တစ်စုံတစ်ဦးသည် မိမိကျွန်ယောက်ျား၊ သို့မဟုတ် ကျွန်မိန်းမကို တုတ်ဖြင့်ရိုက်နှက်စဉ်တွင် ထိုကျွန်သေလျှင် ထိုသူသည် မုချအပြစ်ဒဏ်ခံရမည်။
``တစ်စုံတစ်ယောက်သောသူသည် ကျွန်ယောကျာ်း ကိုဖြစ်စေ၊ ကျွန်မိန်းမကိုဖြစ်စေတုတ်နှင့် ရိုက်သဖြင့်၊ ထိုကျွန်သေလျှင်ထိုသူသည် အပြစ်ဒဏ်ကိုခံစေရမည်။-
သ ခင် သည် တုတ် နှင့် ရိုက် နှက်၍ ကျွန် ယောက်ျား ဖြစ် စေ၊ ကျွန် မိန်း မ ဖြစ် စေ၊ ရိုက် တွင်း သေ လျှင် လက် စား ချေ ဒဏ် ကို မု ချ ခံ စေ။
သခင်သည် ကျွန်ယောက်ျား၊ ကျွန်မိန်းမကိုတုတ်နှင့်ရိုက်၍ ထိုကျွန်သေလျှင်၊ သခင်သည် လေးသောဒဏ်ကိုခံရမည်။
ထာဝရဘုရားကလည်း “သို့ဖြစ်လျှင် မည်သူမဆို ကာဣနကိုသတ်လျှင် ခုနစ်ဆသောလက်တုံ့ပြန်ခြင်းကို ခံရလိမ့်မည်”ဟု မိန့်တော်မူ၏။ ကာဣနကိုတွေ့သောသူတစ်စုံတစ်ယောက်မျှ သူ့ကိုမသတ်မည့်အကြောင်း ထာဝရဘုရားသည် သူ၌ အမှတ်လက္ခဏာတစ်ခုကို ထားတော်မူ၏။
ကာဣနအတွက် ခုနစ်ဆသောလက်တုံ့ပြန်ခြင်းရှိလျှင် လာမက်အတွက် ခုနစ်ဆယ့်ခုနစ်ဆရှိလိမ့်မည်”ဟု ဆို၏။
လူ၏အသက်ကိုသတ်သောသူသည် လူ့လက်ဖြင့်အသတ်ခံရမည်။ အကြောင်းမူကား ဘုရားသခင်သည် မိမိ၏ပုံသဏ္ဌာန်အတိုင်း လူကိုဖန်ဆင်းတော်မူ၏။
အပြင်၌တောင်ဝှေးဖြင့် လမ်းထလျှောက်နိုင်လျှင်လည်းကောင်း ပြုသူသည် အပြစ်ဒဏ်နှင့်ကင်းလွတ်ရမည်။ သို့သော် ခံရသူ အလုပ်ပျက်သွားသည့်အချိန်အတွက် သူ့အား နစ်နာကြေးပေး၍ လုံးလုံးပျောက်ကင်းသည့်တိုင်အောင်ကုသပေးရမည်။
တစ်ရက်၊ သို့မဟုတ် နှစ်ရက်အသက်ရှင်လျှင် ထိုကျွန်ကို သူပိုင်သောကြောင့် အပြစ်ဒဏ်မခံရ။
အစေအပါးကို စကားအားဖြင့်သာ ပဲ့ပြင်၍မရနိုင်။ သူသည် နားလည်သော်လည်း တုံ့ပြန်လိမ့်မည်မဟုတ်။
သွေးကြွေးအတွက်လက်စားချေပေးသောသူသည် လူသတ်သောသူကိုတွေ့လျှင် သူကိုယ်တိုင်သတ်ရမည်။
အကြောင်းမူကား သူသည် သင့်အား ကောင်းကျိုးပြုသော ဘုရားသခင်၏အစေခံဖြစ်၏။ သို့ရာတွင် မကောင်းသောအမှုကိုသင်ပြုလျှင် ကြောက်ရွံ့ခြင်းရှိလော့။ သူသည် ဓားကို အကြောင်းမဲ့ဆောင်ထားသည်မဟုတ်။ သူသည် မကောင်းသောအမှုကိုပြုကျင့်သောသူအား အမျက်တော်အတွက် အပြစ်ဒဏ်ပေးသည့် ဘုရားသခင်၏အစေခံဖြစ်၏။
သင်သည် သူ့ကို မသနားရ။ အသက်အတွက် အသက်၊ မျက်စိအတွက် မျက်စိ၊ သွားအတွက် သွား၊ လက်အတွက် လက်၊ ခြေအတွက် ခြေ သူ့ကို ပြန်ခံစေရမည်။