ထွက်မြောက် 23:28 - မြန်မာ့စံမီသမ္မာကျမ်း ငါသည် ပျားတူများကို သင့်ရှေ့မှ စေလွှတ်သဖြင့် ၎င်းတို့သည် ဟိဝိလူမျိုး၊ ခါနာန်လူမျိုး၊ ဟိတ္တိလူမျိုးတို့ကို သင့်ရှေ့မှ နှင်ထုတ်ကြလိမ့်မည်။ Common Language Bible ဟိဝိအမျိုးသား၊ ခါနာန်အမျိုးသား၊ ဟိတ္တိ အမျိုးသားတို့သည်ထိတ်လန့်တကြားဖြစ် ၍ထွက်ပြေးရကြလိမ့်မည်။- Garrad Bible ဟိ ဝိ၊ ခါ န နိ၊ ဟိ တ္တိ လူ မျိုး တို့ ကို သင် တို့ ရှေ့ က နှင် ထုတ် ရန် ပြား တူ ဘေး ကို ငါ စေ လွှတ် နှင့် မည်။ Judson Bible ပျားတူများကိုလည်း သင့်ရှေ့သို့ငါစေလွှတ်၍၊ သူတို့သည် ဟိဝိလူ၊ ခါနနိလူ၊ ဟိတ္တိလူတို့ကို သင့်ရှေ့မှာနှင်ထုတ်ကြလိမ့်မည်။ |
ထိုအပင်အတွက် နေရာကိုရှင်းလင်းပေးတော်မူသဖြင့် ၎င်းသည် အမြစ်စွဲ၍ ပြည်တော်၌ပြန့်ပွားခဲ့ပါ၏။
ကောင်းကင်တမန်ကို သင့်ရှေ့မှ ငါစေလွှတ်မည်။ ခါနာန်လူမျိုး၊ အာမောရိလူမျိုး၊ ဟိတ္တိလူမျိုး၊ ဖေရဇိလူမျိုး၊ ဟိဝိလူမျိုး၊ ယေဗုသိလူမျိုးတို့ကို ငါနှင်ထုတ်မည်။
ယနေ့ သင့်အား ငါမိန့်မှာသောအရာကို သင်စောင့်ထိန်းလော့။ အာမောရိလူမျိုး၊ ခါနာန်လူမျိုး၊ ဟိတ္တိလူမျိုး၊ ဖေရဇိလူမျိုး၊ ဟိဝိလူမျိုးနှင့် ယေဗုသိလူမျိုးတို့ကို သင့်ရှေ့မှ ငါနှင်ထုတ်မည်။
ထာဝရအရှင် ဘုရားသခင်သည် သင်၏ခိုလှုံရာဖြစ်တော်မူ၏။ ထာဝရလက်ရုံးတော်ဖြင့် သင့်ကိုထောက်မတော်မူ၏။ ရန်သူကို သင့်မျက်စိရှေ့မှနှင်ထုတ်တော်မူ၍ ‘ဖျက်ဆီးလော့’ဟု မိန့်တော်မူမည်။
ထို့ပြင် သင်၏ဘုရားသခင်ထာဝရဘုရားသည် ကြွင်းကျန်သောသူများ၊ ပုန်းရှောင်နေသောသူများမပျက်စီးမချင်း ပျားတူများကို သူတို့ထဲတွင်စေလွှတ်တော်မူမည်။