လှံနှင့်အဲမောင်းကိုလည်းဆွဲယူ၍ အကျွန်ုပ်ကိုလိုက်လံညှဉ်းဆဲသောသူတို့ကို ရင်ဆိုင်တော်မူပါ။ “ငါသည် သင့်ကိုကယ်တင်သောသူဖြစ်သည်”ဟု အကျွန်ုပ်၏စိတ်ဝိညာဉ်အား မိန့်တော်မူပါ။
ထွက်မြောက် 17:12 - မြန်မာ့စံမီသမ္မာကျမ်း မောရှေလက်ညောင်းလာသောအခါ အာရုန်နှင့်ဟုရသည် ကျောက်တုံးကိုယူ၍ မောရှေအောက်၌ထားပြီး ထိုကျောက်ပေါ်၌ သူ့ကိုထိုင်စေ၏။ ထို့နောက် သူတို့သည် မောရှေ၏လက်ကို တစ်ယောက်တစ်ဖက်စီ မထားကြသဖြင့် နေဝင်သည့်တိုင်အောင် သူ၏လက်သည် မြဲမြံလေ၏။ Common Language Bible မောရှေ၏လက်များညောင်းလာသောအခါ အာရုန်နှင့်ဟုရတို့သည် မောရှေအားကျောက် တုံးတစ်ခုပေါ်တွင်ထိုင်စေပြီးလျှင် တစ်ဘက် စီ၌ရပ်လျက်မောရှေ၏လက်များကိုချီပင့် ထားကြ၏။ သူတို့နှစ်ဦးသည်မောရှေ၏ လက်များကိုနေဝင်သည့်တိုင်အောင်ချီပင့် ထားကြသည်ဖြစ်ရာ၊- Garrad Bible လက် ချ လျှင် အာ မ လက် လူ တို့ သာ၏။ သို့ ရာ တွင် မော ရှေ လက် ညောင်း သော ကြောင့် အာ ရုန်၊ ဟု ရ တို့ သည် ကျောက် ကို ယူ၍ မော ရှေ ထိုင် စေ ရန် အောက် သို့ သွင်း ထား ပြီး လျှင်၊ တစ် ယောက် တစ် ဖက် စီ လက် ကို မ ကြ သ ဖြင့် နေ ဝင် သည့် တိုင် အောင် လက် များ တည် မြဲ လေ၏။ Judson Bible သို့ရာတွင် မောရှေ၏လက်သည်ညောင်းသောကြောင့်၊ သူတို့သည် ကျောက်ကိုယူ၍ မောရှေကိုထိုင်စေပြီးလျှင်၊ အာရုန်နှင့် ဟုရတို့သည် တစ်ယောက်တစ်ဖက်နေ၍ သူ၏လက်ကိုမကြ၏။ သို့ဖြစ်၍ နေဝင်သည်တိုင်အောင် သူ၏လက်တို့သည် အမြဲနေလေ၏။ |
လှံနှင့်အဲမောင်းကိုလည်းဆွဲယူ၍ အကျွန်ုပ်ကိုလိုက်လံညှဉ်းဆဲသောသူတို့ကို ရင်ဆိုင်တော်မူပါ။ “ငါသည် သင့်ကိုကယ်တင်သောသူဖြစ်သည်”ဟု အကျွန်ုပ်၏စိတ်ဝိညာဉ်အား မိန့်တော်မူပါ။
မောရှေသည် သူ၏လက်ကိုမြှောက်သောအခါ အစ္စရေးလူမျိုးတို့နိုင်၍ သူ၏လက်ကိုချသောအခါ အာမလက်လူမျိုးတို့နိုင်လေ၏။
မောရှေက သက်ကြီးဝါကြီးတို့အား “သင်တို့ထံသို့ ငါတို့ပြန်လာသည့်တိုင်အောင် ဤနေရာ၌ ငါတို့ကိုစောင့်နေကြလော့။ ကြည့်လော့။ အာရုန်နှင့်ဟုရတို့သည် သင်တို့နှင့်အတူရှိသည်ဖြစ်၍ မည်သူမဆို အမှုအခင်းရှိလျှင် သူတို့ထံသို့သွားစေ”ဟု မှာကြားခဲ့၏။
အားနည်းသောလက်တို့ကို ခိုင်ခံ့စေကြလော့။ ချည့်နဲ့သောဒူးတို့ကို သန်မာစေကြလော့။
သင်တို့သည်လည်း ဆုတောင်းခြင်းအားဖြင့် ငါတို့ကိုကူညီဆောင်ရွက်ပေးကြသည်ဖြစ်၍ များစွာသောသူတို့၏ဆုတောင်းခြင်းအားဖြင့် ငါတို့ခံစားရသောဆုကျေးဇူးအတွက် များစွာသောသူတို့သည် ငါတို့ကိုယ်စား ကျေးဇူးတော်ချီးမွမ်းကြလိမ့်မည်။
အမျိုးမျိုးသော ဆုတောင်းခြင်းနှင့်အသနားခံခြင်းတို့ဖြင့် အချိန်ရှိသရွေ့ ဝိညာဉ်တော်၌ဆုတောင်းကြလော့။ ထိုသို့ပြုနိုင်ရန် နိုးနိုးကြားကြားရှိလျက် ဇွဲလုံ့လအပြည့်အဝဖြင့် သန့်ရှင်းသူအပေါင်းတို့အတွက် အသနားခံကြလော့။
အဘယ်ကြောင့်ဆိုသော် သင်တို့၏ဆုတောင်းခြင်းများနှင့် ယေရှုခရစ်တော်၏ဝိညာဉ်တော်ထံမှလာသော ကူညီမစခြင်းအားဖြင့် ဤအခြင်းအရာသည် ငါ၏လွတ်မြောက်ရာအကြောင်းဖြစ်မည်ဟု ငါသိ၏။
ဆုတောင်းခြင်းအမှုကို အစဉ်တစိုက်ပြုကြလော့။ ထိုသို့ပြုရာတွင် ကျေးဇူးတော်ချီးမွမ်းခြင်းအားဖြင့် သတိဝီရိယရှိကြလော့။
ထို့ကြောင့် အားအင်ကုန်ခန်းနေသောလက်များနှင့် ချည့်နဲ့နေသောဒူးများကို ပြန်လည်ခိုင်ခံ့စေကြလော့။
သို့သော် သံသယစိတ်မရှိဘဲ ယုံကြည်သောစိတ်နှင့် တောင်းလျှောက်ရမည်။ အကြောင်းမူကား သံသယစိတ်ရှိသောသူသည် လေတိုက်၍ထကြွလှုပ်ရှားတတ်သော ပင်လယ်လှိုင်းတံပိုးနှင့်တူ၏။
အာဣမြို့သားတို့ကို ချေမှုန်း၍မပြီးမချင်း ယောရှုသည် လှံရွယ်ထားသောလက်ကို မချ။