၁ ရာ 18:18 - မြန်မာ့စံမီသမ္မာကျမ်း18 သို့သော် ဒါဝိဒ်က ရှောလုမင်းကြီးအား “အစ္စရေးလူမျိုးတို့တွင် အကျွန်ုပ်အပါအဝင် အကျွန်ုပ်၏မိသားစုနှင့် အကျွန်ုပ်ဖခင်၏မျိုးနွယ်စုကား မည်သူများဖြစ်၍ အကျွန်ုပ်သည် အရှင်မင်းကြီး၏သမက်တော်ဖြစ်ရပါမည်နည်း”ဟု ပြန်လျှောက်၏။ အခန်းကိုကြည့်ပါ။Common Language Bible18 ဒါဝိဒ်က``အကျွန်ုပ်၏အမျိုးအနွယ်သည် အဘယ်သို့သောအမျိုးအနွယ်၊ အကျွန်ုပ် သည်လည်းအဘယ်သို့သောသူဖြစ်သဖြင့် ဘုရင်၏သမက်တော်ဖြစ်ထိုက်ပါသနည်း'' ဟုလျှောက်၏။- အခန်းကိုကြည့်ပါ။Garrad Bible18 ဒါ ဝိဒ် က၊ ကျွန် တော် သည် သ မက် တော် ဖြစ် ရန် ဣ သ ရေ လ နိုင် ငံ တွင် အ ခြေ အ နေ နှင့် ဆွေ သား ချင်း တို့ ကား မည် သို့ ပါ နည်း ဟု ပြန် လျှောက် လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible18 ဒါဝိဒ်ကလည်း၊ ကျွန်တော်သည် ရှင်ဘုရင်၏သမက်တော်ဖြစ်ရပါမည်အကြောင်း အဘယ်သို့သောသူ ဖြစ်ပါသနည်း။ ကျွန်တော်အသက်နှင့် ကျွန်တော် အဆွေအမျိုးသည်၊ ဣသရေလနိုင်ငံ၌ အဘယ်သို့ မြတ်ပါသနည်းဟု ရှောလုအား လျှောက်၏။ အခန်းကိုကြည့်ပါ။ |
ရှောလုကလည်း “အကျွန်ုပ်အမျိုးအနွယ်သည် အစ္စရေးအမျိုးအနွယ်တို့တွင် အငယ်ဆုံးဖြစ်သောဗင်္ယာမိန်အမျိုးအနွယ်မှ ဖြစ်သည်မဟုတ်လော။ အကျွန်ုပ်၏မျိုးနွယ်စုသည်လည်း ဗင်္ယာမိန်မျိုးနွယ်စုအပေါင်းတို့တွင် အသိမ်ငယ်ဆုံးမျိုးနွယ်စု ဖြစ်သည်မဟုတ်လော။ ယခု အကျွန်ုပ်အား အဘယ်ကြောင့် ဤစကားများကိုပြောသနည်း”ဟု ပြန်ပြော၏။