၁ ရာ 2:16 - မြန်မာ့စံမီသမ္မာကျမ်း16 ယဇ်ပူဇော်သောသူက “အဆီကို အလျင် မီးရှို့ပါရစေ။ ပြီးမှ သင်အလိုရှိသည်ကို ယူပါ”ဟု ဆိုလျှင်ပင် သူက “မရပါ၊ ယခုပင် ပေးပါ။ မပေးလျှင် အတင်းအဓမ္မယူမည်”ဟု ဆိုတတ်၏။ အခန်းကိုကြည့်ပါ။Common Language Bible16 အကယ်၍ယဇ်ပူဇော်နေသူက``ငါတို့သည် ထုံးစံရှိသည်အတိုင်းဆီဥကိုဦးစွာမီးရှို့ ပူဇော်ပြီးမှ သင်နှစ်သက်ရာအသားကိုယူ ပါလေ'' ဟုဆိုခဲ့သော်ယဇ်ပုရောဟိတ်အစေခံ သည်``အသားကိုယခုငါ့အားပေးလော့။ မပေး လျှင်အတင်းအဋ္ဌမ္မယူရလိမ့်မည်'' ဟုဆို တတ်၏။ အခန်းကိုကြည့်ပါ။Garrad Bible16 ထို သူ က ယ ခု ပင် ဆီ ဥကို မီး ရှို့ ပါ မည်။ နောက် မှ အ လို ရှိ သည့် အ တိုင်း ယူ ပါ ဟု ဆို လျှင် ထို သို့ မ ဟုတ်။ ချက် ချင်း ပေး လော့။ မ ပေး မူ အ နိုင့် အ ထက် ယူ လိမ့် မည် ဟု ဆို တတ် ၏။ အခန်းကိုကြည့်ပါ။Judson Bible16 ထိုသူက၊ ဆီဥကိုအရင် မီးရှို့ပါရစေ။ နောက်မှ ယူချင်တိုင်းယူပါဟု ဆိုလျှင်၊ မဟုတ်ဘူး၊ ယခုပေးရမည်။ သို့မဟုတ် အနိုင်ယူမည်ဟု ပြောဆိုတတ်၏။ အခန်းကိုကြည့်ပါ။ |
ငါမတိုင်ခင် ဘုရင်ခံလုပ်သောသူတို့သည် ပြည်သူပြည်သားတို့အား ဝန်လေးအောင်ပြုခဲ့ကြ၏။ ငွေရှယ်ကယ်လေးဆယ်အပြင် မုန့်နှင့် စပျစ်ဝိုင်ကိုပါ ယူကြ၏။ သူတို့၏လက်အောက်ငယ်သားတို့သည်လည်း ပြည်သူပြည်သားတို့ကို နိုင်လိုမင်းထက်ပြုကြ၏။ ငါမူကား ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသောကြောင့် ထိုသို့မပြု။