ထာဝရဘုရားသည် အာဗြံအား ကိုယ်ထင်ရှားပြ၍ “ဤပြည်ကို သင်၏အမျိုးအနွယ်အား ငါပေးမည်”ဟု မိန့်တော်မူ၏။ အာဗြံသည်လည်း မိမိအား ကိုယ်ထင်ရှားပြတော်မူသောထာဝရဘုရားအဖို့ ထိုအရပ်၌ ယဇ်ပလ္လင်ကို တည်လေ၏။
ထွက်မြောက် 24:4 - မြန်မာ့စံမီသမ္မာကျမ်း မောရှေသည် ထာဝရဘုရား၏စကားတော်အလုံးစုံတို့ကို ရေးသားထားပြီးလျှင် နံနက်စောစောထ၍ တောင်ခြေရင်း၌ ယဇ်ပလ္လင်ကိုလည်းကောင်း၊ အစ္စရေးမျိုးနွယ်တစ်ဆယ့်နှစ်နွယ်အတွက် ကျောက်တိုင်တစ်ဆယ့်နှစ်တိုင်ကိုလည်းကောင်း တည်လေ၏။ Common Language Bible မောရှေသည်ထာဝရဘုရားပညတ်သမျှတို့ ကိုရေးထားလေ၏။ နောက်တစ်နေ့နံနက်စောစော တွင်မောရှေသည်တောင်ခြေရင်း၌ယဇ်ပလ္လင်ကို လည်းကောင်း၊ ဣသရေလတစ်ဆယ့်နှစ်မျိုးအတွက် ကျောက်တိုင်တစ်ဆယ့်နှစ်တိုင်ကိုလည်းကောင်း တည်ဆောက်လေ၏။- Garrad Bible မော ရှေ သည် ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် အ လုံး စုံ ကို ရေး တင် ပြီး လျှင် နံ နက် အ ချိန် ထ၍ တောင် ခြေ ရင်း၌ ပူ ဇော် ရာ ပလ္လင် တော် ကို လည်း ကောင်း၊ ဣ သ ရေ လ ဆယ့် နှစ် နွယ် အ လိုက် ကျောက် ဆယ့် နှစ် တိုင် ကို လည်း ကောင်း တည် စိုက် လျက် ဣ သ ရေ လ အ မျိုး သား လူ ငယ် တို့ ကို စေ သည့် အ တိုင်း၊ Judson Bible မောရှေသည် ထာဝရဘုရား၏စကားတော်အလုံးစုံတို့ကို ရေးထားပြီးမှ၊ နံနက်စောစောထ၍၊ တောင်ခြေရင်း၌ယဇ်ပလ္လင်ကိုလည်းကောင်း၊ ဣသရေလအမျိုး တစ်ဆယ်နှစ်မျိုးနှင့်အမျှ ကျောက်တိုင် တစ်ဆယ်နှစ်တိုင်ကိုလည်းကောင်း တည်လေ၏။ |
ထာဝရဘုရားသည် အာဗြံအား ကိုယ်ထင်ရှားပြ၍ “ဤပြည်ကို သင်၏အမျိုးအနွယ်အား ငါပေးမည်”ဟု မိန့်တော်မူ၏။ အာဗြံသည်လည်း မိမိအား ကိုယ်ထင်ရှားပြတော်မူသောထာဝရဘုရားအဖို့ ထိုအရပ်၌ ယဇ်ပလ္လင်ကို တည်လေ၏။
ယာကုပ်သည် နံနက်စောစောထ၍ သူခေါင်းအုံးခဲ့သောကျောက်ကိုယူကာ မှတ်တိုင်အဖြစ်စိုက်ထူပြီးလျှင် ထိပ်ဖျား၌ ဆီကိုလောင်းလေ၏။
မှတ်တိုင်အဖြစ် အကျွန်ုပ်စိုက်ထူသော ဤကျောက်သည်လည်း ဘုရားသခင်၏အိမ်တော်ဖြစ်မည်။ အကျွန်ုပ်အားပေးသနားတော်မူသောအရာရှိသမျှတို့၏ဆယ်ဖို့တစ်ဖို့ကို ကိုယ်တော်အား မုချပူဇော်ပါမည်”ဟု ဆိုလျက် ကတိသစ္စာပြုလေ၏။
အဟိယသည် မိမိကိုယ်ပေါ်မှ ဝတ်ရုံအသစ်ကိုကိုင်၍ တစ်ဆယ့်နှစ်ပိုင်း ဆုတ်ဖြဲပြီးလျှင်
“သင့်အမည်ကား အစ္စရေးဖြစ်ရမည်”ဟု ထာဝရဘုရား၏မိန့်ဆိုခြင်းကိုခံရသောယာကုပ်မှ ဆင်းသက်လာသောအမျိုးအနွယ်အရေအတွက်အတိုင်း ဧလိယသည် ကျောက်တုံးတစ်ဆယ့်နှစ်တုံးကိုယူ၍
ဘုရားသခင်၏အိမ်တော်ဆက်ကပ်ပွဲတွင် နွားအကောင်တစ်ရာ၊ သိုးထီးအကောင်နှစ်ရာ၊ သိုးသငယ်အကောင်လေးရာနှင့် အစ္စရေးလူမျိုးအပေါင်းတို့အပြစ်ဖြေရာယဇ်အဖို့ အစ္စရေးအမျိုးအနွယ်အရေအတွက်နှင့်အညီ ဆိတ်ထီးတစ်ဆယ့်နှစ်ကောင်တို့ကို ပူဇော်ကြ၏။
ထိုအခါ ထာဝရဘုရားက မောရှေအား “အာမလက်လူမျိုးတို့ကို ကောင်းကင်အောက်တွင် အမှတ်ရစရာမျှမကျန်အောင် ငါဖျောက်ဖျက်ပစ်မည်ဖြစ်၍ ဤအမှုကို အောက်မေ့ဖွယ်အဖြစ် ကျမ်းစာလိပ်၌ ရေးမှတ်ထားပြီး ယောရှုရှေ့၌ ဖတ်ပြလော့”ဟု မိန့်တော်မူ၏။
မောရှေသည်လည်း ယဇ်ပလ္လင်ကိုတည်၍ ၎င်း၏အမည်ကို “ထာဝရဘုရားသည် ငါ၏အောင်လံဖြစ်တော်မူ၏”ဟု ခေါ်၏။
အစ္စရေးအမျိုးသားတို့ရှေ့မှောက်၌ ပြဋ္ဌာန်းရမည့်စီရင်ထုံးဖွဲ့ချက်များကား ဤသို့တည်း။
ထို့နောက် ပဋိညာဉ်ကျမ်းကိုယူ၍ လူတို့ရှေ့၌ဖတ်ကြားလေ၏။ လူတို့ကလည်း “ထာဝရဘုရားမိန့်တော်မူသမျှတို့ကို အကျွန်ုပ်တို့ပြုပါမည်။ နားထောင်ပါမည်”ဟု ဆိုကြ၏။
ထိုကျောက်တစ်ဆယ့်နှစ်လုံးသည် အစ္စရေး၏သားတို့၏အမည်များအလိုက် စီထားရမည်။ ကမ္ပည်းတံဆိပ်အဖြစ် မျိုးနွယ်တစ်ဆယ့်နှစ်နွယ်၏နာမည်ကို ကျောက်တစ်လုံးစီ၌ ရေးထိုးရမည်။
တစ်ဖန် ထာဝရဘုရားက မောရှေအား “ဤစကားတို့ကို သင်ရေးမှတ်ထားလော့။ အကြောင်းမူကား ဤနှုတ်ထွက်စကားတို့အတိုင်း ငါသည် သင်နှင့်လည်းကောင်း၊ အစ္စရေးလူမျိုးတို့နှင့်လည်းကောင်း ပဋိညာဉ်ဖွဲ့ပြီ”ဟု မိန့်တော်မူ၏။
ထိုနေ့ရက်တွင် အီဂျစ်ပြည်အလယ်၌ ထာဝရဘုရားအတွက် ယဇ်ပလ္လင်တစ်ခုရှိလိမ့်မည်။ ထိုပြည်၏နယ်စပ်၌ ထာဝရဘုရားအတွက် ကျောက်တိုင်တစ်တိုင်ရှိလိမ့်မည်။
သင်သည် အကောင်းဆုံးဂျုံမှုန့်ကိုယူ၍ မုန့်ဝိုင်းတစ်ဆယ့်နှစ်ခု ဖုတ်ရမည်။ မုန့်ဝိုင်းတစ်ခုလျှင် တစ်ဧဖာ၏ဆယ်ပုံနှစ်ပုံ ရှိရမည်။
“အစ္စရေးအမျိုးသားတို့ကို ဆင့်ဆိုလော့။ သူတို့ဘိုးဘေးတို့၏အမျိုးအနွယ်အလိုက် ခေါင်းဆောင်တစ်ဦးစီတို့ထံမှ တောင်ဝှေးတစ်ချောင်းစီ စုစုပေါင်းတောင်ဝှေးတစ်ဆယ့်နှစ်ချောင်းကို ယူ၍ သူတို့၏အမည်အသီးသီးကို တောင်ဝှေးပေါ်၌ ရေးလော့။
သင်တို့သည် ငါ၏နိုင်ငံတော်၌ ငါ၏စားပွဲတွင်ထိုင်လျက် စားသောက်ရကြလိမ့်မည်။ ထို့ပြင် ပလ္လင်များပေါ်ထိုင်လျက် အစ္စရေးမျိုးနွယ်စုတစ်ဆယ့်နှစ်စုတို့ကို တရားစီရင်ရကြလိမ့်မည်။
ဤသို့ဖြင့် မဏ္ဍိုင်များဖြစ်သည်ဟု မှတ်ယူခြင်းခံရသော ယာကုပ်၊ ကေဖနှင့် ယောဟန်တို့သည် ငါ့အားပေးထားသော ကျေးဇူးတော်ကိုသိမြင်၍ မိတ်ဖွဲ့ခြင်းလက်ယာလက်ကို ငါနှင့်ဗာနဗတို့အားကမ်းလျက် ငါတို့သည် လူမျိုးခြားတို့ထံသို့သွားရန်နှင့် သူတို့မူကား အရေဖျားလှီးထားသောသူတို့ထံသို့သွားရန် သဘောတူကြ၏။
မောရှေသည် ဤပညတ်တရားတော်ကို ရေးသား၍ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကိုသယ်ဆောင်သော လေဝိအမျိုးသားယဇ်ပုရောဟိတ်တို့နှင့် အစ္စရေးလူမျိုးသက်ကြီးဝါကြီးအပေါင်းတို့အား ပေးအပ်လေ၏။
ယောရှုသည် ဂျော်ဒန်မြစ်မှ ယူဆောင်ခဲ့သောကျောက်တုံးတစ်ဆယ့်နှစ်တုံးကို ဂိလဂါလအရပ်တွင် ချထားပြီး
ယောရှုက သူတို့အား “ဂျော်ဒန်မြစ်အလယ်ရှိ သင်တို့ဘုရားသခင်ထာဝရဘုရား၏သေတ္တာတော်ရှေ့သို့ ကူးသွားပြီးလျှင် အစ္စရေးအမျိုးသားတို့၏မျိုးနွယ်အရေအတွက်နှင့်အညီ တစ်ယောက်လျှင် ကျောက်တုံးတစ်တုံးစီကိုယူ၍ ထမ်းလာကြလော့။
မြို့ရိုးတွင် အုတ်မြစ်တစ်ဆယ့်နှစ်ခုရှိ၍ ၎င်းတို့ပေါ်၌ သိုးသငယ်တော်၏တမန်တော်တစ်ဆယ့်နှစ်ပါးတို့၏အမည်တစ်ဆယ့်နှစ်ခုကိုရေးထား၏။