ကြေးနီချိတ်အခုငါးဆယ်ကိုလည်းလုပ်ပြီး တဲတော်တစ်ဆောင်တည်းဖြစ်စေရန် ကွင်းများကို ထိုချိတ်များနှင့် ချိတ်ထားရမည်။
ထွက်မြောက် 26:12 - မြန်မာ့စံမီသမ္မာကျမ်း တဲတော်၏ရွက်ထည်များမှ ပိုနေသည့် ရွက်ထည်တစ်ဝက်ကို ကိန်းဝပ်တော်မူရာတဲတော်၏နောက်ပိုင်း၌ တွဲလျားချထားရမည်။ Common Language Bible ပိုနေသည့်အထည်တစ်ဝက်ကိုတဲတော်နောက် မှာတွဲကျစေရမည်။- Garrad Bible တဲ တင်း တိမ် ရံ အ နက် ပို မို သော တင်း တိမ် ရံ တစ် ဝက် ကို စံ ရာ တော် နောက် မှာ ဆွဲ ထား လော့။ Judson Bible ထိုအပေါ်တဲ၌ပိုသော ကုလားကာတစ်ဝက်ကိုကား၊ တဲတော်နောက်ဖေးမှာ တွဲလွဲဆွဲထားရမည်။ |
ကြေးနီချိတ်အခုငါးဆယ်ကိုလည်းလုပ်ပြီး တဲတော်တစ်ဆောင်တည်းဖြစ်စေရန် ကွင်းများကို ထိုချိတ်များနှင့် ချိတ်ထားရမည်။
တဲတော်ရွက်ထည်များ၏အလျားဘက်မှ ပိုနေသောအပိုင်းကို ကိန်းဝပ်တော်မူရာတဲတော်အားဖုံးအုပ်ရန် တစ်ဖက်၌တစ်တောင်၊ အခြားတစ်ဖက်၌တစ်တောင် ဘေးတစ်ဖက်တစ်ချက်စီတွင် တွဲလျားချထားရမည်။
ကိန်းဝပ်တော်မူရာတဲတော်ကိုဖုံးအုပ်ရန် ဆိတ်မွေးရွက်ထည်တဲအတွက် ရွက်ထည် တစ်ဆယ့်တစ်ထည်ကို လုပ်ရမည်။