မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း အာရုန်သည် မန္နမုန့်ကိုထိန်းသိမ်းရန် သက်သေခံချက်ရှေ့တွင် ထားလေ၏။
ထာဝရဘုရားကမောရှေကို မိန့်ကြားသည့် အတိုင်း အာရုန်သည်ထိုအိုးကိုသိမ်းဆည်း ထားရန်အတွက်ပဋိညာဉ်သေတ္တာရှေ့တွင် ချထားလေ၏။-
မော ရှေ အား ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ သည့် အ တိုင်း ထို မ န္န မုန့် ကို စောင့် ထိန်း စေ ခြင်း ငှါ သက် သေ တော် ရှေ့ တွင် အာ ရုန် ထား လေ ၏။
မောရှေကို ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ ထိုမန္နကို အာရုန်စောင့်စေခြင်းငှာ၊ သက်သေတော်ရှေ့မှာသိုထားလေ၏။
သေတ္တာတော်ထဲတွင် ကျောက်ပြားနှစ်ချပ်မှလွဲ၍ မည်သည့်အရာမျှမရှိ။ ထိုကျောက်ပြားတို့သည် အစ္စရေးအမျိုးသားတို့ အီဂျစ်ပြည်မှထွက်လာပြီး ဟောရပ်အရပ်၌ ထာဝရဘုရားနှင့်ပဋိညာဉ်ဖွဲ့ခဲ့ကြစဉ် မောရှေထည့်သွင်းထားသောကျောက်ပြားများ ဖြစ်ကြ၏။
သင့်အား ငါပေးအပ်မည့်သက်သေခံချက်ကို သေတ္တာထဲတွင်ထားရမည်။
ကရုဏာတော်ပလ္လင်ကို သေတ္တာပေါ်တွင်တင်ရမည်။ သင့်အားငါပေးအပ်မည့်သက်သေခံချက်ကို သေတ္တာထဲတွင်ထားရမည်။
တွေ့ဆုံစည်းဝေးရာတဲတော်အတွင်း သက်သေခံချက်ရှေ့ရှိ ကန့်လန့်ကာအပြင်ဘက်တွင် အာရုန်နှင့်သူ၏သားများသည် ထာဝရဘုရားရှေ့တော်၌ နေဝင်ချိန်မှ နံနက်တိုင်အောင် မီးထွန်းခြင်းအမှုကို စီစဉ်ပြင်ဆင်ရမည်။ ဤသည်ကား အစ္စရေးအမျိုးသားတို့၏မျိုးဆက်အစဉ်အဆက် အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ဖြစ်၏။
အချို့ကိုအမှုန့်ထောင်း၍ သင်နှင့်ငါတွေ့ဆုံမည့်နေရာဖြစ်သော တွေ့ဆုံစည်းဝေးရာတဲတော်အထဲရှိ သက်သေခံချက်ရှေ့၌ထားရမည်။ ထိုနံ့သာပေါင်းသည် သင်တို့အဖို့ အထူးသန့်ရှင်းသောအရာဖြစ်၏။
ထိုယဇ်ပလ္လင်ကို သင်နှင့်ငါတွေ့ဆုံမည့်နေရာ၊ သက်သေခံချက်ပေါ်ရှိကရုဏာတော်ပလ္လင်ရှေ့၊ သက်သေခံချက်သေတ္တာတော်ကိုကာသောကန့်လန့်ကာရှေ့၌ ထားရမည်။
ဤသို့ သိနာတောင်ပေါ်၌ ဘုရားသခင်သည် မောရှေအား မိန့်ဆိုတော်မူပြီးနောက် လက်ချောင်းတော်ဖြင့် အက္ခရာတင်ထားသောသက်သေခံချက်ကျောက်ပြားနှစ်ချပ်ကို သူ့အား ပေးအပ်တော်မူ၏။
မောရှေပြောသည့်အတိုင်း သက်သေခံတော်မူချက်ထားရှိသောကိန်းဝပ်တော်မူရာတဲတော်တည်းဟူသော ကိန်းဝပ်တော်မူရာတဲတော်အတွက် ပြုစုထားသောပစ္စည်းစာရင်းကား ဤသို့တည်း။ ထိုစာရင်းကို ယဇ်ပုရောဟိတ်အာရုန်၏သားဣသမာဦးဆောင်၍ လေဝိအမျိုးတို့က ပြုစုကြ၏။
မောရှေသည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း သက်သေခံချက်ကိုယူ၍ သေတ္တာထဲထည့်၏။ သေတ္တာကွင်း၌ ထမ်းပိုးများကိုလျှို၍ သေတ္တာပေါ်၌ ကရုဏာတော်ပလ္လင်ကိုတင်၏။
လေဝိအမျိုးတို့ကို သက်သေခံချက်ထားရာကိန်းဝပ်တော်မူရာတဲတော်၊ ထိုတဲတော်၏တန်ဆာပလာရှိသမျှ၊ ထိုတဲတော်နှင့်ဆိုင်သမျှတို့ကို ထိန်းသိမ်းဖို့ ခန့်အပ်လော့။ သူတို့သည် ကိန်းဝပ်တော်မူရာတဲတော်နှင့် ထိုတဲတော်၏ တန်ဆာပလာရှိသမျှတို့ကို သယ်ဆောင်ရမည်။ ကိန်းဝပ်တော်မူရာတဲတော်၏အမှုကိုဆောင်ရွက်၍ ထိုတဲတော်၏ပတ်ပတ်လည်၌ စခန်းချရမည်။
လေဝိအမျိုးတို့မူကား အစ္စရေးအမျိုးသားလူထုပေါ်သို့ အမျက်တော်မသက်ရောက်စေရန် သက်သေခံချက်ထားရာကိန်းဝပ်တော်မူရာတဲတော်၏ပတ်ပတ်လည်၌ စခန်းချရမည်။ လေဝိအမျိုးသည် သက်သေခံချက်ထားရာကိန်းဝပ်တော်မူရာတဲတော်ကို စောင့်ရှောက်ရမည်”ဟု မိန့်တော်မူ၏။
ထာဝရဘုရားက မောရှေအား “အာရုန်၏တောင်ဝှေးကို သူတို့အတွက် အမှတ်လက္ခဏာအဖြစ် သက်သေခံချက်ရှေ့၌ ပြန်ထားလော့။ သို့ပြုလျှင် ပုန်ကန်သူတို့မြည်တွန်တောက်တီးသောအသံရပ်စဲ၍ သူတို့သည် သေဘေးနှင့်ကင်းလွတ်ကြရမည်”ဟု မိန့်တော်မူ၏။
ထို့နောက် ငါသည် တောင်ပေါ်မှလှည့်၍ဆင်းလာပြီး ထိုကျောက်ပြားတို့ကို ငါပြုလုပ်ထားသောသေတ္တာထဲတွင် ထည့်ထား၏။ ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ထိုကျောက်ပြားတို့သည် သေတ္တာထဲတွင် ရှိနေ၏။