သို့သော် မောရှေက ဘုရားသခင်အား “အကျွန်ုပ်သည် မည်သို့သောသူဖြစ်၍ ဖာရောမင်းကြီးထံသွားပြီး အစ္စရေးအမျိုးသားတို့ကို အီဂျစ်ပြည်မှ ထုတ်ဆောင်လာရမည်နည်း”ဟု လျှောက်လေ၏။
မောရှေကထာဝရဘုရားအား``အကျွန်ုပ် သည်သာမညလူတစ်ယောက်သာဖြစ်ပါ၏။ ဖာရောဘုရင်ထံသို့ဝင်ပြီးလျှင်ဣသရေလ အမျိုးသားတို့ကို အီဂျစ်ပြည်မှထုတ်ဆောင် သည့်ကိစ္စကိုအဘယ်သို့ဆောင်ရွက်နိုင်ပါမည် နည်း'' ဟုလျှောက်၏။
မော ရှေ က လည်း၊ ဖာ ရော မင်း ထံ ဝင်၍ ဣ သ ရေ လ အ မျိုး သား တို့ ကို အိ ဂျစ် ပြည် မှ ထုတ် ဆောင် နိုင် ရန် အ ကျွန်ုပ် ကား မည် သူ နည်း ဟု ဘု ရား သ ခင် အား ပြန် လျှောက် လျှင်၊ သင် နှင့် အ တူ ငါ ရှိ မည်။
မောရှေကလည်း၊ အကျွန်ုပ်သည်အဘယ်သို့သောသူဖြစ်၍၊ ဖာရောဘုရင်ထံသို့ ဝင်သဖြင့်၊ ဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှနုတ်ဆောင်ရပါမည်နည်းဟု ဘုရားသခင်အားလျှောက်လျှင်၊
ထိုအခါ ဒါဝိဒ်မင်းကြီးသည် ထာဝရဘုရားရှေ့တော်သို့တိုးဝင်၍ ထိုင်ပြီးလျှင် “အို ဘုရားရှင်ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို ဤမျှလောက် ချီးမြှောက်တော်မူမည့်အကြောင်း အကျွန်ုပ်ကား မည်သူဖြစ်၍ အကျွန်ုပ်အမျိုးအနွယ်သည်လည်း မည်သို့သောအမျိုးအနွယ်ဖြစ်ပါသနည်း။
အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သည် ကိုယ်တော့်အစေအပါးအား ခမည်းတော်ဒါဝိဒ်မင်းကြီး၏အရိုက်အရာကို ဆက်ခံစေပြီ။ အကျွန်ုပ်သည် ငယ်ရွယ်သေးသောကြောင့် မည်သို့သွားလာပြုမူရမည်ကို မသိသေးပါ။
ဤများပြားလှသောကိုယ်တော်၏လူမျိုးတော်ကို မည်သူအုပ်ချုပ်နိုင်ပါမည်နည်း။ ထို့ကြောင့် ကိုယ်တော့်အစေအပါးအား ကိုယ်တော်၏လူမျိုးတော်ကို စီရင်အုပ်ချုပ်နိုင်ရန်နှင့် အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားနိုင်ရန်အတွက် သိနားလည်နိုင်သောနှလုံးသားကို ပေးတော်မူပါ”ဟု တောင်းလျှောက်၏။
အကျွန်ုပ်တို့အား ဤမျှလောက်စေတနာစိတ်နှင့်ပေးလှူနိုင်ခွင့်ကိုပေးသနားသည်မှာ အကျွန်ုပ်ကား မည်သူဖြစ်ပါသနည်း။ အကျွန်ုပ်၏လူတို့ကား မည်သူတို့ဖြစ်ကြပါသနည်း။ အရာခပ်သိမ်းတို့သည် ကိုယ်တော့်ထံမှဖြစ်၍ ကိုယ်တော်ပိုင်သမျှကို အကျွန်ုပ်တို့ ပြန်လည်ပေးလှူကြပါ၏။
မောရှေက “အစ္စရေးအမျိုးသားများပင် အကျွန်ုပ်စကားကိုနားမထောင်လျှင် ဖာရောမင်းကြီးသည် နှုတ်လေးသောသူ အကျွန်ုပ်၏စကားကို မည်သို့နားထောင်ပါမည်နည်း”ဟု ထာဝရဘုရား၏ရှေ့တော်၌ ပြန်လျှောက်လေ၏။
ငါကလည်း “အို၊ ဘုရားရှင်ထာဝရဘုရား အကျွန်ုပ်သည် သူငယ်သာဖြစ်၍ မပြောမဆိုတတ်ပါ”ဟု ပြန်လျှောက်၏။
အချို့သောသူတို့အတွက် သေခြင်းသို့ပို့ဆောင်သည့် သေခြင်း၏ရနံ့ဖြစ်ကြပြီး အချို့သောသူတို့အတွက်ကား အသက်ရှင်ခြင်းသို့ပို့ဆောင်သည့် အသက်ရှင်ခြင်း၏ရနံ့ဖြစ်ကြ၏။ သို့ဖြစ်လျှင် ဤအမှုအရာများနှင့် မည်သူသည် ထိုက်တန်သနည်း။
ထိုသို့ဆိုသော် တစ်စုံတစ်ခုသည် ငါတို့ထံမှဖြစ်လာသည်ဟု သတ်မှတ်နိုင်ရန် ငါတို့၌အစွမ်းအစရှိသည်ဟုမဆိုလို။ ငါတို့၏အစွမ်းအစသည် ဘုရားသခင်ထံမှသာဖြစ်၏။
ဂိဒေါင်ကလည်း “အို ဘုရားရှင်၊ အကျွန်ုပ်သည် အစ္စရေးလူမျိုးကို မည်သို့ကယ်တင်နိုင်ပါမည်နည်း။ မနာရှေအမျိုးအနွယ်တွင် အကျွန်ုပ်၏မျိုးနွယ်စုသည် အဆင်းရဲဆုံးဖြစ်ပါ၏။ အကျွန်ုပ်၏မိသားစုတွင် အကျွန်ုပ်သည် အသိမ်ငယ်ဆုံးဖြစ်ပါ၏”ဟု ပြန်လျှောက်၏။
သို့သော် ဒါဝိဒ်က ရှောလုမင်းကြီးအား “အစ္စရေးလူမျိုးတို့တွင် အကျွန်ုပ်အပါအဝင် အကျွန်ုပ်၏မိသားစုနှင့် အကျွန်ုပ်ဖခင်၏မျိုးနွယ်စုကား မည်သူများဖြစ်၍ အကျွန်ုပ်သည် အရှင်မင်းကြီး၏သမက်တော်ဖြစ်ရပါမည်နည်း”ဟု ပြန်လျှောက်၏။