ထွက်မြောက် 26:26 - မြန်မာ့စံမီသမ္မာကျမ်း ကိန်းဝပ်တော်မူရာတဲတော်တစ်ဖက်ရှိဘောင်များအတွက် အကေရှားသစ်သား ကန့်လန့်ကျင်ငါးချောင်းကိုလည်းကောင်း၊ Common Language Bible ``တဲတော်အတွက်ကန့်လန့်ကျင် စုစုပေါင်းတစ် ဆယ့်ငါးခုကိုအကာရှသစ်သားဖြင့်ပြုလုပ် လော့။ တဲတော်တောင်ဘက်ရှိဘောင်ခွေများ အတွက်ကန့်လန့်ကျင်ငါးခု၊- Garrad Bible စံ ရာ တော် ရှိ ဘောင် ခွေ များ အ ဖို့၌ ရှား သား ကန့် လန့် ကျင် များ ကို ဝဲ ယာ ဘေး တစ် ဘက် တစ် ချက် ငါး ချောင်း စီ နှင့် အ နောက် မျက် နှာ ဘေး အ ဖို့ လည်း ငါး ချောင်း ကို လုပ် လော့။ Judson Bible တဲတော်၌ကာရသော ပျဉ်ပြားကိုလျှိုစရာဖို့ အကာရှသား ကန့်လန့်ကျင်တို့ကို တစ်ဖက်ငါးချောင်းစီ လုပ်ရမည်။ |
ထို့ကြောင့် ဘောင်ရှစ်ခုရှိမည်။ ဘောင်တစ်ခုအောက်၌ အောက်ခံအစွပ်နှစ်ခု၊ နောက်ဘောင်တစ်ခုအောက်၌ အောက်ခံအစွပ်နှစ်ခု စသည်ဖြင့် ထိုဘောင်တို့အတွက် အောက်ခံငွေအစွပ် တစ်ဆယ့်ခြောက်ခုလုပ်ရမည်။
ကိန်းဝပ်တော်မူရာတဲတော်နောက်တစ်ဖက်ရှိဘောင်များအတွက် ကန့်လန့်ကျင်ငါးချောင်းကိုလည်းကောင်း၊ ကိန်းဝပ်တော်မူရာတဲတော်အနောက်ဘက်ခြမ်းရှိဘောင်များအတွက် ကန့်လန့်ကျင်ငါးချောင်းကိုလည်းကောင်း လုပ်ရမည်။
မေရာရိသားမြေးတို့သည် ကိန်းဝပ်တော်မူရာတဲတော်၏ဘောင်များ၊ ကန့်လန့်ကျင်များ၊ တိုင်များ၊ အောက်ခံအစွပ်များ၊ တန်ဆာပလာအားလုံး၊ ထိုအရာတို့နှင့်ဆိုင်သောအလုပ်ဟူသမျှ၊
တွေ့ဆုံစည်းဝေးရာတဲတော်၌ သူတို့တာဝန်ယူလုပ်ဆောင်ရမည့်အလုပ်အားလုံးကား ဤသို့ဖြစ်၏။ သူတို့သည် ကိန်းဝပ်တော်မူရာတဲတော်၏ဘောင်များ၊ ကန့်လန့်ကျင်များ၊ တိုင်များ၊ အောက်ခံအစွပ်များ၊
သို့ဖြစ်၍ ခွန်အားရှိသောငါတို့သည် မိမိတို့နှစ်သက်သည့်အတိုင်းမပြုဘဲ အားနည်းသောသူတို့၏အားနည်းချက်တို့ကို ထောက်မပေးသင့်၏။
ထိုဦးခေါင်းမှတစ်ဆင့် ကိုယ်ခန္ဓာတစ်ခုလုံးသည် ထောက်မပေးသောအဆစ်ရှိသမျှတို့ဖြင့် အံဝင်ခွင်ကျဆက်စပ်ခြင်းနှင့် ပေါင်းစည်းခြင်းကိုခံရလျက် အင်္ဂါအစိတ်အပိုင်းတစ်ခုစီသည် မိမိအငန်းအတာအလိုက် လုပ်ဆောင်ခြင်းအားဖြင့် မိမိကိုယ်ကို ချစ်ခြင်းမေတ္တာ၌တည်ဆောက်ကာ ကိုယ်ခန္ဓာကိုကြီးထွားစေ၏။
ဦးခေါင်းတော်၌ စွဲမြဲခြင်းမရှိကြ။ ထိုဦးခေါင်းတော်မှတစ်ဆင့် ကိုယ်ခန္ဓာတစ်ခုလုံးသည် အကြောအဆစ်များအားဖြင့် ထောက်မခြင်းနှင့်ပေါင်းစည်းခြင်းကိုခံရလျက် ဘုရားသခင်ကြီးထွားစေတော်မူသည့်အတိုင်း ကြီးထွား၏။