သို့သော် အစ္စရေးအမျိုးသားအပေါင်းတို့တွင် လူကိုဖြစ်စေ၊ တိရစ္ဆာန်ကိုဖြစ်စေ ခွေးတစ်ကောင်မျှဟောင်လိမ့်မည်မဟုတ်။ ဤနည်းဖြင့် ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့နှင့်အီဂျစ်လူမျိုးတို့ကို ခြားနားစေကြောင်း သင်တို့သိရလိမ့်မည်။
ထွက်မြောက် 11:6 - မြန်မာ့စံမီသမ္မာကျမ်း အီဂျစ်ပြည်တစ်ပြည်လုံး၌ ထိုကဲ့သို့မဖြစ်စဖူး၊ နောက်တစ်ဖန်လည်း ထိုကဲ့သို့ဖြစ်မည်မဟုတ်သည့် ပြင်းစွာအော်ဟစ်ငိုကြွေးခြင်းဖြစ်လိမ့်မည်’ဟု မိန့်တော်မူ၏။ Common Language Bible ရှေးအခါ၌လည်းမကြုံစဖူး၊ နောင်အခါ၌ လည်းကြုံရမည်မဟုတ်သောဟစ်အော်မြည်တမ်း ခြင်းအသံကို အီဂျစ်တစ်ပြည်လုံးတွင်ကြားရ လိမ့်မည်။- Garrad Bible ရှေး ကာ လ၌ မ ဖြစ် စ ဖူး၊ နောင်၌ လည်း မ ဖြစ် လ တ္တံ့ သော ကြီး စွာ ဟစ် ကြွေး သံ သည် အိ ဂျစ် ပြည် တစ် ဝှမ်း လုံး တွင် ဖြစ် လိမ့် မည်။ Judson Bible အဲဂုတ္တုပြည်တစ်လျှောက်လုံးတွင်၊ ရှေးကာလ၌မဖြစ်စဖူး၊ နောင်ကာလ၌လည်း မဖြစ်လတ္တံ့သောကြီးစွာသော ငိုကြွေးခြင်းဖြစ်ရလိမ့်မည်။ |
သို့သော် အစ္စရေးအမျိုးသားအပေါင်းတို့တွင် လူကိုဖြစ်စေ၊ တိရစ္ဆာန်ကိုဖြစ်စေ ခွေးတစ်ကောင်မျှဟောင်လိမ့်မည်မဟုတ်။ ဤနည်းဖြင့် ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့နှင့်အီဂျစ်လူမျိုးတို့ကို ခြားနားစေကြောင်း သင်တို့သိရလိမ့်မည်။
အီဂျစ်ပြည်၌ လူမသေသောအိမ်ဟူ၍မရှိသောကြောင့် ဖာရောမင်းကြီးမှစ၍ သူ၏အမှုထမ်းအပေါင်းတို့နှင့် အီဂျစ်လူမျိုးအပေါင်းတို့သည် ညအချိန်၌ ထ၍ ပြင်းစွာအော်ဟစ်ငိုကြွေးကြ၏။
ထာဝရဘုရားက “အီဂျစ်ပြည်၌ရှိသောငါ့လူမျိုးတော်ခံရသည့် ဖိစီးနှိပ်စက်မှုကို အမှန်တကယ် ငါမြင်ပြီ။ အဓမ္မစေခိုင်းသူများကြောင့် သူတို့၏အော်ဟစ်ငိုကြွေးသံကိုလည်း ငါကြားပြီ။ အကယ်စင်စစ် သူတို့၏ဒုက္ခဝေဒနာများကို ငါသိပြီ။
အီဂျစ်ပြည်တည်ချိန်မှစ၍ ယခုတိုင်အောင် မဖြစ်ခဲ့ဖူးသော မိုးသီးသည်းထန်စွာရွာကျခြင်းကို မနက်ဖြန် ဤအချိန်တွင် ငါဖြစ်စေမည်။
ဆင်းရဲသောသူ၏ငိုကြွေးသံကိုမကြားလို၍ မိမိနားကိုပိတ်ထားသောသူသည် ကိုယ်တိုင်ဟစ်ခေါ်သောအခါ မည်သူမျှ သူ့ကိုထူးလိမ့်မည်မဟုတ်။
အော်ဟစ်သံသည် မောဘပြည်နယ်စပ်အထိရောက်လေ၏။ မြည်တမ်းသံသည် ဧဂလိမ်မြို့၊ ဗေရဧလိမ်မြို့တိုင်အောင် ရောက်လေ၏။
ထိုနေ့ရက်၌ အီဂျစ်ပြည်သားတို့သည် မိန်းမကဲ့သို့ဖြစ်ကြလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် လက်တော်ကို ဝှေ့တော်မူသောကြောင့် သူတို့သည် ထိတ်လန့်တုန်လှုပ်ကြလိမ့်မည်။
ထာဝရဘုရားက “ရာမမြို့၌ မြည်တမ်းသံ၊ ခါးသီးစွာငိုကြွေးသံကိုကြားရ၏။ ရာခေလသည် မိမိ၏သားများကြောင့် ငိုကြွေး၏။ သူ၏သားများမရှိတော့သဖြင့် နှစ်သိမ့်ပေးကြသည်ကို လက်မခံပြီ”ဟု မိန့်တော်မူ၏။
စပျစ်ခြံရှိသမျှတို့၌လည်း ငိုကြွေးမြည်တမ်းကြလိမ့်မည်။ အကြောင်းမူကား ငါသည် သင်တို့အလယ်၌ ဖြတ်သွားမည်”ဟု မိန့်တော်မူ၏။
ထိုနေ့ရက်၌ ငါးတံခါးဝမှ ငိုကြွေးသံ၊ မြို့၏နေရာသစ်မှ မြည်တမ်းသံ၊ တောင်ကုန်းများပေါ်မှကျယ်လောင်သော အက်ကွဲသံတို့ကို ကြားရလိမ့်မည်။
ထိုအခါ အာဗြဟံ၊ ဣဇက်၊ ယာကုပ်နှင့် ပရောဖက်အပေါင်းတို့သည် ဘုရားသခင်၏နိုင်ငံတော်ထဲ၌ရှိကြသည်ကို သင်တို့မြင်ရကြသော်လည်း သင်တို့ကိုယ်တိုင်မူကား အပြင်သို့ နှင်ထုတ်ခြင်းခံရသဖြင့် ထိုနေရာ၌ ငိုကြွေးခြင်းနှင့်အံကြိတ်ခြင်းရှိကြလိမ့်မည်။