ထွက်မြောက် 2:14 - မြန်မာ့စံမီသမ္မာကျမ်း
ထိုသူက “မည်သူသည် သင့်ကို ငါတို့၏အကြီးအကဲ၊ ငါတို့ကိုတရားစီရင်သူအဖြစ် ခန့်ထားသနည်း။ သင်သည် အီဂျစ်အမျိုးသားကိုသတ်သကဲ့သို့ ငါ့ကိုသတ်ရန်ကြံရွယ်သလော”ဟု ပြန်ပြော၏။ ထိုအခါ မောရှေသည် ကြောက်ရွံ့လျက် “အကယ်စင်စစ် ဤအမှုကို သိကြကုန်ပြီတကား”ဟု ဆိုလေ၏။
အခန်းကိုကြည့်ပါ။
ထိုသူက``ငါတို့အမှုကိုစီရင်ရန်မည်သူ က သင့်အားတရားသူကြီးအဖြစ်ခန့်ထား သနည်း။ သင်သည်အီဂျစ်အမျိုးသားကို သတ်သကဲ့သို့ ငါ့ကိုသတ်ချင်သေးသလော'' ဟုပြန်ပြောလေ၏။ ထိုအခါမောရှေသည်မိမိ ပြုလုပ်ခဲ့သောအမှုကိုလူတို့သိကုန်ကြ ပြီဟူ၍ဆိုလျက်ထိတ်လန့်လေ၏။-
အခန်းကိုကြည့်ပါ။
ထို သူ က၊ ငါ တို့ အ ပေါ် တွင် သင့် ကို အုပ် ချုပ် သူ အ ဖြစ်၊ တ ရား သူ ကြီး အ ဖြစ် မည် သူ ခန့် ထား သ နည်း။ အိ ဂျစ် ပြည် သား ကို သတ် ပစ် သည့် နည်း တူ ငါ့ ကို လည်း သတ် ရန် ကြံ စည် သ လော ဟု ပြန် ဆို လျှင် မော ရှေ သည် ဤ အ မှု ဧ ကန် ပေါ် ပြီ ဟု အောက် မေ့ လျက် ကြောက် လေ၏။
အခန်းကိုကြည့်ပါ။
ထိုသူက၊ အဘယ်သူသည်သင့်ကို ငါတို့အပေါ်မှာ အကဲအမှူး တရားသူကြီးအရာ၌ခန့်ထားသနည်း။ အဲဂုတ္တုလူကိုသတ်သကဲ့သို့ ငါ့ကို သတ်လိုသလောဟုပြန်ဆို၏။ ထိုအခါ မောရှေသည် မိမိပြုသောအမှုထင်ရှားပြီဟု သိ၍ကြောက်လေ၏။
အခန်းကိုကြည့်ပါ။