Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ထွက်​မြောက် 21:36 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

36 သို့ရာတွင် နွား​သည် ယခင်​ကတည်းက ဝှေ့​တတ်​သော​နွား​ဖြစ်ကြောင်း​သိ​သော်လည်း ပိုင်ရှင်​သည် ထို​နွား​ကို မ​ထိန်းသိမ်း​လျှင် နွား​တစ်​ကောင်​အတွက် နွား​တစ်​ကောင်​ကို မုချ​အလျော်ပေး​ရ​မည်​။ သေ​သော​အကောင်​ကို​ကား သူ​ပိုင်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

36 သို့​ရာ​တွင်​နွား​ပိုင်​ရှင်​က​မိ​မိ​၏​နွား​သည်​ဝှေ့ တတ်​ကြောင်း​ကို​သိ​လျက်​နှင့် ချည်​နှောင်​၍​မ ထား​ခဲ့​လျှင်​နွား​သေ​အ​တွက်​နွား​တစ်​ကောင် ကို​အ​စား​လျော်​၍​နွား​သေ​ကို​ပိုင်​စေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

36 သို့ ရာ တွင် နွား သည် ယ မန် က ဝှေ့ တတ် သည် ကို သိ လျက် နွား ရှင် မ စောင့် ရှောက်၍ ဖြစ် လျှင် နွား အ စား နွား ကို မု ချ လျော် ပေး စေ။ သေ သော နွား ကို ကား ပိုင် စေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

36 ၎င်း​နည်း နွား​သည် အ​ထက်​က​ခွေ့​ဖူး​ကြောင်း​ကို၊ နွား​ရှင်​သိ​လျက်​နှင့် မ​ချည်​မ​နှောင် အ​လွတ်​ထား​လျှင်၊ နွား​သေ​ကောင်​ကို ကိုယ်​တိုင်​ယူ​ရ​မည်။ ထို​နွား​တစ်​ကောင်​အ​တွက် တစ်​ကောင်​ကို​အ​မှန်​လျော်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက် 21:36
4 ပူးပေါင်းရင်းမြစ်များ  

ထို​နွား​သည် ယခင်​ကတည်းက ဝှေ့​တတ်​သော​နွား​ဖြစ်ကြောင်း ပိုင်ရှင်​ကို​သတိပေး​သော်လည်း ထို​နွား​ကို​မ​ထိန်းသိမ်း​သဖြင့် လူ​ယောက်ျား​၊ သို့မဟုတ် လူ​မိန်းမ​ကို​ဝှေ့သတ်​လျှင် ထို​နွား​ကို ခဲ​နှင့်​ပေါက်သတ်​ရ​မည်​။ ပိုင်ရှင်​သည်​လည်း သေဒဏ်​ခံရ​မည်​။


တစ်စုံတစ်ဦး​၏​နွား​သည် မိမိ​အိမ်နီးချင်း​၏​နွား​ကို ဝှေ့​သတ်​လျှင် ရှင်​သော​နွား​ကို​ရောင်း​၍ ငွေ​ကို​ခွဲယူ​ကြ​ရ​မည်​။ သေ​သော​အကောင်​ကို​လည်း ခွဲယူ​ကြ​ရ​မည်​။


တစ်စုံတစ်ဦး​သည် နွား​၊ သို့မဟုတ် သိုး​ကို ခိုးယူ​၍ သတ်​သည်​ဖြစ်စေ​၊ ရောင်း​သည်​ဖြစ်စေ နွား​တစ်​ကောင်​အတွက် နွား​ငါး​ကောင်​၊ သိုး​တစ်​ကောင်​အတွက် သိုး​လေး​ကောင်​ကို အလျော်ပေး​ရ​မည်​။


သူတစ်ပါး​၏​တိရစ္ဆာန်​ကို​သတ်​သော​သူ​သည် တစ်​ကောင်​အတွက်​တစ်​ကောင် အလျော်ပေး​ရ​မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ