အိမ်တော်အတွင်းပိုင်းအတောင်နှစ်ဆယ်ကို အခန်းဖွဲ့၍ ကြမ်းခင်းမှမျက်နှာကြက်အထိ သစ်ကတိုးပြားများဖြင့် ကာထား၏။ ဤအခန်းသည် အိမ်တော်အတွင်းပိုင်းတွင် ဆောက်လုပ်ထားပြီး သန့်ရှင်းရာဌာန၊ အသန့်ရှင်းဆုံးဌာနအဖို့ဖြစ်၏။
ထွက်မြောက် 26:33 - မြန်မာ့စံမီသမ္မာကျမ်း ကန့်လန့်ကာကို ချိတ်များ၌ချိတ်ဆွဲထား၍ သက်သေခံချက်သေတ္တာတော်ကို ကန့်လန့်ကာ၏အတွင်းဘက်နေရာ၌ သွင်းထားရမည်။ ကန့်လန့်ကာသည် သန့်ရှင်းရာဌာနနှင့်အသန့်ရှင်းဆုံးဌာနကို ပိုင်းခြားပေးထားမည်။ Common Language Bible ကန့်လန့်ကာကိုချိတ်ပြီးနောက်ကန့်လန့်ကာ နောက်တွင် ကျောက်ပြားနှစ်ပြားပါရှိသည့် ပဋိညာဉ်သေတ္တာကိုထားလော့။ ကန့်လန့်ကာ သည်သန့်ရှင်းရာဌာနနှင့်အသန့်ရှင်းဆုံး ဌာနတော်တို့ကိုပိုင်းခြားထားမည်။- Garrad Bible ကန့် လန့် ကာ ကို အ ထက် ချိတ် များ အောက် ထို သို့ ဆွဲ ထား ပြီး လျှင် ကန့် လန့် ကာ အ တွင်း သို့ သက် သေ တော် သေ တ္တာ ကို သွင်း ထား လော့။ သန့် ရှင်း ရာ ဌာ န တော် နှင့် အ ထူး သန့် ရှင်း ရာ ဌာ န တော် ကို ၎င်း ကန့် လန့် ကာ အ ပိုင်း အ ခြား ဖြစ် စေ လော့။ Judson Bible သက်သေခံချက်ထားသောသေတ္တာကို၊ ကုလားကာအတွင်းသို့ သွင်းစရာဖို့ ထိုကုလားကာကို ရွှေချောင်းဖြင့်ဆွဲကာ၍၊ ဟဂျာအရပ်၊ ဟဂျာဟဂျုံအရပ် နှစ်ပါးစပ်ကြား၌ အပိုင်းအခြားဖြစ်ရမည်။ |
အိမ်တော်အတွင်းပိုင်းအတောင်နှစ်ဆယ်ကို အခန်းဖွဲ့၍ ကြမ်းခင်းမှမျက်နှာကြက်အထိ သစ်ကတိုးပြားများဖြင့် ကာထား၏။ ဤအခန်းသည် အိမ်တော်အတွင်းပိုင်းတွင် ဆောက်လုပ်ထားပြီး သန့်ရှင်းရာဌာန၊ အသန့်ရှင်းဆုံးဌာနအဖို့ဖြစ်၏။
ယဇ်ပုရောဟိတ်များ သန့်ရှင်းရာဌာနထဲမှထွက်လာသောအခါ ထာဝရဘုရား၏အိမ်တော်ကို မိုးတိမ်များ ဖုံးလွှမ်းသွားလေ၏။
ယဇ်ပုရောဟိတ်တို့သည် ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို သယ်ဆောင်လာပြီး အိမ်တော်အတွင်းခန်း အသန့်ရှင်းဆုံးဌာနတော်ရှိ ခေရုဗိမ်တို့၏အတောင်တော်အောက်တွင် နေရာချထား၏။
အသန့်ရှင်းဆုံးဌာနကိုဆောက်လုပ်ရာတွင် အလျားမှာ အိမ်တော်မျက်နှာစာအကျယ်အတိုင်း အတောင်နှစ်ဆယ်၊ အနံမှာ အတောင်နှစ်ဆယ်ရှိ၍ ရွှေစင်တာလန်ခြောက်ရာဖြင့် မွမ်းမံထား၏။
အောက်ခံငွေအစွပ်လေးခုစွပ်ထား၍ ရွှေချိတ်များပါရှိသည့် ရွှေဖြင့်မွမ်းမံထားသော အကေရှားသစ်သားတိုင်လေးတိုင်တွင် ထိုကန့်လန့်ကာကို ချိတ်ဆွဲထားရမည်။
ထိုအကာအတွက် တိုင်နှစ်ဆယ်နှင့် တိုင်အောက်ခံအစွပ်အခုနှစ်ဆယ်ကို ကြေးနီဖြင့်လည်းကောင်း၊ တိုင်ချိတ်နှင့်တိုင်ထိပ်အစွပ်တို့ကို ငွေဖြင့်လည်းကောင်း လုပ်ရမည်။
တွေ့ဆုံစည်းဝေးရာတဲတော်အတွင်း သက်သေခံချက်ရှေ့ရှိ ကန့်လန့်ကာအပြင်ဘက်တွင် အာရုန်နှင့်သူ၏သားများသည် ထာဝရဘုရားရှေ့တော်၌ နေဝင်ချိန်မှ နံနက်တိုင်အောင် မီးထွန်းခြင်းအမှုကို စီစဉ်ပြင်ဆင်ရမည်။ ဤသည်ကား အစ္စရေးအမျိုးသားတို့၏မျိုးဆက်အစဉ်အဆက် အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ဖြစ်၏။
ကန့်လန့်ကာအတွက် အကေရှားသစ်သားတိုင်လေးတိုင်ကိုလုပ်၍ ရွှေဖြင့်မွမ်းမံ၏။ ထိုတိုင်တို့၌ ရွှေချိတ်များပါရှိ၏။ ထိုတိုင်တို့အတွက် အောက်ခံငွေအစွပ်လေးခုကို သွန်းလုပ်၏။
သေတ္တာကို ကိန်းဝပ်တော်မူရာတဲတော်ထဲသို့ ယူဆောင်လာပြီး သက်သေခံချက်သေတ္တာတော်ကိုကာရန် ကန့်လန့်ကာတပ်၏။
ကိန်းဝပ်တော်မူရာဌာနထဲ၌ သက်သေခံချက်သေတ္တာတော်ကို ထားပြီးလျှင် ထိုသေတ္တာတော်ကို ကန့်လန့်ကာဖြင့် ကာရမည်။
ဗိမာန်တော်အတွင်းခန်းကိုတိုင်းရာ အလျားအတောင်နှစ်ဆယ်၊ အနံအတောင်နှစ်ဆယ်ရှိ၏။ “ဤအခန်းသည် အသန့်ရှင်းဆုံးဌာနဖြစ်သည်”ဟု ငါ့အား ပြောပြ၏။
“ငါသည် ကရုဏာတော်ပလ္လင်အထက်တွင် မိုးတိမ်အားဖြင့်ထင်ရှားမည်ဖြစ်၍ သင်၏အစ်ကိုအာရုန်မသေရမည့်အကြောင်း သေတ္တာပေါ်ရှိ ကရုဏာတော်ပလ္လင်ရှေ့၊ ကန့်လန့်ကာအတွင်းဘက်ရှိ သန့်ရှင်းရာဌာနထဲသို့ အချိန်မရွေး ဝင်ထွက်သွားလာခြင်းမပြုရန် သူ့အားပြောလော့။