မြေထွက်ကောက်ပဲသီးနှံ၏အသီးဦးများနှင့် သီးစားပင်ရှိသမျှတို့မှ အသီးဦးရှိသမျှတို့ကိုလည်း ထာဝရဘုရား၏အိမ်တော်သို့ နှစ်စဉ် ယူဆောင်လာပါမည်။
ထွက်မြောက် 23:19 - မြန်မာ့စံမီသမ္မာကျမ်း သင့်မြေမှထွက်သောအဦးဆုံးသီးနှံထဲမှအကောင်းဆုံးကို သင်၏ဘုရားသခင်ထာဝရဘုရား၏အိမ်တော်သို့ ယူဆောင်လာရမည်။ ဆိတ်သငယ်ကို မိခင်၏နို့ရည်ဖြင့် မပြုတ်ရ။ Common Language Bible ``နှစ်စဉ်သင်တို့၏လယ်များမှ အစဦးဆုံးရိတ် သိမ်းရသောသီးနှံများကို သင်၏ဘုရားသခင် ထာဝရဘုရား၏အိမ်တော်သို့ယူဆောင်လှူဒါန်း ရမည်။ ``သိုးငယ်သို့မဟုတ်ဆိတ်ငယ်ကို အမိနို့ရည်နှင့်မချက်မပြုတ်ရ။ Garrad Bible သင် တို့ မြေ၌ အ ဦး မှည့် သော အ သီး အ နှံ အ ထူး အ မြတ် ကို သင် တို့ ဘု ရား သ ခင် ငါ ထာ ဝ ရ ဘု ရား၏ ဗိ မာန် တော် ထဲ သို့ ဆောင် သွင်း ကြ ရ မည်။ သိုး ဆိတ် သား ငယ် ကို အ မိ နို့ ရည် နှင့် မ ချက် မ ပြုတ် ရ။ Judson Bible သင်၏မြေ၌ အဦးသီးသောအသီးအနှံ အကောင်းဆုံးကို၊ သင်၏ဘုရားသခင် ထာဝရဘုရား၏အိမ်တော်ထဲသို့ ဆောင်သွင်းရမည်။ ဆိတ်သငယ်ကို အမိနို့ရည်နှင့် မပြုတ်မချက်ရ။ |
မြေထွက်ကောက်ပဲသီးနှံ၏အသီးဦးများနှင့် သီးစားပင်ရှိသမျှတို့မှ အသီးဦးရှိသမျှတို့ကိုလည်း ထာဝရဘုရား၏အိမ်တော်သို့ နှစ်စဉ် ယူဆောင်လာပါမည်။
ပညတ်တရားကျမ်းတွင် ရေးထားသည့်အတိုင်း အကျွန်ုပ်တို့၏သားဦးများနှင့် တိရစ္ဆာန်သားဦးများ၊ သိုးအုပ်နွားအုပ်ထဲမှ အဦးဆုံးမွေးသောအကောင်တို့ကို ဘုရားသခင်၏အိမ်တော်၌အမှုတော်ဆောင်ရွက်သောသူများဖြစ်သည့် ယဇ်ပုရောဟိတ်တို့ရှိရာ ဘုရားသခင်၏အိမ်တော်သို့ ယူဆောင်လာပါမည်။
ဘုရားသခင်အား ပြစ်မှားပြောဆိုခြင်းမပြုရ။ သင့်လူမျိုး၏ခေါင်းဆောင်ကို မကျိန်ဆဲရ။
အသီးဦး၊ စပျစ်ရည်ဦးတို့ကို မယူထားဘဲ ငါ့အား ဆက်ကပ်ရမည်။ သင်တို့၏သားဦးများကိုလည်း ဆက်ကပ်ရမည်။
သင့်မြေမှထွက်သော အဦးဆုံးသီးနှံထဲမှအကောင်းဆုံးကို သင်၏ဘုရားသခင်ထာဝရဘုရား၏အိမ်တော်သို့ ယူဆောင်လာရမည်။ ဆိတ်သငယ်ကို မိခင်၏နို့ဖြင့် မပြုတ်ရ”ဟု မိန့်တော်မူ၏။
ဖြောင့်မတ်သောသူသည် မိမိတိရစ္ဆာန်၏အသက်ကို ဂရုစိုက်တတ်၏။ ဆိုးယုတ်သောသူတို့၏သနားစုံမက်ခြင်းမူကား ရက်စက်မှုဖြစ်၏။
သင်၏စည်းစိမ်ဥစ္စာနှင့် သင်ရရှိသမျှသောအသီးအနှံ၏အသီးဦးဖြင့် ထာဝရဘုရားကိုဂုဏ်ပြုချီးမွမ်းလော့။
အကြောင်းမူကား လူမျိုးတို့၏ဓလေ့စရိုက်တို့သည် အချည်းနှီးဖြစ်၏။ သူတို့သည် တောထဲမှသစ်ပင်ကိုခုတ်၍ လက်မှုပညာသည်တို့သည် ပုဆိန်ဖြင့်ထွင်းထု၏။
အကောင်းဆုံးအသီးဦးအမျိုးမျိုးနှင့် အလှူပစ္စည်းအမျိုးမျိုးတို့ကို ယဇ်ပုရောဟိတ်တို့ ပိုင်ရမည်။ သင့်အိမ်သားတို့ ကောင်းချီးမင်္ဂလာခံစားရမည့်အကြောင်း သင်၏အဦးဆုံးမုန့်ညက်ကို ယဇ်ပုရောဟိတ်တို့အား ပေးလှူရမည်။
ယဇ်ပုရောဟိတ်တို့၏မြေနှင့်ကပ်လျက် အလျားအတောင်နှစ်သောင်းငါးထောင်၊ အနံအတောင်တစ်သောင်းရှိသောမြေသည် လေဝိအမျိုးတို့အဖို့ ဖြစ်ရမည်။ ထိုမြေသည် အလျားအတောင်နှစ်သောင်းငါးထောင်၊ အနံအတောင်တစ်သောင်းရှိရမည်။
ဤမြေသည် ထာဝရဘုရားအဖို့ သန့်ရှင်းသောမြေဖြစ်သောကြောင့် သူတို့သည် ဤအကောင်းဆုံးမြေကို မရောင်းရ၊ အလဲအလှယ်မလုပ်ရ၊ အခြားသူလက်သို့ မလွှဲပြောင်းရ။
သင်တို့၏အဦးဆုံးမုန့်ညက်မှအလှူပစ္စည်းကို သင်တို့၏မျိုးဆက်အစဉ်အဆက် ထာဝရဘုရားအား ပေးလှူရမည်။
ယခုမူကား ခရစ်တော်သည် သေသောသူတို့ထဲမှ ထမြောက်တော်မူ၍ အိပ်ပျော်သောသူတို့တွင် အသီးဦးဖြစ်တော်မူပြီ။
သင်သည် သင်၏ဘုရားသခင်ထာဝရဘုရားအဖို့ သန့်ရှင်းသောလူမျိုးဖြစ်သောကြောင့် အလိုလိုသေသော အကောင်ဟူသမျှ မစားရ။ သင့်မြို့၌ရှိသော တိုင်းတစ်ပါးသားစားရန် ပေးခွင့်ရှိ၏။ သို့မဟုတ် တစ်ပါးအမျိုးသားထံရောင်းခွင့်ရှိ၏။ ဆိတ်သငယ်ကို မိခင်၏နို့ဖြင့်မပြုတ်ရ။
အို ထာဝရဘုရား၊ အကျွန်ုပ်အား ကိုယ်တော်ပေးတော်မူသောမြေအသီးအနှံ၏အသီးဦးကို ယခု အကျွန်ုပ်ယူဆောင်လာပါ၏’ဟု လျှောက်ဆိုပြီးလျှင် ထိုအသီးကို သင်၏ဘုရားသခင်ထာဝရဘုရား၏ရှေ့တော်၌ချထား၍ သင်၏ဘုရားသခင်ထာဝရဘုရားအား ရှိခိုးကိုးကွယ်ရမည်။
သင်၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်မှထွက်ရှိသည့် မြေအသီးအနှံအားလုံး၏အသီးဦးအချို့ကိုယူ၍ တောင်းထဲထည့်ပြီးလျှင် နာမတော်ကိန်းဝပ်ရာအဖြစ် သင်၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောနေရာသို့ သွားရမည်။
ထိုသူတို့သည် မိန်းမများအားဖြင့် ညစ်ညူးစေခြင်းမခံခဲ့ရသောသူများဖြစ်ကြ၏။ အကြောင်းမူကား သူတို့သည် လူပျိုစစ်စစ်ဖြစ်ကြ၏။ သူတို့သည် သိုးသငယ်တော်သွားလေရာသို့လိုက်ပါသောသူများဖြစ်ကြပြီး ဘုရားသခင်နှင့်သိုးသငယ်တော်တို့အတွက် အသီးဦးအဖြစ် လူတို့အထဲမှ ရွေးနုတ်ဝယ်ယူခြင်းခံရသောသူများဖြစ်ကြ၏။