ဇာပန်းထိုးထည်ဆင်မြန်းထားသောသူ့ကို ရှင်ဘုရင်ထံသို့ပို့ဆောင်ကြ၏။ သူ၏အပေါင်းအဖော်များဖြစ်ကြသော သူ့နောက်လိုက်သည့်အပျိုတော်တို့ကိုလည်း ကိုယ်တော့်ထံသို့ခေါ်ဆောင်လာကြပါ၏။
ထွက်မြောက် 27:16 - မြန်မာ့စံမီသမ္မာကျမ်း ဝင်းအဝင်ဝကိုကာရန် အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည် တို့ဖြင့်ရက်လုပ်ထားသောပိတ်ချောထည်ပေါ်တွင် ပန်းထိုးထားသော အတောင်နှစ်ဆယ်ရှိသည့်လိုက်ကာနှင့်တကွ လိုက်ကာအတွက် တိုင်လေးတိုင်၊ တိုင်အောက်ခံအစွပ်လေးခု လုပ်ရမည်။ Common Language Bible တဲတော်ဝင်းတံခါးဝအတွက်အလျားဆယ် ကိုက်ရှိ၍သိုးမွေးအပြာရောင်၊ ခရမ်းရောင်၊ အနီ ရောင်နှင့်ချည်ချောတို့ဖြင့်ရက်သောပန်းထိုး ကန့်လန့်ကာပြုလုပ်ရမည်။ ထိုကန့်လန့်ကာကို ဖိနပ်လေးခုတွင်စွပ်ထားသောတိုင်လေးတိုင် ဖြင့်ချိတ်ဆွဲရမည်။- Garrad Bible တံ တိုင်း တံ ခါး ဖြစ် ရန် ပိုး လျှော် မှ စ၍ အ ပြာ အ မောင်း အ နီ ချည် များ နှင့် အ လျား အ တောင် နှစ် ဆယ် ရှိ သော ပန်း ထိုး ကန့် လန့် ကာ ကို လုပ် ၍ တိုင် လေး လုံး၊ အောက် ခံ ခုံ လေး ခု ရှိ စေ လော့။ Judson Bible ဝင်းတံခါးဝ၌ကာရန်၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောဖြင့်ပြီး၍၊ ချယ်လှယ်သော ကုလားကာအတောင်နှစ်ဆယ်နှင့်တကွ တိုင်လေးတိုင် ခြေစွပ်လေးခုရှိရမည်။ |
ဇာပန်းထိုးထည်ဆင်မြန်းထားသောသူ့ကို ရှင်ဘုရင်ထံသို့ပို့ဆောင်ကြ၏။ သူ၏အပေါင်းအဖော်များဖြစ်ကြသော သူ့နောက်လိုက်သည့်အပျိုတော်တို့ကိုလည်း ကိုယ်တော့်ထံသို့ခေါ်ဆောင်လာကြပါ၏။
အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည် တို့ဖြင့်ရက်လုပ်ထားသောပိတ်ချောထည်ပေါ်တွင် ခေရုဗိမ်ရုပ်ကို လက်ရာမြောက်စွာပုံဖော်ထားသော ကန့်လန့်ကာကို လုပ်ရမည်။
တဲတော်အဝင်ဝကိုကာရန် အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည် တို့ဖြင့်ရက်လုပ်ထားသောပိတ်ချောထည်ပေါ်တွင် ပန်းထိုးထားသောလိုက်ကာကို လုပ်ရမည်။
ကျန်တစ်ဘက်၌လည်း တစ်ဆယ့်ငါးတောင်ရှိသောအကာနှင့်တကွ အကာအတွက် တိုင်သုံးတိုင်၊ တိုင်အောက်ခံအစွပ်သုံးခု လုပ်ရမည်။
ဝင်းပတ်ပတ်လည်ရှိတိုင်အားလုံးတို့၏ထိပ်ကို ငွေအစွပ်ဖြင့်စွပ်ရမည်။ တိုင်ချိတ်များကို ငွေဖြင့်လည်းကောင်း၊ တိုင်အောက်ခံအစွပ်များကို ကြေးနီဖြင့်လည်းကောင်း လုပ်ရမည်။
ပိတ်ချောထည်အတွင်းသင်တိုင်းကို ရက်လုပ်ရမည်။ ပိတ်ချောထည်ခေါင်းပေါင်းကိုလည်း လုပ်ရမည်။ ပန်းထိုးခါးစည်းကိုလည်း လုပ်ရမည်။
တဲတော်အဝင်ဝကိုကာရန် အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည် တို့ဖြင့်ရက်လုပ်ထားသောပိတ်ချောထည်ပေါ်တွင် ပန်းထိုးထားသောလိုက်ကာကို လုပ်၏။
အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည်တို့ဖြင့် ပန်းထိုးထားသောပိတ်ချောထည်ခါးစည်းများကိုလည်း လုပ်၏။
ဝင်းအကာ၊ ကိန်းဝပ်တော်မူရာတဲတော်နှင့်ယဇ်ပလ္လင်ကို ပတ်ပတ်လည်ကာထားသောဝင်း၏အဝင်ဝလိုက်ကာနှင့်တကွ ကြိုးများ စသည်တို့နှင့်ဆိုင်သောအလုပ်ဟူသမျှတို့ကို တာဝန်ယူထိန်းသိမ်းရ၏။
‘ယောက်ျားတစ်ယောက်အတွက် မိန်းမပျိုတစ်ယောက်၊ နှစ်ယောက်၊ သိသရအတွက် တိုက်ခိုက်လုယူသောပစ္စည်းထဲမှ ရောင်စုံအဝတ်အစား၊ ငါ့အတွက် ရောင်စုံပန်းထိုးအဝတ်အစား၊ ရောင်စုံပန်းထိုးလည်စည်း စသည်တို့ကိုခွဲဝေနေကြခြင်းသာဖြစ်မည်’ဟူ၍ ဖြစ်၏။