အကယ်စင်စစ် သင်တို့၏အသက်သွေးကြွေးကို ငါပြန်တောင်းမည်။ တောရိုင်းတိရစ္ဆာန်ဖြစ်လျှင်လည်း ၎င်းတို့၏အသက်ကိုငါပြန်တောင်းမည်။ လူအချင်းချင်းဖြစ်လျှင်လည်း ထိုလူ၏အသက်ကို ငါပြန်တောင်းမည်။
ထွက်မြောက် 21:29 - မြန်မာ့စံမီသမ္မာကျမ်း ထိုနွားသည် ယခင်ကတည်းက ဝှေ့တတ်သောနွားဖြစ်ကြောင်း ပိုင်ရှင်ကိုသတိပေးသော်လည်း ထိုနွားကိုမထိန်းသိမ်းသဖြင့် လူယောက်ျား၊ သို့မဟုတ် လူမိန်းမကိုဝှေ့သတ်လျှင် ထိုနွားကို ခဲနှင့်ပေါက်သတ်ရမည်။ ပိုင်ရှင်သည်လည်း သေဒဏ်ခံရမည်။ Common Language Bible အကယ်၍နွားသည်လူကိုဝှေ့တတ်ကြောင်း နွား ပိုင်ရှင်အားသတိပေးပါလျက်နှင့်ချည်နှောင် ၍မထားသောကြောင့် လူတစ်ယောက်ကိုဝှေ့ သတ်ခဲ့လျှင်ထိုနွားကိုကျောက်ခဲနှင့်ပစ်၍ သတ်ရမည်။ နွားရှင်ကိုလည်းသေဒဏ်ပေးရ မည်။- Garrad Bible သို့ ရာ တွင် နွား သည် ယ မန် က ဝှေ့ တတ် သည် ကို နွား ရှင် ကြား သိ ရ လျက် မ စောင့် ရှောက် သည် နှင့် ယောက်ျား မိန်း မ ကို ဝှေ့ သတ် လျှင် ခဲ နှင့် ပစ် သတ် စေ။ Judson Bible ၎င်းနည်း နွားသည် အထက်ကခွေ့ဖူး၍၊ ခွေ့ကြောင်းကို နွားရှင်ကြားသိလျက် မချည်မနှောင်အလွတ်ထား၍၊ နွားသည် ယောက်ျား၊ မိန်းမကိုသတ်မိလျှင်၊ ထိုနွားကို ကျောက်ခဲနှင့် ပစ်သတ်ရမည်။ နွားရှင်ကိုလည်း အသေသတ်ရမည်။ |
အကယ်စင်စစ် သင်တို့၏အသက်သွေးကြွေးကို ငါပြန်တောင်းမည်။ တောရိုင်းတိရစ္ဆာန်ဖြစ်လျှင်လည်း ၎င်းတို့၏အသက်ကိုငါပြန်တောင်းမည်။ လူအချင်းချင်းဖြစ်လျှင်လည်း ထိုလူ၏အသက်ကို ငါပြန်တောင်းမည်။
နွားသည် ယောက်ျား၊ သို့မဟုတ် မိန်းမ တစ်စုံတစ်ယောက်ကိုဝှေ့သဖြင့် ထိုသူသေလျှင် နွားကို ခဲနှင့်မုချပေါက်သတ်ရမည်။ ထိုနွား၏အသားကိုမစားရ။ ပိုင်ရှင်မူကား အပြစ်ကင်းလွတ်၏။
အကယ်၍ သူ့အားလျော်ကြေးတောင်းမည်ဆိုလျှင် တောင်းသမျှကို သူသည် မိမိအသက်ကိုရွေးနုတ်သောအဖိုးအခအဖြစ် ပေးရမည်။
သို့ရာတွင် နွားသည် ယခင်ကတည်းက ဝှေ့တတ်သောနွားဖြစ်ကြောင်းသိသော်လည်း ပိုင်ရှင်သည် ထိုနွားကို မထိန်းသိမ်းလျှင် နွားတစ်ကောင်အတွက် နွားတစ်ကောင်ကို မုချအလျော်ပေးရမည်။ သေသောအကောင်ကိုကား သူပိုင်၏။