သင့်အစ်ကိုအာရုန်ဂုဏ်သရေရှိ၍ တင့်တယ်ခန့်ညားဖို့ သူ့အတွက် သန့်ရှင်းသောအဝတ်တန်ဆာကို သင်ချုပ်လုပ်ပေးရမည်။
ထွက်မြောက် 28:40 - မြန်မာ့စံမီသမ္မာကျမ်း အာရုန်၏သားများ ဂုဏ်သရေရှိ၍ တင့်တယ်ခန့်ညားဖို့ သူတို့အတွက် အတွင်းသင်တိုင်းများ၊ ခါးစည်းများ၊ ခေါင်းပေါင်းများကို ချုပ်လုပ်ပေးရမည်။ Common Language Bible ``အာရုန်၏သားများဝတ်ဆင်ရန်ထည်ဝါခန့် ညားသောအင်္ကျီ၊ ခါးပန်းနှင့်ဦးထုပ်ရှည်များ ကိုချုပ်ပေးရမည်။- Garrad Bible ဘုန်း အ သ ရေ နှင့် တင့် တယ် စေ ရန် လက် ကျပ် ဝတ် လုံ၊ ခါး ပန်း၊ ဦး ရစ် များ ကို အာ ရုန့် သား တို့ အ ဖို့ လုပ် လျက်၊ Judson Bible အာရုန်၏သားတို့ ဘုန်းအသရေကိုထင်ပေါ်စေခြင်းငှာ၊ အင်္ကျီ၊ ခါးပန်း၊ ဦးထုပ်များကိုလုပ်ပေးရမည်။ |
သင့်အစ်ကိုအာရုန်ဂုဏ်သရေရှိ၍ တင့်တယ်ခန့်ညားဖို့ သူ့အတွက် သန့်ရှင်းသောအဝတ်တန်ဆာကို သင်ချုပ်လုပ်ပေးရမည်။
သူတို့ပြုလုပ်ရမည့်အဝတ်တန်ဆာများကား ရင်ခံပြား၊ ဧဖုဒ်၊ ဝတ်လုံ၊ ရက်လုပ်ထားသောအတွင်းသင်တိုင်း၊ ခေါင်းပေါင်းနှင့် ခါးစည်း တို့ဖြစ်၏။ ယဇ်ပုရောဟိတ်အဖြစ် ငါ့ထံ၌အမှုတော်ကိုဆောင်ရွက်ရန် သင့်အစ်ကိုအာရုန်နှင့် သူ့သားများအတွက် သန့်ရှင်းသောအဝတ်တန်ဆာကိုချုပ်လုပ်ရမည်။
အာရုန်နှင့်သူ၏သားတို့အား ခါးစည်းကိုစည်းပေးပြီးလျှင် ခေါင်းပေါင်းပေါင်းပေးရမည်။ အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်နှင့်အညီ ယဇ်ပုရောဟိတ်အရိုက်အရာကို သူတို့ရရှိမည်။ ဤသို့ဖြင့် အာရုန်နှင့်သူ၏သားတို့ကို ခန့်အပ်ထားရမည်။
သန့်ရှင်းရာဌာနတော်၌ အမှုတော်ဆောင်ရွက်ရာတွင်ဝတ်ဆင်သောရက်ထည်အဝတ်တန်ဆာများ၊ ယဇ်ပုရောဟိတ်အာရုန်အတွက်သန့်ရှင်းသောအဝတ်တန်ဆာများ၊ ယဇ်ပုရောဟိတ်အဖြစ်အမှုတော်ဆောင်ရွက်မည့် သူ့သားတို့အတွက် အဝတ်တန်ဆာများကိုလည်းကောင်း မောရှေထံသို့ ယူဆောင်လာကြ၏။
အို ဇိအုန်မြို့၊ နိုးလော့။ နိုးလော့။ သင့်ခွန်အားကို ဝတ်ဆင်လော့။ အို သန့်ရှင်းသောဂျေရုဆလင်မြို့၊ သင်၏တင့်တယ်သောအဝတ်တို့ကို ဝတ်ဆင်လော့။ အကြောင်းမူကား အရေဖျားမလှီးသောသူ၊ ညစ်ညူးသောသူတို့သည် သင့်အထဲသို့ နောက်တစ်ဖန်ဝင်ရကြမည်မဟုတ်။
သူသည် သန့်ရှင်းသောနေရာ၌ ရေချိုးပြီးလျှင် မိမိအဝတ်ကိုဝတ်ရမည်။ ထို့နောက် ထွက်လာ၍ မိမိ၏မီးရှို့ရာယဇ်၊ လူတို့၏မီးရှို့ရာယဇ်တို့ကို ပူဇော်ခြင်းဖြင့် မိမိအတွက်၊ လူတို့အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုရမည်။
မောရှေသည် အာရုန်၏သားတို့ကိုလည်း ခေါ်ဆောင်လာ၍ သူတို့အား အတွင်းသင်တိုင်းဝတ်ပေးပြီး ခါးစည်းစည်းပေး၏။ ခေါင်းပေါင်းကိုလည်း ပေါင်းပေး၏။
ခိုးယူခြင်းတို့ကိုမပြုဘဲ အစဉ်ကောင်းမွန်စွာသစ္စာစောင့်နေကြောင်းကိုပြသရန် တိုက်တွန်းနှိုးဆော်လော့။ ထိုသို့ပြုလျှင် သူတို့သည် အရာရာ၌ ငါတို့ကယ်တင်ရှင်ဘုရားသခင်၏သွန်သင်ချက်ကို တင့်တယ်စေကြလိမ့်မည်။
အရာရာ၌ ကောင်းသောလုပ်ဆောင်မှု၏စံနမူနာကို သင်ကိုယ်တိုင်ပြသလော့။ ဩဝါဒပေးရာတွင် သမာဓိနှင့်တည်ကြည်လေးနက်ခြင်းရှိလျက်
ထိုနည်းတူ ငယ်ရွယ်သောသူတို့၊ အသင်းတော်အကြီးအကဲများကို နာခံကြလော့။ သင်တို့အားလုံး တစ်ယောက်အောက်တစ်ယောက် နှိမ့်ချခြင်းတန်ဆာကို ဆင်ယင်ကြလော့။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် မာနထောင်လွှားသောသူတို့ကို ဆန့်ကျင်၍ နှိမ့်ချသောသူတို့အား ကျေးဇူးတော်ကိုခံစားစေတော်မူ၏။