Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ထွက်​မြောက် 26:34 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

34 ကရုဏာ​တော်​ပလ္လင်​ကို အသန့်ရှင်းဆုံးဌာန​ရှိ သက်သေခံချက်​သေတ္တာ​တော်​အပေါ်​၌ ထား​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

34 ပ​ဋိ​ညာဉ်​သေတ္တာ​တွင်​အ​ဖုံး​တပ်​ထား​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

34 အ ထူး သန့် ရှင်း ရာ ဌာ န တော်၌ သက် သေ တော် သေ တ္တာ အ ပေါ် မှာ အ ပြစ် ဖြေ ရာ ပလ္လင် တော် ကို တင် ထား လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

34 ဟ​ဂျာ​ဟ​ဂျုံ​အ​ရပ်၌ သက်​သေ​ခံ​ချက်​သေ​တ္တာ​အ​ပေါ်​မှာ၊ သေ​တ္တာ​အ​ဖုံး​ကို တင်​ထား​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက် 26:34
6 ပူးပေါင်းရင်းမြစ်များ  

အိမ်​တော်​အတွင်းပိုင်း​အတောင်​နှစ်ဆယ်​ကို အခန်းဖွဲ့​၍ ကြမ်းခင်း​မှ​မျက်နှာကြက်​အထိ သစ်ကတိုးပြား​များ​ဖြင့် ကာ​ထား​၏​။ ဤ​အခန်း​သည် အိမ်​တော်​အတွင်းပိုင်း​တွင် ဆောက်လုပ်​ထား​ပြီး သန့်ရှင်းရာဌာန​၊ အသန့်ရှင်းဆုံးဌာန​အဖို့​ဖြစ်​၏​။


ကရုဏာ​တော်​ပလ္လင်​ကို သေတ္တာ​ပေါ်တွင်​တင်​ရ​မည်​။ သင့်​အား​ငါ​ပေးအပ်​မည့်​သက်သေခံချက်​ကို သေတ္တာ​ထဲတွင်​ထား​ရ​မည်​။


မောရှေ​သည် ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း သက်သေခံချက်​ကို​ယူ​၍ သေတ္တာ​ထဲ​ထည့်​၏​။ သေတ္တာ​ကွင်း​၌ ထမ်းပိုး​များ​ကို​လျှို​၍ သေတ္တာ​ပေါ်၌ ကရုဏာ​တော်​ပလ္လင်​ကို​တင်​၏​။


ဗိမာန်တော်​အတွင်းခန်း​ကို​တိုင်း​ရာ အလျား​အတောင်​နှစ်ဆယ်​၊ အနံ​အတောင်​နှစ်ဆယ်​ရှိ​၏​။ “​ဤ​အခန်း​သည် အသန့်ရှင်းဆုံးဌာန​ဖြစ်​သည်​”​ဟု ငါ့​အား ပြောပြ​၏​။


“​ငါ​သည် ကရုဏာ​တော်​ပလ္လင်​အထက်​တွင် မိုးတိမ်​အားဖြင့်​ထင်ရှား​မည်​ဖြစ်၍ သင်​၏​အစ်ကို​အာရုန်​မ​သေ​ရ​မည့်​အကြောင်း သေတ္တာ​ပေါ်​ရှိ ကရုဏာ​တော်​ပလ္လင်​ရှေ့​၊ ကန့်လန့်ကာ​အတွင်း​ဘက်​ရှိ သန့်ရှင်းရာဌာန​ထဲသို့ အချိန်မရွေး ဝင်ထွက်သွားလာ​ခြင်း​မ​ပြု​ရန် သူ့​အား​ပြော​လော့​။


ထို​သေတ္တာ​ပေါ်တွင် ဘုန်း​အသရေ​နှင့်​ပြည့်စုံ​သော​ခေရုဗိမ်​တို့​သည် အသနားခံ​ရာ​ပလ္လင်​ကို အုပ်မိုး​ထား​ကြ​၏။ ဤ​အရာ​များ​အကြောင်း​ကို ယခု​အသေးစိတ်​ပြောပြ​၍ မ​ရ​နိုင်​ပေ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ