အကျွန်ုပ်သည် ရေကဲ့သို့သွန်ချခြင်းခံရ၍ အကျွန်ုပ်၏အရိုးအဆစ်ရှိသမျှတို့သည် ပြုတ်ကုန်ပါ၏။ အကျွန်ုပ်၏နှလုံးသည် ဖယောင်းကဲ့သို့ဖြစ်၍ အကျွန်ုပ်ရင်ထဲ၌ အရည်ပျော်သွားပါ၏။
ထွက်မြောက် 29:13 - မြန်မာ့စံမီသမ္မာကျမ်း အူကိုဖုံးနေသည့်အဆီရှိသမျှကိုလည်းကောင်း၊ အသည်းပေါ်မှအဆီပျဉ်ကိုလည်းကောင်း၊ ကျောက်ကပ်နှစ်ခုနှင့်ထိုကျောက်ကပ်နှစ်ခုအပေါ်ရှိအဆီကိုလည်းကောင်း ယူ၍ ယဇ်ပလ္လင်ပေါ်၌ရှို့ရမည်။ Common Language Bible ထိုနောက်နွားဝမ်းတွင်းသားမှအဆီရှိသမျှ၊ အသဲမှအဆီ၊ ကျောက်ကပ်နှစ်လုံးနှင့်တကွ အဆီတို့ကို၊ ယဇ်ပလ္လင်ပေါ်တွင်မီးရှို့ပူဇော် ရမည်။- Garrad Bible ဝမ်း တွင်း ၌ ဖုံး လွှမ်း သော ဆီ ဥ ရှိ သ မျှ အ သည်း ဆိုင် ရာ အ ညှို့၊ ကျောက် ကပ် တစ် စုံ နှင့် တ ကွ ဆီ ဥ များ ကို ယူ၍ ပ လ္လင် တော် ပေါ် မှာ မီး ဖြင့် ပူ ဇော် ခြင်း၊ Judson Bible အအူကိုဖုံးသောဆီဥရှိသမျှ၊ အသည်းပေါ်၌ရှိသောအမြှေး၊ ကျောက်ကပ်နှစ်ခုနှင့် ကျောက်ကပ်ဆီဥကိုယူ၍ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ |
အကျွန်ုပ်သည် ရေကဲ့သို့သွန်ချခြင်းခံရ၍ အကျွန်ုပ်၏အရိုးအဆစ်ရှိသမျှတို့သည် ပြုတ်ကုန်ပါ၏။ အကျွန်ုပ်၏နှလုံးသည် ဖယောင်းကဲ့သို့ဖြစ်၍ အကျွန်ုပ်ရင်ထဲ၌ အရည်ပျော်သွားပါ၏။
အစိမ်းလိုက်ဖြစ်စေ၊ ရေဖြင့်ပြုတ်၍ဖြစ်စေ မစားရ။ ဦးခေါင်းနှင့်တကွ ခြေထောက်နှင့် အူတို့ကို မီးကင်ပြီးမှစားရမည်။
ထိုသိုးထီးတစ်ကောင်လုံးကို ယဇ်ပလ္လင်ပေါ်၌ ရှို့ရမည်။ ဤသည်ကား ထာဝရဘုရားအဖို့ မီးရှို့ရာယဇ်၊ ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သောမွှေးကြိုင်သည့်ရနံ့ဖြစ်၏။
ထိုသိုးထီးသည် အရိုက်အရာခန့်အပ်ခြင်းဆိုင်ရာသိုးထီးဖြစ်သောကြောင့် ထိုသိုးထီး၏အဆီနှင့်အမြီးပိုင်းအဆီကိုလည်းကောင်း၊ အူကိုဖုံးနေသည့်အဆီနှင့် အသည်းပေါ်မှအဆီပျဉ်ကိုလည်းကောင်း၊ ကျောက်ကပ်နှစ်ခုနှင့် ၎င်းတို့ပေါ်ရှိအဆီကိုလည်းကောင်း၊ ယာဘက်ပေါင်ကိုလည်းကောင်း ယူရမည်။
ထိုအရာတို့ကို သူတို့၏လက်ထဲမှခံယူ၍ ထာဝရဘုရားရှေ့တော်၌ မွှေးကြိုင်သောရနံ့အဖြစ် ယဇ်ပလ္လင်ပေါ်ရှိ မီးရှို့ရာယဇ်ပေါ်၌ ရှို့ရမည်။ ဤသည်ကား ထာဝရဘုရားထံ မီးဖြင့်ပူဇော်သောယဇ်ဖြစ်၏။
ထာဝရဘုရားက “သင်တို့၏များစွာသောယဇ်တို့သည် ငါ့အတွက်မည်သည့်အကျိုးရှိသနည်း။ မီးရှို့ပူဇော်သောသိုးထီး၊ ဆူဖြိုးသောတိရစ္ဆာန်၏အဆီကို ငါမလိုတော့ပြီ။ နွားထီး၊ သိုးသငယ်၊ ဆိတ်ထီးတို့၏သွေးကိုလည်း ငါမနှစ်သက်။
ထာဝရဘုရား၏ဓားတော်သည် သွေးနှင့်ဝပြီ၊ အဆီနှင့်အီပြီ။ သိုးသငယ်နှင့်ဆိတ်ထီးတို့၏သွေး၊ သိုးထီးတို့၏ကျောက်ကပ်အဆီတို့နှင့် ဝအီလေပြီ။ အကြောင်းမူကား ထာဝရဘုရားသည် ဗောဇရမြို့၌ ယဇ်ပူဇော်ပွဲ၊ ဧဒုံပြည်၌ ကြီးမားသောသားသတ်ပွဲ ကျင်းပတော်မူပြီ။
သင်သည် ခါနဲကို ငါ့အတွက် ငွေဖြင့်မဝယ်။ သင့်ယဇ်ကောင်တို့၏အဆီနှင့် ငါ့အား ကျေနပ်အားရမှုကိုမဖြစ်စေ။ သင့်အပြစ်များဖြင့် ငါ့ကိုဝန်လေးစေ၏။ သင့်ဒုစရိုက်များဖြင့် ငါ့ကိုပင်ပန်းစေ၏။
ယဇ်ပုရောဟိတ်သည် ငှက်ကို ယဇ်ပလ္လင်သို့ယူဆောင်လာ၍ ခေါင်းကိုလိမ်ချိုးပြီးလျှင် ယဇ်ပလ္လင်ပေါ်၌ရှို့ရမည်။ ငှက်၏သွေးကို ယဇ်ပလ္လင်၏နံရံပေါ် ညှစ်ချရမည်။
သူသည် အူနှင့်ခြေထောက်ကို ရေဖြင့်ဆေးကြောရမည်။ ထို့နောက် ယဇ်ပုရောဟိတ်သည် ထိုအရာအားလုံးကို မီးရှို့ရာယဇ်အဖြစ် ယဇ်ပလ္လင်ပေါ်၌ ရှို့ရမည်။ ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သော မွှေးကြိုင်သည့်ရနံ့ ဖြစ်၏။
ယဇ်ပုရောဟိတ်သည် တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝအနီး ထာဝရဘုရား၏ယဇ်ပလ္လင်ပေါ်၌ သွေးကို ဖျန်း၍ အဆီကို ထာဝရဘုရားအဖို့ မွှေးကြိုင်သောရနံ့အဖြစ် ရှို့ရမည်။
အဆီရှိသမျှကိုလည်း မိတ်သဟာယယဇ်ကောင်၏အဆီကိုရှို့သကဲ့သို့ ယဇ်ပလ္လင်ပေါ်၌ ရှို့ရမည်။ ထိုသို့ ယဇ်ပုရောဟိတ်သည် ခေါင်းဆောင်၏အပြစ်အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးသဖြင့် သူသည် အပြစ်လွှတ်ခြင်းခံရမည်။
အဆီရှိသမျှကိုလည်း မိတ်သဟာယယဇ်ကောင်မှအဆီကိုခွာယူသကဲ့သို့ ခွာယူရမည်။ ထိုအဆီတို့ကို ယဇ်ပုရောဟိတ်သည် ထာဝရဘုရားအဖို့ မွှေးကြိုင်သောရနံ့အဖြစ် ယဇ်ပလ္လင်ပေါ်၌ ရှို့ရမည်။ ထိုသို့ ယဇ်ပုရောဟိတ်သည် သူ့အတွက်အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးသဖြင့် သူသည် အပြစ်လွှတ်ခြင်းခံရမည်။
အဆီရှိသမျှကိုလည်း မိတ်သဟာယယဇ်ဖြစ်သောသိုးမှ အဆီကိုခွာယူသကဲ့သို့ ခွာယူရမည်။ ယဇ်ပုရောဟိတ်သည် ထိုအဆီတို့ကို ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သောယဇ်ကောင်ပေါ်တင်၍ ယဇ်ပလ္လင်ပေါ်၌ ရှို့ရမည်။ ထိုသို့ ထိုသူကျူးလွန်သောအပြစ်အတွက် ယဇ်ပုရောဟိတ်သည် အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးသဖြင့် သူသည် အပြစ်လွှတ်ခြင်းခံရမည်။
ယဇ်ပလ္လင်ပေါ်မှမီးကို မငြိမ်းစေဘဲ တောက်လောင်လျက်နေစေရမည်။ ယဇ်ပုရောဟိတ်သည် နံနက်တိုင်း ယဇ်ပလ္လင်ပေါ်၌ ထင်းမီးထိုး၍ မီးရှို့ရာယဇ်ကိုခင်းကျင်းပြီး ၎င်းပေါ်တွင် မိတ်သဟာယယဇ်နှင့်ဆိုင်သောအဆီကို ရှို့ရမည်။
ယဇ်ပုရောဟိတ်သည် အဆီကို ယဇ်ပလ္လင်ပေါ်၌ ရှို့ရမည်။ ရင်ပုံသည် အာရုန်နှင့်သူ၏သားတို့အတွက်ဖြစ်၏။
ခါးအောက်ပိုင်းရှိ ကျောက်ကပ်နှစ်ခုနှင့် ၎င်းတို့ပေါ်ရှိအဆီ၊ ကျောက်ကပ်နှင့်အတူခွာယူသည့် အသည်းပေါ်မှအဆီပျဉ်စသော ယဇ်ကောင်၏အဆီအားလုံးကို ပူဇော်ရမည်။
အူ၌ရှိသည့်အဆီအားလုံး၊ အသည်းအဆီပျဉ်၊ ကျောက်ကပ်နှစ်ခုနှင့်ကျောက်ကပ်တို့၏အဆီကို ယူ၍ မောရှေသည် ယဇ်ပလ္လင်ပေါ်၌ ရှို့၏။
အဆီနှင့်အမြီးပိုင်းအဆီကိုလည်းကောင်း၊ အူ၌ရှိသောအဆီအားလုံးကိုလည်းကောင်း၊ အသည်းပေါ်မှအဆီပျဉ်ကိုလည်းကောင်း၊ ကျောက်ကပ်နှစ်ခုနှင့် ၎င်းတို့၏အဆီကိုလည်းကောင်း၊ ယာဘက်ပေါင်ကိုလည်းကောင်း၊
မောရှေအား ထာဝရဘုရားမိန့်မှာတော်မူခဲ့သည့်အတိုင်း အာရုန်သည် အပြစ်ဖြေရာယဇ်ကောင်၏အဆီ၊ ကျောက်ကပ်နှင့် အသည်းပေါ်မှအဆီပျဉ်တို့ကို ယဇ်ပလ္လင်ပေါ်၌ ရှို့၏။
နွားနှင့်သိုးထီး၏အမြီးပိုင်းအဆီ၊ အူကိုဖုံးနေသည့်အဆီ၊ ကျောက်ကပ်နှင့် အသည်းပေါ်မှအဆီပျဉ် စသည့်အဆီတို့ကို
သို့သော် နွားသားဦး၊ ဆိတ်သားဦး၊ သိုးသားဦးတို့သည် သန့်ရှင်းသည်ဖြစ်၍ မရွေးနုတ်ရ။ ထိုအကောင်တို့၏သွေးကို ယဇ်ပလ္လင်၌ ဖျန်းရမည်။ အဆီကိုမူ ထာဝရဘုရားထံ မွှေးကြိုင်သောရနံ့အဖြစ် မီးရှို့ပူဇော်ရမည်။
ယဇ်ပူဇော်သောသူက “အဆီကို အလျင် မီးရှို့ပါရစေ။ ပြီးမှ သင်အလိုရှိသည်ကို ယူပါ”ဟု ဆိုလျှင်ပင် သူက “မရပါ၊ ယခုပင် ပေးပါ။ မပေးလျှင် အတင်းအဓမ္မယူမည်”ဟု ဆိုတတ်၏။