သင်၏ရန်သူတို့ကို သင့်လက်သို့ အပ်နှံတော်မူသော၊ အမြင့်ဆုံးသောဘုရားသခင်သည် မင်္ဂလာရှိတော်မူပါစေသော”ဟု မြွက်ဆိုလေ၏။ အာဗြံသည်လည်း ရှိသမျှသောအရာတို့၏ဆယ်ဖို့တစ်ဖို့ကို သူ့အားပေးလှူ၏။
ထွက်မြောက် 18:10 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ယေသရောက “သင်တို့ကို အီဂျစ်လူမျိုးတို့လက်မှလည်းကောင်း၊ ဖာရောမင်းကြီး၏လက်မှလည်းကောင်း ကယ်နုတ်တော်မူသောအရှင်၊ အစ္စရေးလူမျိုးတို့ကို အီဂျစ်လူမျိုးတို့၏လက်အောက်မှ ကယ်နုတ်တော်မူသောအရှင်ထာဝရဘုရားသည် မင်္ဂလာရှိပါစေသော။ Common Language Bible ယေသရောက``အီဂျစ်အမျိုးသားတို့နှင့် အီဂျစ်ဘုရင်၏လက်မှ သင်တို့ကိုကယ်တင် တော်မူသောထာဝရဘုရား၏ဂုဏ်တော်ကို ချီးမွမ်းကြလော့။ ကျွန်ဘဝမှမိမိလူမျိုး တော်အား ကယ်တင်တော်မူသောထာဝရ ဘုရား၏ဂုဏ်တော်ကိုချီးမွမ်းကြလော့။- Garrad Bible သင် တို့ ကို အိ ဂျစ် လူ များ နှင့် ဖာ ရော မင်း လက် မှ ကယ် လွှတ် တော် မူ သော ဘု ရား၊ လူ မျိုး တော် ကို ပင် အိ ဂျစ် လူ တို့ လက် အောက် မှ ကယ် လွှတ် တော် မူ သော ထာ ဝ ရ ဘု ရား သည် မင်္ဂ လာ ရှိ တော် မူ စေ သ တည်း။ Judson Bible အဲဂုတ္တုလူတို့လက်မှလည်းကောင်း၊ ဖာရောဘုရင်လက်မှလည်းကောင်း၊ သင့်ကိုကယ်နုတ်တော်မူထသော၊ လူများတို့ကို အဲဂုတ္တုလူတို့လက်မှ ကယ်နုတ်တော်မူသော ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ |
သင်၏ရန်သူတို့ကို သင့်လက်သို့ အပ်နှံတော်မူသော၊ အမြင့်ဆုံးသောဘုရားသခင်သည် မင်္ဂလာရှိတော်မူပါစေသော”ဟု မြွက်ဆိုလေ၏။ အာဗြံသည်လည်း ရှိသမျှသောအရာတို့၏ဆယ်ဖို့တစ်ဖို့ကို သူ့အားပေးလှူ၏။
“အကျွန်ုပ်သခင်အာဗြဟံထံမှ မေတ္တာကရုဏာတော်နှင့်သစ္စာတော်ကို ရုပ်သိမ်းတော်မမူသော အကျွန်ုပ်သခင်၏ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိပါစေသော။ အကျွန်ုပ်သခင်၏ဆွေမျိုးသားချင်းအိမ်သို့ သွားသောလမ်းခရီး၌ ထာဝရဘုရားသည် အကျွန်ုပ်ကို ပို့ဆောင်တော်မူပြီ”ဟု ဆိုလေ၏။
အဟိမတ်ကလည်း ရှင်ဘုရင်အား “ချမ်းမြေ့ပါစေ”ဟု နှုတ်ခွန်းဆက်သပြီးလျှင် ရှင်ဘုရင်ရှေ့ မြေပေါ်တွင်ပျပ်ဝပ်လျက် “အကျွန်ုပ်၏သခင် အရှင်မင်းကြီးကို ဆန့်ကျင်တိုက်ခိုက်သောသူတို့အား ရှုံးနိမ့်စေတော်မူသော အရှင်မင်းကြီး၏ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူပါစေသော”ဟု လျှောက်လေ၏။
“အကျွန်ုပ်၏ခမည်းတော်ဒါဝိဒ်မင်းကြီးအား နှုတ်ကတိထားတော်မူခဲ့သည်ကို လက်တွေ့ ပြည့်စုံစေတော်မူသော အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားကို ချီးမွမ်းထောမနာပြုပါ၏။
“ကတိတော်အလုံးစုံနှင့်အညီ မိမိလူမျိုးတော်အစ္စရေးတို့အား အေးချမ်းသာယာမှုကို ပေးသနားတော်မူသော ထာဝရဘုရားသည် မင်္ဂလာရှိပါစေသော။ ကိုယ်တော်၏အစေအပါးမောရှေအား မိန့်မှာထားခဲ့သည့် ကောင်းမြတ်သောကတိတော်များ တစ်စုံတစ်ခုမျှမပျက်ယွင်းပါ။
အစ္စရေးလူမျိုး၏ဘုရားသခင် ထာဝရဘုရားသည် ထာဝရကာလမှ ထာဝရကာလတိုင်အောင် မင်္ဂလာရှိပါစေသော။ အာမင်နှင့် အာမင်။
“အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိပါစေသော။ အကြောင်းမူကား ကိုယ်တော်သည် မိမိလူမျိုးတော်ကို အကြည့်အရှုကြွလာတော်မူ၍ ရွေးနုတ်ကယ်တင်ခြင်းကျေးဇူးကိုပြုတော်မူပြီး
အထက်ကောင်းကင်အရပ်တွင်ရှိသော ဝိညာဉ်ရေးဆိုင်ရာကောင်းချီးမင်္ဂလာအပေါင်းတို့ဖြင့် ငါတို့ကို ခရစ်တော်၌ ကောင်းချီးပေးတော်မူသည့် ငါတို့သခင်ယေရှုခရစ်တော်၏ခမည်းတော်ဖြစ်တော်မူသော ဘုရားသခင်သည် မင်္ဂလာရှိပါစေသော။
ငါတို့၏ဘုရားသခင်ရှေ့တော်၌ သင်တို့ကြောင့် ငါတို့ခံစားရသော ဤဝမ်းမြောက်ခြင်းအားလုံးကိုထောက်၍ သင်တို့အတွက် ဘုရားသခင်ကို မည်ကဲ့သို့ကျေးဇူးတုံ့ပြန်နိုင်ပါမည်နည်း။
ငါတို့သခင်ယေရှုခရစ်တော်၏ခမည်းတော်ဖြစ်တော်မူသောဘုရားသခင်သည် မင်္ဂလာရှိပါစေသော။ ကိုယ်တော်သည် မိမိ၏ကြီးမြတ်သောကရုဏာတော်နှင့်အညီ ယေရှုခရစ်တော်၏သေသောသူတို့ထဲမှ ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ငါတို့ကို အသက်ရှင်သောမျှော်လင့်ခြင်းထဲသို့လည်းကောင်း၊
ရှောလုမင်းကြီးက ကေနိလူမျိုးတို့အား “အာမလက်လူမျိုးတို့ထံမှ ဝေးစွာထွက်သွားလော့။ သို့မဟုတ်လျှင် သင်တို့ကို သူတို့နှင့်အတူ ဖျက်ဆီးမိလိမ့်မည်။ အစ္စရေးအမျိုးသားအပေါင်းတို့ အီဂျစ်ပြည်မှ ထွက်လာစဉ်က သင်တို့သည် သူတို့အားမေတ္တာကရုဏာကို ပြသခဲ့ပြီ”ဟု ဆိုသဖြင့် ကေနိလူမျိုးတို့သည် အာမလက်လူမျိုးတို့ထံမှ ထွက်သွားကြ၏။
ထိုအခါ ဒါဝိဒ်က အဘိဂဲလအား “ယနေ့ သင်နှင့်ငါ တွေ့ဆုံရန် သင့်ကိုစေလွှတ်တော်မူသော အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိပါစေသော။