လူကလည်း “ဥယျာဉ်၌ ကိုယ်တော်၏အသံကိုကြား၍ အကျွန်ုပ်မှာ အဝတ်မပါအချည်းစည်းဖြစ်သောကြောင့် ကြောက်၍ ပုန်းကွယ်နေပါသည်”ဟု လျှောက်လေ၏။
ထွက်မြောက် 20:19 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် သူတို့က မောရှေအား “သင်သာလျှင် အကျွန်ုပ်တို့ကိုဆင့်ဆိုပါလော့။ အကျွန်ုပ်တို့နားထောင်ပါမည်။ အကျွန်ုပ်တို့အား ဘုရားသခင် မိန့်ဆိုတော်မမူပါစေနှင့်။ မိန့်ဆိုတော်မူလျှင် အကျွန်ုပ်တို့သေကြရပါလိမ့်မည်”ဟု ဆိုကြ၏။ Common Language Bible သူတို့ကမောရှေအား``ကိုယ်တော်ကသာ အကျွန်ုပ်တို့အား ထာဝရဘုရား၏အမိန့်ကို ဆင့်ဆိုပါ။ အကျွန်ုပ်တို့နားထောင်ပါမည်။ ထာဝရဘုရားကအကျွန်ုပ်တို့အားတိုက် ရိုက်မိန့်ကြားပါက အကျွန်ုပ်တို့သေမည် ကိုစိုးရိမ်ပါသည်'' ဟုဆိုလေ၏။ Garrad Bible ထွက် ပြေး ၍ အ ဝေး၌ ရပ် နေ လျက် သေ တော့ မည် စိုး ၍ ကျွန် တော် တို့ ဘု ရား သ ခင် မိန့် မြွက် တော် မ မူ ပါ စေ နှင့်။ ကိုယ် တော် သာ ဆင့် ဆို တော် မူ ပါ။ နာ ခံ ပါ မည် ဟု မော ရှေ အား လျှောက် ဆို ကြ သော်၊ Judson Bible မောရှေကိုလည်း၊ အကျွန်ုပ်တို့အား ကိုယ်တော်မိန့်တော်မူပါ၊ အကျွန်ုပ်တို့သည် နားထောင်ပါမည်။ အကျွန်ုပ်တို့အား ဘုရားသခင်မိန့်တော်မမူပါစေနှင့်။ အကျွန်ုပ်တို့သည်သေမည်ကို စိုးရိမ်ပါသည်ဟု လျှောက်ဆိုကြ၏။ |
လူကလည်း “ဥယျာဉ်၌ ကိုယ်တော်၏အသံကိုကြား၍ အကျွန်ုပ်မှာ အဝတ်မပါအချည်းစည်းဖြစ်သောကြောင့် ကြောက်၍ ပုန်းကွယ်နေပါသည်”ဟု လျှောက်လေ၏။
ထို့ကြောင့် ယာကုပ်က “ငါသည် ဘုရားသခင်ကို မျက်နှာချင်းဆိုင်မြင်ရလျက်နှင့် အသက်ချမ်းသာရာရသေး၏”ဟု ဆိုလျက် ထိုအရပ်၏အမည်ကို ပေနွေလ ဟုခေါ်၏။
တစ်ဖန် ထာဝရဘုရားက “ငါ့ကိုမြင်သောသူသည် အသက်မရှင်ရ။ သို့ဖြစ်၍ သင်သည် ငါ့မျက်နှာကို မမြင်နိုင်”ဟု မိန့်တော်မူ၏။
သူသည် သိနာတောင်၌ သူ့အားစကားပြောခဲ့သောကောင်းကင်တမန်မှစ၍ ငါတို့၏ဘိုးဘေးများနှင့်အတူ တောကန္တာရတွင်ရှိသောလူအစုအဝေးထဲ၌ရှိလျက် ငါတို့အားပေးအပ်ရန် အသက်ရှင်သောနှုတ်ကပတ်တရားကို လက်ခံရရှိခဲ့၏။
သို့ဖြစ်လျှင် ပညတ်တရားသည် အဘယ်ကြောင့်ရှိရသနည်း။ ၎င်းသည် ကတိတော်ကိုခံရသောအမျိုးအနွယ်ပေါ်ထွန်းသည်အထိ ဖောက်ဖျက်ကျူးလွန်မှုများကြောင့် ဖြည့်စွက်ထားခြင်းခံရပြီး ကောင်းကင်တမန်များမှတစ်ဆင့် ကြားဝင်စေ့စပ်သူအားဖြင့် ပြဋ္ဌာန်းခြင်းခံရ၏။
ဟောရပ်တောင်၌ စုဝေးသောနေ့တွင် သင်က ‘အကျွန်ုပ်မသေရပါမည့်အကြောင်း အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရား၏အသံတော်ကို ထပ်၍မကြားရပါစေနှင့်။ ဤမီးတောက်ကြီးကိုလည်း ထပ်၍မမြင်ရပါစေနှင့်’ဟု သင်၏ဘုရားသခင်ထာဝရဘုရားထံ တောင်းလျှောက်ခဲ့သည့်အတိုင်း
ထိုအချိန်၌ သင်တို့သည် မီးကိုကြောက်၍ တောင်ပေါ်သို့မတက်ဝံ့ကြသောကြောင့် ငါသည် ထာဝရဘုရားနှင့်သင်တို့ကြား၌ ရပ်လျက် ထာဝရဘုရား၏စကားတော်ကို သင်တို့အား ပြန်ပြောပြခဲ့၏။ မိန့်တော်မူသောစကားမှာ
တံပိုးမှုတ်သံနှင့် နှုတ်ကပတ်တော်အသံတို့ရှိရာတောင်သို့ ချဉ်းကပ်ကြသည်မဟုတ်။ ထိုအသံတော်ကိုကြားရသောသူတို့သည် မိမိတို့အား ထပ်မံ၍မိန့်တော်မမူရန် တောင်းပန်ကြ၏။