မောရှေသည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း စားပွဲကို တွေ့ဆုံစည်းဝေးရာတဲတော်အတွင်း ကိန်းဝပ်တော်မူရာတဲတော်၏မြောက်ဘက်ခြမ်း ကန့်လန့်ကာအပြင်ဘက်တွင် ထား၍
ထွက်မြောက် 26:35 - မြန်မာ့စံမီသမ္မာကျမ်း စားပွဲကို ကန့်လန့်ကာ၏အပြင်ဘက် မြောက်ဘက်ခြမ်း၌ထားရမည်။ ဆီမီးခုံကို စားပွဲနှင့်မျက်နှာချင်းဆိုင် ကိန်းဝပ်တော်မူရာတဲတော်၏တောင်ဘက်၌ ထားရမည်။ Common Language Bible စားပွဲနှင့်ဆီမီးခုံကိုကန့်လန့်ကာအပြင်ဘက် တွင်ထားရှိရမည်။ စားပွဲကိုမြောက်ဘက်တွင် လည်းကောင်း၊ ဆီမီးခုံကိုတောင်ဘက်တွင်လည်း ကောင်းတစ်ဘက်တစ်ချက်၌ထားရှိရမည်။ Garrad Bible ကန့် လန့် ကာ ပြင် စံ ရာ တော် မြောက် ဘက်၌ စား ပွဲ တော် ကို လည်း ကောင်း တောင် ဘက်၌ မီး ခုံ တော် ကို လည်း ကောင်း တူ ရူ ထား လော့။ Judson Bible ကုလားကာပြင်မှာ စားပွဲကိုထားရမည်။ တဲတော်တောင်ဘက်နားမှာ မီးခုံကိုလည်းကောင်း၊ မြောက်ဘက်နားမှာစားပွဲကိုလည်းကောင်း၊ တစ်ဖက်နှင့် တစ်ဖက်ဆိုင်မိအောင် ထားရမည်။ |
မောရှေသည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း စားပွဲကို တွေ့ဆုံစည်းဝေးရာတဲတော်အတွင်း ကိန်းဝပ်တော်မူရာတဲတော်၏မြောက်ဘက်ခြမ်း ကန့်လန့်ကာအပြင်ဘက်တွင် ထား၍
မောရှေသည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ဆီမီးခုံကို တွေ့ဆုံစည်းဝေးရာတဲတော်အတွင်း ကိန်းဝပ်တော်မူရာတဲတော်၏တောင်ဘက်ခြမ်း စားပွဲနှင့်မျက်နှာချင်းဆိုင်ထား၍
စားပွဲကိုလည်းသွင်း၍ နေရာတကျ ခင်းကျင်းရမည်။ ဆီမီးခုံကိုလည်းသွင်း၍ မီးခွက်များကို ပြင်ဆင်ရမည်။
ဆီမီးကိုထွန်း၍ တောင်းအောက်၌ထားလေ့မရှိ။ ဆီမီးခုံပေါ်၌သာ ထားကြသဖြင့် ၎င်းသည် အိမ်၌ရှိသောသူအပေါင်းတို့ကို ထွန်းလင်းပေး၏။
အကြောင်းမူကား တဲတော်ကိုပြင်ဆင်ရာတွင် သန့်ရှင်းရာဌာနဟုခေါ်သော ပထမအခန်းထဲ၌ ဆီမီးခုံ၊ စားပွဲနှင့် ရှေ့တော်မုန့်တို့ကိုထားရှိကြ၏။