သူတို့အား ကိုယ်တော်၏သန့်ရှင်းမြင့်မြတ်သောဥပုသ်နေ့ကို သိစေတော်မူ၏။ ကိုယ်တော်၏အစေအပါးမောရှေမှတစ်ဆင့် ပညတ်ချက်များ၊ ပြဋ္ဌာန်းချက်များ၊ တရားတော်များကို ပေးအပ်တော်မူ၏။
ထွက်မြောက် 16:29 - မြန်မာ့စံမီသမ္မာကျမ်း ငါထာဝရဘုရားသည် သင်တို့အား ဥပုသ်နေ့ကို သတ်မှတ်ပေးတော်မူပြီ။ ထို့ကြောင့် ဆဋ္ဌမနေ့၌ သင်တို့အား မုန့်ကို နှစ်ရက်စာပေးတော်မူ၏။ လူတိုင်းမိမိနေရာ၌နေကြလော့။ သတ္တမနေ့၌ မည်သူမျှ မိမိနေရာမှမထွက်သွားကြနှင့်”ဟု မိန့်တော်မူ၏။ Common Language Bible ငါထာဝရဘုရားသည်သင်တို့အားနားရက် ကိုပေးပြီ။ သို့ဖြစ်၍ဆဋ္ဌမနေ့တွင်နှစ်ရက် စာမုန့်ကိုသင်တို့အားငါပေးမည်။ သတ္တမနေ့ တွင်လူတိုင်းမိမိရှိရာအရပ်၌နေရမည်။ မည်သူမျှအိမ်မှမထွက်ခွာရ'' ဟုမိန့်တော် မူ၏။- Garrad Bible ငါ ထာ ဝ ရ ဘု ရား သည် ဥ ပုသ် နေ့ ကို သင် တို့ အား ပေး သ နား တော် မူ ပြီး ဖြစ်၍ ဆ ဌ မ နေ့ တွင် နှစ် ရက် စာ ပေး တော် မူ သည် ကို မှတ် ကြ လော့။ သ တ္တ မ နေ့၌ လူ အ သီး အ သီး နေ ရင်း နေ ရာ မှ မ ထွက် မ သွား ဘဲ၊ ၎င်း အ ရပ် တွင် သာ နေ လေ စေ ဟု မော ရှေ အား မိန့် တော် မူ သည့် အ တိုင်း၊ Judson Bible ထာဝရဘုရားသည်ဥပုသ်နေ့ကို သင်တို့အားပေးတော်မူပြီ။ ထိုကြောင့် ခြောက်ရက်မြောက်သောနေ့၌ နှစ်ရက်အတွက်မုန့်ကိုပေးတော်မူ၏။ လူတိုင်း မိမိနေရာ၌နေစေ၊ ခုနစ်ရက်မြောက်သောနေ့၌ မိမိနေရာမှ အဘယ်သူမျှ မသွားစေနှင့်ဟု မောရှေအားမိန့်တော်မူ၏။ |
သူတို့အား ကိုယ်တော်၏သန့်ရှင်းမြင့်မြတ်သောဥပုသ်နေ့ကို သိစေတော်မူ၏။ ကိုယ်တော်၏အစေအပါးမောရှေမှတစ်ဆင့် ပညတ်ချက်များ၊ ပြဋ္ဌာန်းချက်များ၊ တရားတော်များကို ပေးအပ်တော်မူ၏။
ထိုအခါ ထာဝရဘုရားက မောရှေအား “သင်တို့သည် ငါ၏ပညတ်တော်နှင့် ဥပဒေသများကို မည်သည့်အချိန်ထိ မစောင့်ထိန်းဘဲ နေကြမည်နည်း။
“သင်သည် အစ္စရေးအမျိုးသားတို့အား ‘ငါထာဝရဘုရားသည် သင်တို့ကို သန့်ရှင်းစေသောအရှင်ဖြစ်ကြောင်းသိမြင်စေရန် ငါ၏ဥပုသ်နေ့ကို သင်တို့ ဧကန်အမှန် စောင့်ထိန်းရမည်။ ဤအမှုသည် သင်တို့၏မျိုးဆက်အစဉ်အဆက်တိုင်အောင် ငါနှင့်သင်တို့ကြားတွင် အမှတ်လက္ခဏာဖြစ်၏။
ငါထာဝရဘုရားသည် သူတို့ကိုသန့်ရှင်းစေသောဘုရားဖြစ်ကြောင်း သူတို့သိရှိရန် အမှတ်လက္ခဏာအဖြစ် ဥပုသ်နေ့ကို သတ်မှတ်ပေးခဲ့၏။
ငါသည် ဆဋ္ဌမနှစ်၌ သင်တို့အပေါ်သို့ ငါ၏ကောင်းချီးမင်္ဂလာကို သက်ရောက်စေမည်။ ထိုနှစ်၌ သုံးနှစ်စာအသီးအနှံ ထွက်လိမ့်မည်။
သင်တို့ထွက်ပြေးရမည့်အချိန်သည် ဆောင်းရာသီနှင့်ဥပုသ်နေ့တို့မဖြစ်စေရန် ဆုတောင်းကြလော့။
ထို့နောက် သူတို့သည်ပြန်သွား၍ ဆီမွှေးနှင့်အမွှေးနံ့သာတို့ကို ပြင်ဆင်ကြ၏။ ဥပုသ်နေ့၌ကား ပညတ်တော်အတိုင်း အနားယူကြ၏။