ထို့နောက် သူတို့သည် ပြန်လှည့်လာ၍ ကာဒေရှတည်းဟူသော အင်မိရှပတ်အရပ်သို့ရောက်လာကြပြီးလျှင် အာမလက်လူမျိုး၏နယ်မြေတစ်ခုလုံးနှင့် ဟာဇဇုန္တာမာမြို့၌နေထိုင်သောအာမောရိလူမျိုးကို တိုက်ခိုက်ကြ၏။
ထွက်မြောက် 17:8 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် အာမလက်လူမျိုးတို့သည် အစ္စရေးလူမျိုးတို့ကို ရေဖိဒိမ်အရပ်၌ လာ၍တိုက်ခိုက်ကြ၏။ Common Language Bible အာမလက်အမျိုးသားတို့သည် ရေဖိဒိမ် အရပ်သို့လာရောက်၍ ဣသရေလအမျိုး သားတို့ကိုတိုက်ခိုက်ကြ၏။- Garrad Bible ထို နောက် အာ မ လက် လူ တို့ ချီ လာ လျက် ရေ ဖိ ဒိမ် အ ရပ် တွင် ဣ သ ရေ လ လူ တို့ နှင့် စစ် တိုက် ကြ ရာ တွင်၊ Judson Bible ထိုအခါ အာမလက်လူတို့သည်လာ၍၊ ရေဖိဒိမ်အရပ်၌ ဣသရေလလူတို့ကို စစ်တိုက်ကြ၏။ |
ထို့နောက် သူတို့သည် ပြန်လှည့်လာ၍ ကာဒေရှတည်းဟူသော အင်မိရှပတ်အရပ်သို့ရောက်လာကြပြီးလျှင် အာမလက်လူမျိုး၏နယ်မြေတစ်ခုလုံးနှင့် ဟာဇဇုန္တာမာမြို့၌နေထိုင်သောအာမောရိလူမျိုးကို တိုက်ခိုက်ကြ၏။
ဧသော၏သား ဧလိဖတ်၏မယားငယ်တိမနသည်လည်း ဧလိဖတ်အတွက် အာမလက်ကိုမွေးဖွား၏။ ဤသူတို့ကား ဧသော၏မယား အာဒ၏သားမြေးများဖြစ်ကြ၏။
သူကြီးကောရ၊ သူကြီးဂါတံ၊ သူကြီးအာမလက်တို့ဖြစ်ကြ၏။ ဤသူတို့ကား ဧဒုံပြည်၌ ဧလိဖတ်မှဆင်းသက်လာသော အမျိုးအနွယ်သူကြီးများ၊ အာဒ၏သားမြေးများ ဖြစ်ကြ၏။
ဂေဗလလူမျိုး၊ အမ္မုန်လူမျိုးနှင့်အာမလက်လူမျိုးများ၊ တိုင်ရာမြို့သားများနှင့် ဖိလိတ္တိပြည်သားများ ပါဝင်ကြပါ၏။
အစ္စရေးအမျိုးသားလူထုအပေါင်းတို့သည် ထာဝရဘုရား၏အမိန့်တော်အတိုင်း သိန်တောကန္တာရမှထွက်ခွာ၍ ခရီးဆက်ကာ ရေဖိဒိမ်အရပ်၌ စခန်းချကြ၏။ ထိုအရပ်၌ လူတို့သောက်ရန် ရေမရှိပေ။
အာမလက်လူမျိုးတို့သည် နေဂေ့အရပ်၌ နေထိုင်ကြ၏။ ဟိတ္တိလူမျိုး၊ ယေဗုသိလူမျိုးနှင့် အာမောရိလူမျိုးတို့သည် တောင်ပေါ်ဒေသ၌ နေထိုင်ကြ၏။ ခါနာန်လူမျိုးတို့သည် ပင်လယ်ကမ်းနားဒေသနှင့်ဂျော်ဒန်မြစ်ကမ်းနားတစ်လျှောက်တွင် နေထိုင်ကြ၏”ဟု ဆိုကြ၏။
တစ်ဖန် ဗာလမ်သည် အာမလက်လူမျိုးကိုရှုမြင်၍ ပရောဖက်ပြုသည်မှာ “အာမလက်လူမျိုးသည် လူမျိုးတို့၏အထွတ်အထိပ်ဖြစ်သော်လည်း အဆုံး၌ သူသည်ပျက်စီးလိမ့်မည်”ဟု ဆို၏။
အစ္စရေးလူမျိုးတို့စိုက်ပျိုးပြီးကြပြီဆိုလျှင် မိဒျန်လူမျိုး၊ အာမလက်လူမျိုးနှင့် အရှေ့ပြည်သားတို့သည် ချီတက်လာပြီး သူတို့ကို တိုက်ခိုက်ကြ၏။
သူသည် ရဲစွမ်းသတ္တိအပြည့်ရှိသူဖြစ်၏။ အာမလက်လူမျိုးတို့ကို ချေမှုန်း၍ အစ္စရေးလူမျိုးတို့ကို တိုက်ခိုက်လုယက်သူတို့၏လက်မှ ကယ်နုတ်ခဲ့၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘အစ္စရေးလူမျိုးတို့ အီဂျစ်ပြည်မှထွက်လာစဉ် လမ်းခရီးတွင် သူတို့အား အာမလက်လူမျိုးတို့ ဆီးတားခဲ့သည့်အမှုကို ငါမှတ်ထား၏။
ထိုသို့နေစဉ်တွင် ဒါဝိဒ်နှင့် သူ့နောက်လိုက်တို့သည် ဂေရှုရိလူမျိုး၊ ဂေရဇိလူမျိုးနှင့် အာမလက်လူမျိုးတို့ ရှေးကတည်းကပင် နေထိုင်ရာဖြစ်သော ရှုရအရပ်တစ်လျှောက် အီဂျစ်ပြည်အထိ ချီတက်တိုက်ခိုက်လေ့ရှိ၏။
သုံးရက်မြောက်သောနေ့တွင် ဒါဝိဒ်နှင့်သူ့နောက်လိုက်တို့သည် ဇိကလတ်မြို့သို့ ပြန်ရောက်လာကြ၏။ ထိုအချိန်တွင် အာမလက်လူမျိုးတို့သည် နေဂေ့အရပ်နှင့် ဇိကလတ်မြို့ကို ဝင်ရောက်စီးနင်းပြီး ဇိကလတ်မြို့ကို တိုက်ခိုက်မီးရှို့ကာ