ထိုအကြောင်းကို သေချာတွေးဆကြည့်ပြီးမှ ငါက ခေါင်းဆောင်များ၊ ကြီးကြပ်သူများအား “သင်တို့သည် ကိုယ့်အမျိုးသားချင်းကိုပင် အတိုးစားသူများဖြစ်ကြပါသည်တကား”ဟု ပြစ်တင်ပြောဆိုလျက် အစည်းအဝေးကြီးကို ခေါ်၍
ထွက်မြောက် 22:24 - မြန်မာ့စံမီသမ္မာကျမ်း ငါအမျက်ထွက်ပြီး သင်တို့ကို ဓားဖြင့်ကွပ်မျက်မည်။ ထိုအခါ သင်တို့၏မယားတို့သည် မုဆိုးမများ၊ သင်တို့၏သားသမီးတို့သည် ဖတဆိုးများဖြစ်ကြရလိမ့်မည်။ Common Language Bible ငါသည်အမျက်ထွက်သဖြင့်သင်တို့ကိုစစ်ပွဲ တွင်ကျဆုံးစေမည်။ ထိုအခါသင်တို့၏မယား တို့သည်မုဆိုးမဖြစ်၍သင်တို့၏သားသမီး များသည်ဘသက်ဆိုးဖြစ်ကြလိမ့်မည်။ Garrad Bible ပြင်း စွာ အ မျက် တော် ထား လျက် သင် တို့ ကို ဓား ဘေး ဖြင့် ကွပ် မျက်၍ မ ယား တို့ သည် မု ဆိုး မ၊ သား များ လည်း ဘ သက် ဆိုး ဖြစ် ကြ လိမ့် မည်။ Judson Bible ငါအမျက်ပြင်းစွာထွက်လျက် သင်တို့ကို ဓားဘေးဖြင့်ကွပ်မျက်မည်။ သင်တို့မယားများသည်လည်း မုဆိုးမဖြစ်၍၊ သားသမီးများသည်လည်း မိဘမရှိသော သူငယ်ဖြစ်ကြလိမ့်မည်။ |
ထိုအကြောင်းကို သေချာတွေးဆကြည့်ပြီးမှ ငါက ခေါင်းဆောင်များ၊ ကြီးကြပ်သူများအား “သင်တို့သည် ကိုယ့်အမျိုးသားချင်းကိုပင် အတိုးစားသူများဖြစ်ကြပါသည်တကား”ဟု ပြစ်တင်ပြောဆိုလျက် အစည်းအဝေးကြီးကို ခေါ်၍
ဘုရားသခင်ထံမှလာမည့်ဘေးဒုက္ခကို ငါကြောက်၏။ ဘုန်းတော်ကြောင့် မည်သည့်အမှုကိုမျှ ငါမပြုဝံ့ပါ။
အကြောင်းမူကား ဆိုးယုတ်သောသူ၊ လိမ်လည်လှည့်ဖြားသောသူတို့သည် အကျွန်ုပ်ကိုဆန့်ကျင်လျက် မိမိတို့နှုတ်ကိုဖွင့်ဟကြပါ၏။ မုသားသုံးသောလျှာဖြင့် အကျွန်ုပ်ကို ဆန့်ကျင်ပြောဆိုကြပါ၏။
မိမိငွေကို အတိုးဖြင့်ချေးငှားခြင်းမပြု၊ အပြစ်ကင်းသောသူကိုထိခိုက်စေသည့် တံစိုးလက်ဆောင်ကိုလက်မခံသောသူပင်တည်း။ ဤသို့ပြုသောသူသည် မည်သည့်အခါမျှတုန်လှုပ်မည်မဟုတ်။
ကိုယ်တော်၏အမျက်တော်ကို သူတို့အပေါ်သွန်းလောင်းတော်မူပါ။ ကိုယ်တော်၏ပြင်းထန်သောအမျက်တော်သည် သူတို့ကိုကျော်နင်းလွှမ်းမိုးပါစေ။
ကိုယ်တော်တစ်ပါးတည်းသာလျှင် ကြောက်ရွံ့ဖွယ်ဖြစ်တော်မူ၏။ ကိုယ်တော်အမျက်ထွက်တော်မူသောအခါ မည်သူသည် ကိုယ်တော်၏ရှေ့တွင် ရပ်နေနိုင်ပါမည်နည်း။
ကိုယ်တော့်အမျက်တော်တန်ခိုးကိုလည်းကောင်း၊ အမျက်ထွက်သည့်ပမာဏနှင့်အညီ ကြောက်ရွံ့ရကြောင်းကိုလည်းကောင်း မည်သူသိနိုင်ပါသနည်း။
မုဆိုးမတို့သည် သမုဒ္ဒရာသဲလုံးထက်မက များပြားလိမ့်မည်။ မွန်းတည့်ချိန်၌ပင် သားလူပျိုရှိသောအမိတို့ထံ အဖျက်သမားကို ငါစေလွှတ်မည်။ သူတို့အပေါ် ထိတ်လန့်ခြင်း၊ နာကျင်ခြင်းကို ရုတ်တရက် ကျရောက်စေမည်”ဟု မိန့်တော်မူ၏။
ထို့ကြောင့် သူတို့၏သားသမီးများကို ငတ်မွတ်ခေါင်းပါးခြင်းဘေးနှင့် ကြုံတွေ့စေပါ၊ ဓားဖြင့်ကျဆုံးစေပါ။ သူတို့၏မိန်းမများကို သားသမီးများဆုံးပါးစေပါ၊ မုဆိုးမဖြစ်စေပါ။ ယောက်ျားတို့ကို သေမင်းလက်သို့ရောက်စေပါ။ လူပျိုတို့ကို တိုက်ပွဲ၌ ဓားဖြင့်သေစေပါ။
အကျွန်ုပ်တို့သည် ဖခင်မရှိသော ဖတဆိုးများဖြစ်ကြပြီ။ မိခင်သည်လည်း မုဆိုးမ ဖြစ်ရလေပြီ။
သင်၏အမျိုးသားချင်းတစ်ဦးသည် ဆင်းရဲသွား၍ သင့်အား မှီခိုနေရလျှင် သူ့အား တိုင်းတစ်ပါးသား၊ သို့မဟုတ် ဧည့်သည်ကဲ့သို့ ထောက်မရမည်။ သင်နှင့်အတူ နေထိုင်ခွင့်ပေးရမည်။
သူ့ထံမှ အတိုးအမြတ် မယူရ။ သင်၏ဘုရားသခင်ကို ကြောက်ရွံ့ပြီး သင်၏ညီအစ်ကိုကို သင်နှင့်အတူနေထိုင်ခွင့်ပြုရမည်။
ကိုယ်တော်၏အမျက်တော်ရှေ့၌ မည်သူရပ်နိုင်မည်နည်း။ ကိုယ်တော်၏ပြင်းစွာသောအမျက်တော်ကို မည်သူကြံ့ကြံ့ခံနိုင်မည်နည်း။ အမျက်တော်ကို မီးကဲ့သို့သွန်ချတော်မူလျှင် ရှေ့တော်၌ ကျောက်ဆောင်များ ပြိုကျကုန်ပါ၏။
ပေးကမ်းကြလော့။ သို့ပြုလျှင် သင်တို့ကိုလည်း ပေးကမ်းလိမ့်မည်။ အလျှံပယ်သိပ်လျက်၊ ခါလျက်၊ ပြည့်လျှံအောင် သင်တို့အိတ်ထဲသို့ ထည့်ပေးကြလိမ့်မည်။ အကြောင်းမူကား သင်တို့တိုင်းတာခြင်တွယ်သည့်စံနှုန်းအတိုင်း သင်တို့အတွက် တိုင်းတာခြင်တွယ်ပေးကြလိမ့်မည်”ဟု မိန့်တော်မူ၏။
တစ်ပါးအမျိုးသားထံမှ အတိုးယူနိုင်၏။ သို့သော် သင်ဝင်ရောက်သိမ်းပိုက်မည့်ပြည်တွင် သင်၏ဘုရားသခင်ထာဝရဘုရားသည် သင်လုပ်ဆောင်လေရာရာ၌ သင့်ကို ကောင်းချီးပေးတော်မူမည့်အကြောင်း သင်သည် မိမိအမျိုးသားချင်းထံမှ အတိုးမယူရ။
သင်၏ဘုရားသခင်ထာဝရဘုရားအား ကတိသစ္စာပြုလျှင် သင်၏ဘုရားသခင်ထာဝရဘုရားသည် ထိုကတိသစ္စာကို သင့်ထံမှ မုချတောင်းတော်မူမည်ဖြစ်၍ ထိုကတိသစ္စာကိုပြည့်စုံစေရန် မနှောင့်နှေးနှင့်။ နှောင့်နှေးလျှင် သင့်အပေါ် အပြစ်သက်ရောက်မည်။
အသက်ရှင်တော်မူသောဘုရားသခင်၏လက်တော်သို့ကျရောက်ခြင်းသည် ကြောက်မက်ဖွယ်ကောင်း၏။