ယောရှိမင်းကြီးသည် ထာဝရဘုရားအဖို့ ပသခါပွဲတော်ကို ဂျေရုဆလင်မြို့တွင် ကျင်းပ၏။ ပထမလ၊ တစ်ဆယ့်လေးရက်တွင် ပသခါသိုးသငယ်ကို သတ်ကြ၏။
ထွက်မြောက် 12:6 - မြန်မာ့စံမီသမ္မာကျမ်း ထိုသိုးသငယ်ကို ဤလတစ်ဆယ့်လေးရက်တိုင်အောင် သင်တို့ထံ၌ ထိန်းသိမ်းစောင့်ရှောက်ထားပြီး အစ္စရေးလူထုအစုအဝေးအပေါင်းတို့သည် နေဝင်ချိန်၌သတ်၍ Common Language Bible ဣသရေလအမျိုးသားတို့သည်ထိုသားကောင် များကိုထိန်းကျောင်းထားပြီးလျှင် ပထမလ တစ်ဆယ်လေးရက်နေ့ညဦးပိုင်း၌ယင်းသား ကောင်တို့ကိုသတ်ရမည်။- Garrad Bible ထို လ ဆယ့် လေး ရက် တိုင် အောင် ထိန်း ကျောင်း ထား ပြီး မှ ညဉ့် ဦး ယံ ၌ ဣ သ ရေ လ တစ် မျိုး လုံး အ စည်း အဝေး ပ ရိ သတ် တို့ စီ ရင် ကြ၍ အ သွေး ကို ယူ ပြီး လျှင်၊ Judson Bible ထိုသိုးသငယ်တို့ကို၊ ထိုလဆယ်လေးရက်တိုင်အောင် စောင့်ထားပြီးမှ၊ ညဉ့်ဦးအချိန်၌ ဣသရေလအမျိုးအစည်းအဝေးပရိသတ်အပေါင်းတို့သည် သတ်ရကြမည်။ |
ယောရှိမင်းကြီးသည် ထာဝရဘုရားအဖို့ ပသခါပွဲတော်ကို ဂျေရုဆလင်မြို့တွင် ကျင်းပ၏။ ပထမလ၊ တစ်ဆယ့်လေးရက်တွင် ပသခါသိုးသငယ်ကို သတ်ကြ၏။
သုံ့ပန်းသားမြေးတို့သည်လည်း ပထမလ၊ တစ်ဆယ့်လေးရက်နေ့တွင် ပသခါပွဲတော်ကို ကျင်းပကြ၏။
ဤနေ့သည် သင်တို့အတွက် အောက်မေ့ဖွယ်နေ့ဖြစ်၏။ ဤနေ့တွင် ထာဝရဘုရားအဖို့ ပွဲတော်ကျင်းပရမည်။ ထိုပွဲတော်ကို အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်အဖြစ် သင်တို့၏မျိုးဆက်အစဉ်အဆက် ကျင်းပရမည်။
ဤနေ့၌ သင်တို့လူစုကို အီဂျစ်ပြည်ထဲမှ ငါထုတ်ဆောင်လာခဲ့သည်ဖြစ်၍ ဤနေ့၌ တဆေးမဲ့မုန့်ပွဲတော်ကို သင်တို့ကျင်းပရမည်။ ဤနေ့ကို အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်အဖြစ် သင်တို့၏မျိုးဆက်အစဉ်အဆက် စောင့်ထိန်းရမည်။
ပထမလ၊ တစ်ဆယ့်လေးရက်နေ့ နေဝင်ချိန်မှစ၍ နှစ်ဆယ့်တစ်ရက်နေ့ နေဝင်ချိန်တိုင်အောင် တဆေးမဲ့မုန့်ကို သင်တို့စားရမည်။
တစ်ဖန် အစ္စရေးအမျိုးသားလူထုအပေါင်းတို့သည် ဧလိမ်အရပ်မှခရီးပြုကြ၏။ အီဂျစ်ပြည်မှထွက်လာပြီးနောက် ဒုတိယလ၊ တစ်ဆယ့်ငါးရက်နေ့၌ ဧလိမ်အရပ်နှင့်သိနာတောင်ကြားရှိ သိန်တောကန္တာရသို့ ရောက်ကြ၏။
“အစ္စရေးအမျိုးသားတို့မြည်တွန်တောက်တီးသောအသံကို ငါကြားပြီ။ သူတို့အား ‘သင်တို့သည် နေဝင်ချိန်၌ အသားကိုစားရ၍ နံနက်အချိန်၌ မုန့်ဖြင့်ဝလင်ကြလိမ့်မည်။ ထိုအခါ ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိမြင်ကြလိမ့်မည်’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။
အစ္စရေးအမျိုးသားတို့သည် အီဂျစ်ပြည်မှထွက်လာပြီးနောက် သုံးလမြောက်သောနေ့၌ သိနာတောကန္တာရသို့ရောက်လာကြ၏။
သိုးသငယ်တစ်ကောင်ကို နံနက်အချိန်၌ ပူဇော်၍ နောက်သိုးသငယ်တစ်ကောင်ကို နေဝင်ချိန်၌ ပူဇော်ရမည်။
နောက်သိုးသငယ်တစ်ကောင်ကို နေဝင်ချိန်၌ ပူဇော်ရမည်။ ၎င်းကို နံနက်အချိန်ဘောဇဉ်ပူဇော်သက္ကာကဲ့သို့လည်းကောင်း၊ သွန်းလောင်းရာပူဇော်သက္ကာကဲ့သို့လည်းကောင်း မီးဖြင့်ပူဇော်သောမွှေးကြိုင်သည့်ရနံ့အဖြစ် ထာဝရဘုရားအား ပူဇော်ရမည်။
ငါတို့ရှိသမျှသည် လမ်းလွဲသောသိုးကဲ့သို့ ကိုယ့်လမ်းသို့ အသီးသီးလိုက်သွားကြသည်ဖြစ်၍ ထာဝရဘုရားသည် ငါတို့၏အပြစ်ရှိသမျှကို သူ့အပေါ်ကျရောက်စေတော်မူ၏။
ပထမလ၊ တစ်ဆယ့်လေးရက်နေ့တွင် ပသခါပွဲတော်ကို ကျင်းပရမည်။ ပွဲတော်ခုနစ်ရက်အတွင်း တဆေးမဲ့မုန့်ကို စားရမည်။
ပထမလ၊ တစ်ဆယ့်လေးရက်နေ့၊ နေဝင်ချိန်၌ ထာဝရဘုရားအဖို့ ပသခါပွဲတော်ကို ကျင်းပရမည်။
ပထမနေ့၌ သန့်ရှင်းသောဓမ္မစည်းဝေးခြင်းကိုပြုရမည်။ မည်သည့်အလုပ်ကိုမျှ မလုပ်ရ။
သူတို့သည် ထိုပွဲတော်ကို ဒုတိယလ၊ တစ်ဆယ့်လေးရက်နေ့ နေဝင်ချိန်တွင် ကျင်းပရမည်။ သိုးသငယ်အသားကို တဆေးမဲ့မုန့်၊ ခါးသောဟင်းရွက်တို့နှင့် စားရမည်။
ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် သက်ကြီးဝါကြီးများသည် လူထုပရိသတ်အား ဗာရဗ္ဗကိုတောင်း၍ ယေရှုကိုမူကား အဆုံးစီရင်စေရန် စည်းရုံးကြ၏။
လူအပေါင်းတို့ကလည်း “သူ၏သွေးသည် ငါတို့နှင့်ငါတို့၏သားသမီးများအပေါ် ကျရောက်ပါစေ”ဟု ပြန်ပြောကြ၏။
နံနက်စောစောအချိန်တွင် ယဇ်ပုရောဟိတ်အကြီးအကဲများသည် သက်ကြီးဝါကြီးများ၊ ကျမ်းပြုဆရာများမှစ၍ တရားလွှတ်တော်အဖွဲ့ဝင်အားလုံးနှင့်အတူ ချက်ချင်းတိုင်ပင်ဆွေးနွေးကြပြီးလျှင် ယေရှုကိုချည်နှောင်လျက်ခေါ်ဆောင်သွားကာ ပိလတ်မင်းထံအပ်နှံကြ၏။
သို့သော် ယဇ်ပုရောဟိတ်အကြီးအကဲတို့သည် ဗာရဗ္ဗကိုသာ လွှတ်ပေးမည့်အကြောင်း တောင်းဆိုကြရန် လူထုပရိသတ်ကိုလှုံ့ဆော်ကြ၏။
လူထုပရိသတ်သည်ရောက်လာ၍ ပြုလေ့ရှိသည့်အတိုင်း သူတို့အတွက်ဆောင်ရွက်ပေးရန် တောင်းဆိုကြ၏။
ထို့နောက် တရားလွှတ်တော်၌စုဝေးသောသူအပေါင်းတို့သည် ထ၍ ကိုယ်တော်ကို ပိလတ်မင်းရှေ့သို့ခေါ်ဆောင်သွားပြီးလျှင်
သို့သော် သူတို့က “ထိုသူကိုသုတ်သင်လိုက်ပါ။ အကျွန်ုပ်တို့အတွက် ဗာရဗ္ဗကိုလွှတ်ပေးပါ”ဟု တစ်ပြိုင်တည်းအော်ဟစ်ကြ၏။
ဘုရားသခင်ချမှတ်ထားသောအကြံအစည်တော်နှင့် ကြိုတင်သိမြင်သောဉာဏ်တော်တို့အရ အပ်နှံခြင်းခံရသောထိုအရှင်ကို သင်တို့သည် တရားမဲ့သောသူတို့လက်ဖြင့် လက်ဝါးကပ်တိုင်ပေါ်၌တင်၍ ကွပ်မျက်ကြ၏။
သင်တို့သည် သန့်ရှင်း၍ဖြောင့်မတ်သောအရှင်ကိုငြင်းပယ်ပြီး သင်တို့အတွက် လူသတ်သမားကိုလွှတ်ပေးရန် တောင်းဆိုကြကာ
အမှန်ပင် ဟေရုဒ်နှင့်ပုန္တိပိလတ်တို့သည် လူမျိုးခြားမှစ၍ အစ္စရေးလူမျိုးတို့နှင့်ပေါင်းဖော်ပြီး ကိုယ်တော်ဘိသိက်ပေးတော်မူသည့် ကိုယ်တော်၏သန့်ရှင်းသောအမှုဆောင်ယေရှုကို ဆန့်ကျင်လျက် ဤမြို့တွင်စုဝေးကြကာ
အစ္စရေးအမျိုးသားတို့သည် ဂိလဂါလအရပ်၌ စခန်းချ၍ ထိုလတစ်ဆယ့်လေးရက်၊ နေဝင်ချိန်တွင် ဂျေရိခေါလွင်ပြင်၌ ပသခါပွဲတော်ကို ကျင်းပကြ၏။