အိမ်ထိန်းက “ကောင်းပြီ။ သင်တို့၏စကားအတိုင်းဖြစ်စေ။ တစ်ယောက်ယောက်ထံ၌ ထိုခွက်ကို တွေ့လျှင် ထိုသူသည် ငါ့ထံ၌ကျွန်ခံရမည်။ ကျန်သောသူတို့မူကား ကင်းလွတ်စေ”ဟု ဆိုလေ၏။
ထွက်မြောက် 22:3 - မြန်မာ့စံမီသမ္မာကျမ်း နေ့အချိန်ဖြစ်လျှင် ရိုက်သောသူ၌ လူသတ်သောအပြစ်ရှိ၏။ သူခိုးသည် မုချအလျော်ပေးရမည်။ သူ၌မည်သည့်အရာမျှမရှိလျှင် ခိုးယူထားသောအရာအတွက် သူသည်အရောင်းခံရမည်။ Garrad Bible နေ ထွက် မှ ဖြစ် လျှင် မူ ကား မ ကင်း ချေ။ သူ ခိုး သည် လျော် ပေး ရန် တာ ဝန် ရှိ လေ ၏။ ပေး ရန် မ ရှိ လျှင် ခိုး ရာ ပါ ပ စ္စည်း အ တွက် ကိုယ် ကို အ ရောင်း ခံ စေ။ Judson Bible သို့သော်လည်း နေထွက်လျှင် သေစားသေစေရမည်။ အကြောင်းမူကား၊ ပြန်ပေးစရာအကြောင်းရှိ၏။ ဥစ္စာအလျှင်းမရှိလျှင်၊ ခိုးသည်ဥစ္စာအတွက် ကိုယ်ကိုရောင်းရမည်။ |
အိမ်ထိန်းက “ကောင်းပြီ။ သင်တို့၏စကားအတိုင်းဖြစ်စေ။ တစ်ယောက်ယောက်ထံ၌ ထိုခွက်ကို တွေ့လျှင် ထိုသူသည် ငါ့ထံ၌ကျွန်ခံရမည်။ ကျန်သောသူတို့မူကား ကင်းလွတ်စေ”ဟု ဆိုလေ၏။
ဟေဗြဲလူမျိုးကျွန်တစ်ယောက်ကိုဝယ်လျှင် သူသည် ခြောက်နှစ်အစေခံ၍ ခုနစ်နှစ်မြောက်၌ အဖိုးအခမပေးဘဲ လွတ်လပ်သောသူအဖြစ် ထွက်သွားခွင့်ရှိ၏။
တွင်းပိုင်ရှင်သည် တိရစ္ဆာန်ပိုင်ရှင်အား ငွေအလျော်ပေးရမည်။ သေသောအကောင်ကိုကား သူပိုင်၏။
သူခိုးသည် ဖောက်ထွင်းစဉ် အဖမ်းခံရ၍ သူ့ကိုရိုက်နှက်သဖြင့် သူသေသွားလျှင် ရိုက်သောသူ၌ လူသတ်သောအပြစ်မရှိ။
“စစ်ပွဲ ပြီးဆုံးပြီ။ ထာဝရဘုရား၏လက်တော်မှ မိမိအပြစ်အတွက် နှစ်ဆခံယူပြီးပြီဖြစ်၍ အပြစ်လည်း ခွင့်လွှတ်ခြင်းခံရပြီ”ဟု ဂျေရုဆလင်မြို့အား ကြေညာပြီး နှစ်သိမ့်ပေးလော့။
ထာဝရဘုရားက “သင်တို့မိခင်ကို ငါအဝေးသို့နှင်ထုတ်လိုက်သောအခါ မည်သည့်ကွာရှင်းစာ ငါပေးသနည်း။ မည်သည့်အကြွေးရှင်ထံ သင်တို့ကို ငါရောင်းစားခဲ့သနည်း။ သင်တို့၏အပြစ်ကြောင့်သာ သင်တို့ရောင်းစားခံရ၏။ သင်တို့ကျူးလွန်သောအပြစ်ကြောင့်သာ သင်တို့မိခင်သည် အဝေးသို့နှင်ထုတ်ခံရ၏။
သို့သော် ထိုသူ၌ အကြွေးဆပ်စရာမရှိသောကြောင့် သူကိုယ်တိုင်မှစ၍ သားမယားနှင့် သူပိုင်ဆိုင်သောအရာအားလုံးတို့ကိုရောင်း၍ အကြွေးဆပ်ရန် သူ့သခင်သည် အမိန့်ချလေ၏။
ထို့ကြောင့် ထာဝရဘုရားသည် အစ္စရေးလူမျိုးကို အမျက်ထွက်၍ သူတို့ကို ဖိလိတ္တိလူမျိုး၊ အမ္မုန်လူမျိုးတို့လက်သို့ ရောင်းလိုက်လေ၏။
ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့ကို အမျက်ထွက်၍ တိုက်ခိုက်လုယက်သောသူတို့လက်ထဲသို့အပ်လိုက်တော်မူသဖြင့် ထိုသူတို့သည် သူတို့ကိုတိုက်ခိုက်လုယက်ကြ၏။ သူတို့ဝန်းကျင်ရှိ ရန်သူတို့ထံ သူတို့ကို ရောင်းလိုက်တော်မူသဖြင့် သူတို့သည် ရန်သူတို့ကို မခုခံနိုင်ကြတော့ပေ။