ဤည၌ပင် အသားကိုမီးကင်၍ တဆေးမဲ့မုန့်နှင့်ခါးသောဟင်းရွက်တို့ဖြင့် စားရမည်။
ထွက်မြောက် 29:2 - မြန်မာ့စံမီသမ္မာကျမ်း တဆေးမဲ့မုန့်၊ ဆီနှင့်ရောသောတဆေးမဲ့မုန့်ဝိုင်း၊ ဆီနှင့်လူးသောတဆေးမဲ့မုန့်ကြွပ်တို့ကို အကောင်းဆုံးဂျုံမှုန့်ဖြင့်လုပ်ပြီးလျှင် Common Language Bible ဆီပါသောမုန့်၊ ဆီလူးသောမုန့်ချပ်တို့ကို လည်းယူလော့။ ထိုမုန့်များကိုတဆေးမပါ သောအကောင်းဆုံးဂျုံမုန့်ညက်ဖြင့်ပြုလုပ် ရမည်။- Garrad Bible မုန့် လုံး၊ ဆီ ရော သော မုန့် ပေါက်၊ ဆီ လူး သော မုန့် ချပ် များ ကို တ ဆေး မဲ့ ဂျုံ မုန့် ညက် နှင့် ပေါင်း ၍၊ Judson Bible တဆေးမပါသောဂျုံမုန့်၊ တဆေးမပါဘဲ ဆီနှင့်လုပ်သောဂျုံမုန့်ပြား၊ တဆေးမပါဘဲ ဆီနှင့်လုပ်သောဂျုံမုန့်ကြွပ်တို့ကိုလည်းကောင်း ယူရမည်။ |
ဤည၌ပင် အသားကိုမီးကင်၍ တဆေးမဲ့မုန့်နှင့်ခါးသောဟင်းရွက်တို့ဖြင့် စားရမည်။
ထာဝရဘုရားရှေ့တော်ရှိ တဆေးမဲ့မုန့်တောင်းထဲမှ မုန့်တစ်လုံး၊ ဆီရောသောမုန့်ဝိုင်းတစ်ခုနှင့် မုန့်ကြွပ်တစ်ခုကိုယူရမည်။
တောင်းတစ်လုံးထဲ၌ထည့်၍ ထိုတောင်းထဲရှိမုန့်များနှင့်အတူ နွားထီးတစ်ကောင်နှင့်သိုးထီးနှစ်ကောင်ကို ယူဆောင်ခဲ့ရမည်။
၎င်းပေါ်တွင် ဆီထည့်၍ လော်ဗန်ကို တင်ထားရမည်။ ဤသည်ကား ဘောဇဉ်ပူဇော်သက္ကာ ဖြစ်၏။
ဆီဖြင့်ရောသည်ဖြစ်စေ၊ မရောသည်ဖြစ်စေ ဘောဇဉ်ပူဇော်သက္ကာရှိသမျှကို အာရုန်၏သားအပေါင်းတို့ ညီတူညီမျှ ပိုင်၏။
မိတ်သဟာယယဇ်ကို ကျေးဇူးတော်ချီးမွမ်းခြင်းအတွက် ပူဇော်လိုလျှင် ကျေးဇူးတော်ချီးမွမ်းရာပူဇော်သက္ကာနှင့်အတူ ဆီနှင့်ရောသောတဆေးမဲ့မုန့်ဝိုင်း၊ ဆီနှင့်လူးသောတဆေးမဲ့မုန့်ကြွပ်၊ အကောင်းဆုံးဂျုံမှုန့်ကိုဆီနှင့်နယ်၍ လုပ်ထားသောမုန့်ဝိုင်းကို ပူဇော်ရမည်။
“အာရုန်နှင့်သူ၏သားများ၊ အဝတ်တန်ဆာများ၊ ဘိသိက်ဆီ၊ အပြစ်ဖြေရာယဇ်ဖြစ်သောနွားထီးတစ်ကောင်၊ သိုးထီးနှစ်ကောင်၊ တဆေးမဲ့မုန့်တောင်းကို ယူဆောင်လာပြီး
ထာဝရဘုရားရှေ့တော်ရှိ တဆေးမဲ့မုန့်တောင်းထဲမှ တဆေးမဲ့မုန့်ဝိုင်းတစ်ခု၊ ဆီရောသောမုန့်ကွင်းတစ်ခုနှင့် မုန့်ကြွပ်တစ်ခု စသည်တို့ကိုယူ၍ အဆီနှင့်ယာဘက်ပေါင်ပေါ်၌ တင်၏။
အကောင်းဆုံးဂျုံမှုန့်ကို ဆီဖြင့်ရော၍လုပ်ထားသည့် တဆေးမဲ့မုန့်လုံးနှင့် ဆီလူးထားသည့်တဆေးမဲ့မုန့်ကြွပ် တစ်တောင်းကို ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာတို့နှင့်အတူ ထာဝရဘုရားထံ ယူဆောင်လာရမည်။
နာဇရိလူဖြစ်ခြင်းနှင့်ဆိုင်သော သူ၏ခေါင်းကိုရိတ်ပြီးနောက် ယဇ်ပုရောဟိတ်သည် ပြုတ်ထားသောသိုးထီးပခုံးနှင့် တောင်းထဲမှ တဆေးမဲ့မုန့်ဝိုင်းတစ်ခု၊ တဆေးမဲ့မုန့်ကြွပ်တစ်ခုကို ယူ၍ သူ၏လက်ထဲသို့ ထည့်ရမည်။
သင်တို့သည် တဆေးမဲ့ဖြစ်ကြသည်နှင့်အညီ အသစ်သောမုန့်ညက်ဖြစ်နိုင်ရန် တဆေးဟောင်းကိုဖယ်ရှားကြလော့။ အကြောင်းမူကား ငါတို့၏ပသခါပွဲတော်အတွက် သိုးသငယ်တည်းဟူသောခရစ်တော်သည် အသေသတ်ခြင်းကိုခံခဲ့ရလေပြီ။