ထိုသူတို့၏သမီးများကို လက်ထပ်ယူပြီး မိမိသားတို့နှင့်လည်း ပေးစားကြ၏။ ဤသို့ဖြင့် သန့်ရှင်းသောအမျိုးအနွယ်သည် ထိုပြည်သားတို့နှင့်ရောနှောလေပြီ။ ဤသစ္စာမဲ့မှုကို အကြီးအကဲများ၊ မင်းအရာရှိများက ထိပ်ဆုံးမှပြုကြ၏”ဟု ဆိုကြ၏။
ထွက်မြောက် 22:31 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည် ငါ့အဖို့ သန့်ရှင်းသောသူများဖြစ်ရမည်။ ကွင်းပြင်၌ သားရဲကိုက်သတ်သောအကောင်၏အသားကို သင်တို့ မစားရ။ ခွေးကို ပစ်ပေးရမည်။ Common Language Bible ``သင်တို့သည်ငါ၏လူမျိုးတော်ဖြစ်သောကြောင့် သားရဲများကိုက်သတ်သောတိရစ္ဆာန်၏အသား ကိုမစားရ။ ထိုအသားကိုခွေးတို့အားကျွေး လော့။ Garrad Bible သင် တို့ သည် ငါ့ အ ဖို့ သီး သန့် ထား သူ ဖြစ် ကြ သည့် အ တိုင်း လယ် တော၌ သား ရဲ ကိုက် သော အ သား ကို မ စား ရ။ ခွေး များ အား ပစ် ပေး ရ မည်။ Judson Bible သင်တို့သည် ငါ့ထံ၌ သန့်ရှင်းသောသူဖြစ်ရကြမည်။ တော၌ သားရဲကိုက်သော အမဲသားကိုမစားရ။ ခွေးတို့အားပစ်ပေးရမည်။ |
ထိုသူတို့၏သမီးများကို လက်ထပ်ယူပြီး မိမိသားတို့နှင့်လည်း ပေးစားကြ၏။ ဤသို့ဖြင့် သန့်ရှင်းသောအမျိုးအနွယ်သည် ထိုပြည်သားတို့နှင့်ရောနှောလေပြီ။ ဤသစ္စာမဲ့မှုကို အကြီးအကဲများ၊ မင်းအရာရှိများက ထိပ်ဆုံးမှပြုကြ၏”ဟု ဆိုကြ၏။
ငါကလည်း “အို ဘုရားရှင်ထာဝရဘုရား၊ အကျွန်ုပ်သည် ငယ်စဉ်မှစ၍ ယခုတိုင်အောင် အလိုလိုသေသောအကောင်၊ သားရဲကိုက်၍သေသောအကောင်တို့ကို မစားဖူးပါ။ ထိုအရာတို့ဖြင့် ကိုယ့်ကိုယ်ကိုယ် မညစ်ညူးစေဖူးပါ။ ထိုသို့ရွံရှာဖွယ်သောအကောင်၏အသားကို အကျွန်ုပ်ပါးစပ်ထဲသို့ မထည့်ဖူးပါ”ဟု ပြန်လျှောက်၏။
ငှက်ဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ အလိုလိုသေလျှင်၊ သို့မဟုတ် သားရဲကိုက်၍သေလျှင် ယဇ်ပုရောဟိတ်တို့မစားရ။
“အစ္စရေးအမျိုးသားလူထုအပေါင်းတို့အား ဆင့်ဆိုလော့။ သင်တို့၏ဘုရားသခင် ငါထာဝရဘုရားသည် သန့်ရှင်းသောအရှင်ဖြစ်သောကြောင့် သင်တို့သည်လည်း သန့်ရှင်းသောသူများဖြစ်ရမည်။
သို့ဖြစ်၍ သင်တို့သည် စင်ကြယ်သောတိရစ္ဆာန်နှင့် မစင်ကြယ်သောတိရစ္ဆာန်၊ မစင်ကြယ်သောငှက်နှင့် စင်ကြယ်သောငှက်ကို ခွဲခြားထားရမည်။ သင်တို့အဖို့ မစင်ကြယ်သောအကောင်အဖြစ် ငါခွဲခြားထားသည့် တိရစ္ဆာန်အားဖြင့်ဖြစ်စေ၊ ငှက်အားဖြင့်ဖြစ်စေ၊ မြေပေါ်မှာတွားသွားသော အကောင်တစ်ကောင်ကောင်အားဖြင့်ဖြစ်စေ သင်တို့ကိုယ်သင်တို့ မညစ်ညူးစေရ။
အလိုလိုသေသောအကောင်၊ သို့မဟုတ် သားရဲကိုက်သတ်သောအကောင်ကို စားခြင်းဖြင့် ကိုယ့်ကိုယ်ကိုယ်မညစ်ညူးစေရ။ ငါသည် ထာဝရဘုရားဖြစ်၏။
အလိုလိုသေသောအကောင်၏အဆီ၊ သားရဲကိုက်သတ်သောအကောင်၏အဆီကို တစ်စုံတစ်ရာအတွက်အသုံးပြုနိုင်သော်လည်း လုံးဝမစားရ။
သို့သော် ပေတရုက “မဖြစ်နိုင်ပါ သခင်ဘုရား၊ အကြောင်းမူကား အကျွန်ုပ်သည် ညစ်ညူးသောအရာနှင့်မစင်ကြယ်သောအရာ တစ်စုံတစ်ခုကိုမျှ မစားဖူးပါ”ဟု လျှောက်လေ၏။
ရုပ်တုများကြောင့်ညစ်ညူးသောအရာ၊ တရားနှင့်မညီမေထုန်ပြုခြင်း၊ လည်ညှစ်သတ်သောတိရစ္ဆာန်နှင့် သွေးတို့ကိုရှောင်ကြဉ်ကြရန် သူတို့ထံ စာရေးသင့်သည်ဟု ငါယူဆ၏။
သင်သည် သင်၏ဘုရားသခင်ထာဝရဘုရားအဖို့ သန့်ရှင်းသောလူမျိုးဖြစ်သောကြောင့် အလိုလိုသေသော အကောင်ဟူသမျှ မစားရ။ သင့်မြို့၌ရှိသော တိုင်းတစ်ပါးသားစားရန် ပေးခွင့်ရှိ၏။ သို့မဟုတ် တစ်ပါးအမျိုးသားထံရောင်းခွင့်ရှိ၏။ ဆိတ်သငယ်ကို မိခင်၏နို့ဖြင့်မပြုတ်ရ။