အကေရှားသစ်သားဖြင့် ထမ်းပိုးများကိုလုပ်၍ ရွှေဖြင့်မွမ်းမံရမည်။ ထိုထမ်းပိုးများဖြင့် စားပွဲကို ထမ်းရမည်။
ထွက်မြောက် 27:7 - မြန်မာ့စံမီသမ္မာကျမ်း ယဇ်ပလ္လင်ကိုထမ်းသောအခါ ထမ်းပိုးတို့သည် ယဇ်ပလ္လင်၏ဘေးနှစ်ဖက်၌ရှိနေစေရန် ထိုထမ်းပိုးတို့ကို ကွင်းများထဲသို့လျှိုသွင်းထားရမည်။ Common Language Bible ယဇ်ပလ္လင်ကိုသယ်ဆောင်ရန်ထမ်းပိုးများကို တစ်ဘက်တစ်ချက်ရှိကွင်းများတွင်လျှိုထား ရမည်။- Garrad Bible ပ လ္လင် တော် ကို ထမ်း စဉ် နံ ဘေး နှစ် ချက် ရှိ ကွင်း များ၌ လျှို သည့် အ တိုင်း ထား လော့။ Judson Bible ယဇ်ပလ္လင်ကိုထမ်းစရာဖို့ တစ်ဖက်တစ်ချက်ကွင်းများ၌ လျှိုထားရမည်။ |
အကေရှားသစ်သားဖြင့် ထမ်းပိုးများကိုလုပ်၍ ရွှေဖြင့်မွမ်းမံရမည်။ ထိုထမ်းပိုးများဖြင့် စားပွဲကို ထမ်းရမည်။
ယဇ်ပလ္လင်အတွက် ထမ်းပိုးတို့ကို အကေရှားသစ်သားဖြင့်လုပ်၍ ကြေးနီဖြင့်မွမ်းမံရမည်။
ရွှေဖြင့်ခြယ်လှယ်ထားသောအပိုင်း၏အောက်နား၊ ယဇ်ပလ္လင်ဘေးနှစ်ဖက် တစ်ဖက်တစ်ချက်တွင် ရွှေကွင်းနှစ်ကွင်းကိုတပ်ရမည်။ ထိုကွင်းတို့သည် ယဇ်ပလ္လင်ထမ်းရန် ထမ်းပိုးများလျှိုစရာဖြစ်ရမည်။
တပ်စခန်းရွှေ့ပြောင်းချိန်ရောက်၍ အာရုန်နှင့် သူ၏သားတို့သည် သန့်ရှင်းရာဌာနနှင့် သန့်ရှင်းရာဌာန၏တန်ဆာပလာရှိသမျှတို့ကို ဖုံးအုပ်ပြီးနောက်တွင် ကောဟတ်သားမြေးတို့သည် ၎င်းတို့ကို လာ၍သယ်ဆောင်ရမည်။ သူတို့သည် သန့်ရှင်းသောအရာကို မထိရ။ ထိမိလျှင် သေကြရလိမ့်မည်။ ဤသည်ကား တွေ့ဆုံစည်းဝေးရာတဲတော်၌ ကောဟတ်သားမြေးတို့ ဆောင်ရွက်ရသောအမှုဖြစ်၏။