ထ၍လည်းကခုန်ပျော်ပါးကြ၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “အကယ်စင်စစ် သင့်နေရာသို့ ကျိုင်းကောင်ကဲ့သို့ လူအုပ်ကြီးကို ရောက်လာစေမည်။ သူတို့သည် စစ်အောင်သံကို ကြွေးကြော်ကြလိမ့်မည်”ဟု ကိုယ့်ကိုယ်ကိုယ် တိုင်တည်၍ကျိန်ဆိုတော်မူပြီ။
ထို့ကြောင့် စစ်ဖြစ်သည့်နေ့တွင်ကြွေးကြော်သောအသံနှင့်အတူ၊ လေပြင်းကျသည့်နေ့တွင်တိုက်သောမုန်တိုင်းနှင့်အတူ ငါသည် ရဗ္ဗာမြို့ရိုးကို မီးရှို့၍ ခံတပ်တို့ကိုပါ လောင်ကျွမ်းစေမည်။
ထို့ကြောင့် ငါသည် မောဘပြည်အပေါ် မီးကိုလွှတ်၍ ကေရုတ်ခံတပ်တို့ကိုပါ လောင်ကျွမ်းစေမည်။ မောဘပြည်သည် မြည်ဟည်းသံများ၊ ကြွေးကြော်သံများ၊ တံပိုးမှုတ်သံများကြားတွင်ပင် ကျဆုံးသွားရလိမ့်မည်။
ယောရှုက လူတို့အား “ ‘ကြွေးကြော်ကြလော့’ဟု ငါအမိန့်မပေးမချင်း သင်တို့မကြွေးကြော်ရ။ အသံမပြုရ။ နှုတ်မှ စကားတစ်ခွန်းမျှ မထွက်ရ။ ငါအမိန့်ပေးမည့်နေ့ရောက်မှ သင်တို့ကြွေးကြော်ရမည်”ဟု မှာကြား၏။
ခုနစ်ပတ်မြောက်တွင် ယဇ်ပုရောဟိတ်တို့ တံပိုးမှုတ်သောအခါ ယောရှုက လူတို့အား “ကြွေးကြော်ကြလော့။ ထာဝရဘုရားသည် ဤမြို့ကို သင်တို့အား ပေးတော်မူပြီ။
ဤသို့ဖြင့် လူအပေါင်းတို့သည်လည်း ကြွေးကြော်ကြ၏။ ယဇ်ပုရောဟိတ်တို့သည် တံပိုးမှုတ်ကြ၏။ လူတို့သည် တံပိုးမှုတ်သံကို ကြားရသည်နှင့် ကျယ်လောင်စွာကြွေးကြော်ကြရာ မြို့ရိုးကြီး ပြိုကျသွားကုန်၏။ လူတို့ကလည်း မြို့ထဲသို့ တန်းတန်းမတ်မတ်ဝင်၍ မြို့ကိုသိမ်းပိုက်လေ၏။
ယဇ်ပုရောဟိတ်တို့သည် တံပိုးကိုသံရှည်ဆွဲ၍မှုတ်ရမည်။ တံပိုးမှုတ်သံကိုကြားသောအခါ လူအုပ်ကြီးသည် ကျယ်လောင်စွာအော်ဟစ်ရမည်။ ထိုအခါ မြို့ရိုးကြီး ပြိုကျလိမ့်မည်။ လူတိုင်း မြို့ထဲသို့ တန်းတန်းမတ်မတ် ဝင်သွားရမည်”ဟု မိန့်တော်မူ၏။
ရှံဆုန်သည် လေဟိအရပ်သို့ရောက်လာသောအခါ ဖိလိတ္တိလူမျိုးတို့သည် သူ့ကိုတိုက်ခိုက်ရန် ကြွေးကြော်ကြ၏။ ထိုအခါ ထာဝရဘုရား၏ဝိညာဉ်တော်သည် သူ့အပေါ်ရုတ်ခြည်းသက်ရောက်တော်မူသဖြင့် သူ့လက်၌ချည်နှောင်ထားသောကြိုးတို့သည် မီးကျွမ်းသွားသောချည်ကြိုးကဲ့သို့ဖြစ်ပြီး ထိုလက်၌ ချည်ထားသောကြိုးတို့ ပြေသွားလေ၏။
ဒါဝိဒ်သည် နံနက်စောစောထ၍ မိမိသိုးအုပ်ကို သိုးထိန်းတစ်ဦးနှင့် အပ်ထားခဲ့ပြီးလျှင် ဖခင်ယေရှဲမှာလိုက်သည့်အတိုင်း စားစရာများကို ယူ၍ ထွက်သွား၏။ သူသည် တပ်စခန်းသို့ရောက်သောအခါ စစ်သည်တို့သည် စစ်မြေပြင်သို့ ချီတက်ပြီး စစ်ငြာသံပေးလျက်
ထိုအခါ အစ္စရေးအမျိုးသားနှင့်ယုဒအမျိုးသားတို့သည် ထ၍ကြွေးကြော်လျက် ဖိလိတ္တိလူမျိုးတို့ကို ချိုင့်ဝှမ်းတိုင်အောင်လည်းကောင်း၊ ဧကြုန်မြို့တံခါးတိုင်အောင်လည်းကောင်း လိုက်လံတိုက်ခိုက်ကြရာ အသတ်ခံရသောဖိလိတ္တိလူမျိုးတို့သည် ရှာရိမ်မြို့မှစ၍ ဂါသမြို့နှင့်ဧကြုန်မြို့တိုင်အောင် လမ်းတစ်လျှောက်တွင် လဲကျလျက်ရှိနေကြ၏။