အစ္စရေးလူမျိုးအပေါင်းတို့ထဲမှ အရည်အချင်းရှိသောသူများကိုရွေးချယ်၍ သူတို့ကို လူတို့၏အကြီးအမှူးများအဖြစ် လူတစ်ထောင်အုပ်၊ တစ်ရာအုပ်၊ ငါးဆယ်အုပ်၊ တစ်ဆယ်အုပ် စသည်ဖြင့် ခန့်အပ်ထားလေ၏။
သူသည်ဣသရေလအမျိုးသားအပေါင်း တို့အထဲမှ အရည်အချင်းပြည့်စုံသူတို့ကို ရွေး၍လူတစ်ထောင်စု၊ တစ်ရာစု၊ ငါးဆယ်စု၊ တစ်ဆယ်စုတို့တွင်ခေါင်းဆောင်များအဖြစ် ခန့်ထားလေ၏။-
ဣ သ ရေ လ တစ် မျိုး လုံး ထဲ မှ စွမ်း ရည် ရှိ သူ တို့ ကို ရွေး ကောက်၍ လူ မျိုး အ ပေါ် တွင် တစ် ထောင် အုပ်၊ တစ် ရာ အုပ်၊ ငါး ဆယ် အုပ်၊ တစ် ဆယ် အုပ်၊ ဦး စီး ဦး ကိုင် အ ဖြစ် ခန့် ထား ပြီး မှ၊
တတ်စွမ်းနိုင်သောသူတို့ကို ဣသရေလအမျိုးထဲကရွေးကောက်၍ လူတစ်ထောင်အုပ်၊ တစ်ရာအုပ်၊ ငါးဆယ်အုပ်၊ တစ်ဆယ်အုပ်အသီးအသီး ခေါင်းအရာ၌ခန့်ထားလေ၏။
အီဂျစ်ပြည်သည် သင့်မျက်စိရှေ့၌ရှိ၏။ သင့်ဖခင်နှင့်သင့်ညီအစ်ကိုတို့ကို ဤပြည်၏အကောင်းဆုံးနေရာ၌ နေရာချပေးလော့။ ဂေါရှင်အရပ်၌ နေထိုင်စေလော့။ သူတို့ထဲ၌ အရည်အချင်းရှိသူပါကြောင်း သင်သိလျှင် သူတို့အား ငါ၏တိရစ္ဆာန်တို့ကိုကြီးကြပ်ကွပ်ကဲသူအဖြစ် ခန့်ထားလော့”ဟု မိန့်ဆိုလေ၏။
ဒါဝိဒ်မင်းကြီးသည် မိမိနှင့်အတူပါလာသောလူတို့ကို ရေတွက်ပြီး သူတို့ကို အုပ်ချုပ်ရန် လူတစ်ထောင်အုပ်၊ လူတစ်ရာအုပ်တို့ကို ခန့်ထား၏။
လူအပေါင်းတို့ထဲမှ အရည်အချင်းရှိသောသူ၊ ဘုရားသခင်ကိုကြောက်ရွံ့သောသူ၊ သစ္စာရှိသောသူ၊ မတရားသောအကျိုးစီးပွားကိုမုန်းသောသူတို့ကို ရွေးချယ်၍ သူတို့ကို လူတစ်ထောင်အုပ်၊ တစ်ရာအုပ်၊ ငါးဆယ်အုပ်၊ တစ်ဆယ်အုပ်အဖြစ် ခန့်ထားရမည်။
မောရှေသည်လည်း မိမိယောက္ခမ၏စကားကိုနားထောင်၍ ပြောသမျှအတိုင်းပြုလေ၏။
ထိုသူတို့သည် လူထုထဲမှ ရွေးကောက်ထားသောဘိုးဘေးတို့၏အမျိုးအနွယ်ခေါင်းဆောင်များဖြစ်ကြ၏။ အစ္စရေးမျိုးနွယ်စုတို့၏အကြီးအမှူးများဖြစ်ကြ၏”ဟု မိန့်တော်မူ၏။
အမျိုးအနွယ်အသီးသီးထဲမှ တစ်မျိုးတစ်ယောက်စီ သင်တို့နှင့်အတူရှိရမည်။ သူတို့တစ်ဦးစီသည် မိမိဘိုးဘေးတို့၏အိမ်ထောင်စု၌ အကြီးအမှူးဖြစ်ရမည်။
ထိုအခါ ထာဝရဘုရားက မောရှေအား “လူတို့ထဲမှ သက်ကြီးဝါကြီးဖြစ်၍ လူတို့ကို ကြီးကြပ်အုပ်ချုပ်နိုင်သူလည်းဖြစ်သည်ဟု သင်သိထားသော အစ္စရေးသက်ကြီးဝါကြီးအယောက်ခုနစ်ဆယ်ကို ငါ့ထံ စုဝေးစေလော့။ သင်သည် ထိုသူတို့ကို တွေ့ဆုံစည်းဝေးရာတဲတော်သို့ ခေါ်ဆောင်လာ၍ သင်နှင့်အတူ ထိုနေရာ၌ရပ်နေစေလော့။
ထိုစကားကို အစုအဝေးတစ်ခုလုံးနှစ်သက်သဖြင့် သူတို့သည် ယုံကြည်ခြင်းနှင့်လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်နှင့်လည်းကောင်း ပြည့်ဝသော သတေဖန်မှစ၍ ဖိလိပ္ပု၊ ပြောခေါ်၊ နိကနော်၊ တိမုန်၊ ပါမေနနှင့် အန္တိအုတ်မြို့မှဂျူးဘာသာဝင်ဖြစ်လာသူ နိကောလတို့ကို ရွေးကောက်ပြီး
ထို့ကြောင့် ပညာရှိပြီး အတွေ့အကြုံလည်းရှိသော သင်တို့၏မျိုးနွယ်အကြီးအမှူးတို့ကို ငါခေါ်ယူပြီးလျှင် သူတို့အား သင်တို့မျိုးနွယ်ကိုကြီးကြပ်အုပ်ချုပ်သောသူများအဖြစ် လူတစ်ထောင်အုပ်၊ တစ်ရာအုပ်၊ ငါးဆယ်အုပ်၊ တစ်ဆယ်အုပ် စသည်ဖြင့် ခန့်ထား၏။