ကြာရှည်တည်တံ့ရန် သံကညစ်နှင့် ခဲတို့ဖြင့် ကျောက်ပြားပေါ်တွင် ကမ္ပည်းထိုးထားစေချင်ပါ၏။
ထွက်မြောက် 32:16 - မြန်မာ့စံမီသမ္မာကျမ်း ထိုကျောက်ပြားတို့သည် ဘုရားသခင်၏လက်ရာတော်ကျောက်ပြားများဖြစ်၏။ ကျောက်ပြားတို့အပေါ်၌ ကမ္ပည်းထိုးထားသောစာသည်လည်း ဘုရားသခင်၏စာဖြစ်၏။ Common Language Bible ထိုကျောက်ပြားများနှင့်ကျောက်ပြားများပေါ် ရှိအက္ခရာတို့သည် ဘုရားသခင်၏လက်ရာ တော်ဖြစ်သတည်း။ Garrad Bible ထို ကျောက် ပြား များ ကား ဘု ရား သ ခင် ပြု ပြင် တော် မူ သော ကျောက် ပြား၊ စာ လည်း ဘု ရား သ ခင် ရေး တင် တော် မူ သော စာ ဖြစ် သ တည်း။ Judson Bible ထိုကျောက်ပြားတို့သည် ဘုရားသခင်ဖန်ဆင်းတော်မူသောကျောက်ပြား၊ စာသည်လည်း ဘုရားသခင်အက္ခရာတင်တော်မူသောစာ ဖြစ်သတည်း။ |
ကြာရှည်တည်တံ့ရန် သံကညစ်နှင့် ခဲတို့ဖြင့် ကျောက်ပြားပေါ်တွင် ကမ္ပည်းထိုးထားစေချင်ပါ၏။
ဤသို့ သိနာတောင်ပေါ်၌ ဘုရားသခင်သည် မောရှေအား မိန့်ဆိုတော်မူပြီးနောက် လက်ချောင်းတော်ဖြင့် အက္ခရာတင်ထားသောသက်သေခံချက်ကျောက်ပြားနှစ်ချပ်ကို သူ့အား ပေးအပ်တော်မူ၏။
မောရှေသည် သူ၏လက်ထဲ၌ ဟိုဘက်၊ သည်ဘက် မျက်နှာပြင်နှစ်ဖက်စလုံး အက္ခရာတင်ထားသည့်သက်သေခံချက်ကျောက်ပြားနှစ်ချပ်ကိုကိုင်လျက် လှည့်၍ တောင်ပေါ်မှဆင်းသွားလေ၏။
ယောရှုသည် ကျယ်လောင်စွာအော်ဟစ်နေသောလူတို့၏အသံကိုကြားသောအခါ မောရှေအား “တပ်စခန်းထဲ၌ စစ်တိုက်သံပါတကား”ဟု ဆိုလေ၏။
တစ်ဖန် ထာဝရဘုရားက မောရှေအား “ယခင်ကျောက်ပြားတို့နှင့်တူသောကျောက်ပြားနှစ်ချပ်ကို သင်ထုဆစ်လော့။ သင်ချိုးဖျက်လိုက်သော ယခင်ကျောက်ပြားတို့၌ပါသည့် နှုတ်ကပတ်တော်အတိုင်း ထိုကျောက်ပြားတို့ပေါ်၌ ငါအက္ခရာတင်ထားမည်။
သို့ဖြစ်၍ မောရှေသည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ယခင်ကျောက်ပြားတို့နှင့်တူသော ကျောက်ပြားနှစ်ချပ်ကိုထုဆစ်ပြီး နံနက်စောစောထ၍ သိနာတောင်ပေါ်သို့တက်သွား၏။ သူ၏လက်ထဲ၌လည်း ကျောက်ပြားနှစ်ချပ်ကို ယူဆောင်သွား၏။
သင်တို့သည် ငါတို့ပြုစုသော ခရစ်တော်၏စာဖြစ်ကြောင်း ထင်ရှားလျက်ရှိ၏။ ထိုစာကို မင်အားဖြင့်မဟုတ်ဘဲ အသက်ရှင်တော်မူသောဘုရားသခင်၏ဝိညာဉ်တော်အားဖြင့် ရေးထားခြင်းဖြစ်ပြီး ကျောက်ပြားပေါ်၌မဟုတ်ဘဲ လူ၏နှလုံးသားပြင်ပေါ်၌ရေးထားခြင်းဖြစ်၏။
ကျောက်ပြားပေါ်ရေးထွင်း၍ အက္ခရာတင်ထားသော သေခြင်းနှင့်ဆိုင်သည့် အမှုပင်လျှင် ဘုန်းအသရေဖြင့်ရောက်လာ၍ မောရှေ၏မျက်နှာမှထွက်သော မှေးမှိန်သွားသည့်ဘုန်းအသရေကြောင့် အစ္စရေးအမျိုးသားတို့သည် သူ၏မျက်နှာကို စေ့စေ့မကြည့်နိုင်ခဲ့ကြသည်ဆိုလျှင်
ထိုအချိန်၌ ထာဝရဘုရားက ငါ့အား ‘ယခင်ကျောက်ပြားနှင့်တူသောကျောက်ပြားနှစ်ချပ်ကို ထုဆစ်ပြီးလျှင် ငါရှိရာ တောင်ပေါ်သို့ တက်လာလော့။ သစ်သားသေတ္တာကိုလည်း လုပ်လော့။
ငါသည်လည်း လက်နှစ်ဖက်၌ ပဋိညာဉ်ကျောက်ပြားနှစ်ချပ်ကိုင်လျက် မီးတောက်လောင်နေသောတောင်ပေါ်မှ လှည့်၍ဆင်းလာခဲ့၏။
ထာဝရဘုရားက “ထိုနေ့ရက်များနောက်တွင် အစ္စရေးအမျိုးနှင့် ငါပြုမည့်ပဋိညာဉ်ကား ဤသို့တည်း။ ငါသည် ငါ၏ပညတ်တရားတို့ကို သူတို့၏အသိဉာဏ်ထဲတွင် ထည့်သွင်း၍ သူတို့၏စိတ်နှလုံးပေါ်မှာ ရေးထားမည်။ ငါသည် သူတို့၏ဘုရားဖြစ်ပြီး သူတို့သည်လည်း ငါ၏လူမျိုးတော်ဖြစ်ကြလိမ့်မည်။