သို့သော် သူတို့ကို ကျွန်ပြုမည့်လူမျိုးကို ငါစစ်ကြောစီရင်မည်။ ထို့နောက်မှ သူတို့သည် များစွာသောဥစ္စာနှင့်တကွ ထွက်လာကြလိမ့်မည်။
ထွက်မြောက် 11:1 - မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် ထာဝရဘုရားက မောရှေအား “ငါသည် နောက်ဘေးဒဏ်တစ်ပါးကို ဖာရောမင်းကြီးနှင့် အီဂျစ်ပြည်ပေါ်သို့ ကျရောက်စေဦးမည်။ ထို့နောက်မှ သင်တို့ကို ဤပြည်မှ လွှတ်ပေးလိမ့်မည်။ လွှတ်ပေးသောအခါတွင်လည်း သင်တို့ကို ဤပြည်မှ တစ်ယောက်မကျန်နှင်ထုတ်လိမ့်မည်။ Common Language Bible ထာဝရဘုရားက မောရှေအား``ငါသည်အီဂျစ် ဘုရင်နှင့်အီဂျစ်ပြည်သားတို့အားနောက်ဆုံး ဒဏ်ခတ်မည်။ ထိုနောက်သူသည်သင်တို့အား သွားခွင့်ပြုလိမ့်မည်။ စင်စစ်အားဖြင့်သင်တို့ အားလုံးကိုဤပြည်မှနှင်ထုတ်လိမ့်မည်။- Garrad Bible မော ရှေ အား ထာ ဝ ရ ဘု ရား က လည်း၊ ဖာ ရော မင်း နှင့် အိ ဂျစ် ပြည် ပေါ် မှာ ဘေး တစ် ကြိမ် ထပ်၍ ငါ သင့် စေ မည်။ ထို နောက် သင် တို့ ကို ဤ ပြည် မှ လွှတ် လိမ့် မည်။ လွှတ် သော အ ခါ အ ကုန် အ စင် နှင် ထုတ် လိမ့် မည်။ Judson Bible ထိုအခါ ထာဝရဘုရားက၊ ဖာရောဘုရင်နှင့် အဲဂုတ္တုပြည်အပေါ်မှာ ဘေးတစ်ပါးကို ငါရောက်စေဦးမည်။ ထိုနောက် သင်တို့ကိုလွှတ်လိမ့်မည်။ လွှတ်သောအခါ၌လည်း၊ အကယ်၍ သင်တို့ကိုတစ်ပြိုင်နက်နှင်လိမ့်မည်။ |
သို့သော် သူတို့ကို ကျွန်ပြုမည့်လူမျိုးကို ငါစစ်ကြောစီရင်မည်။ ထို့နောက်မှ သူတို့သည် များစွာသောဥစ္စာနှင့်တကွ ထွက်လာကြလိမ့်မည်။
ကိုယ်တော်သည် အကျွန်ုပ်နှင့်ဆန့်ကျင်သောသက်သေများကို တစ်ခုပြီးတစ်ခုဖော်ပြတော်မူ၏။ အကျွန်ုပ်ကို ပို၍အမျက်ထွက်တော်မူပြီး အပြောင်းအလဲ၊ အတိုက်အခိုက်များနှင့်လည်း ကြုံတွေ့စေတော်မူ၏။
ညသန်းခေါင်အချိန်တွင် ထာဝရဘုရားသည် ရာဇပလ္လင်ပေါ်၌စိုးစံသော ဖာရောမင်းကြီး၏သားဦးမှစ၍ မြေအောက်အကျဉ်းခန်း၌ရှိသော အကျဉ်းသား၏သားဦးတိုင်အောင် အီဂျစ်ပြည်ရှိသားဦးအားလုံးတို့နှင့် တိရစ္ဆာန်၏သားဦးအားလုံးတို့ကို ဒဏ်ခတ်တော်မူ၏။
ထို့ကြောင့် ငါ၏လက်ကိုဆန့်၍ အီဂျစ်ပြည်ထဲ၌ ငါပြုမည့် အံ့ဖွယ်သောအမှုအမျိုးမျိုးတို့ဖြင့် ထိုပြည်ကိုဒဏ်ခတ်မည်။ ထို့နောက်မှ သူသည် သင်တို့ကိုလွှတ်လိမ့်မည်။
ထာဝရဘုရားက မောရှေအား “ယခု ငါသည် ဖာရောမင်းကြီးအား မည်သို့ပြုမည်ကို သင်တွေ့မြင်ရမည်။ အားကြီးသောလက်တော်ကြောင့် သူသည် ဤလူမျိုးကို လွှတ်လိမ့်မည်။ အားကြီးသောလက်တော်ကြောင့် သူသည် ဤလူမျိုးကို သူ၏တိုင်းပြည်မှ နှင်ထုတ်လိမ့်မည်”ဟု မိန့်တော်မူ၏။
သို့မဟုတ်လျှင် ဤတစ်ကြိမ်တွင် ငါသည် ဘေးဒဏ်အမျိုးမျိုးကို သင်မှစ၍ သင်၏အမှုထမ်းများ၊ သင်၏ပြည်သူပြည်သားများအပေါ်သို့ ကျရောက်စေမည်။ ဤသို့ဖြင့် မြေတစ်ပြင်လုံး၌ ငါကဲ့သို့သောဘုရားမရှိကြောင်း သင်သိမြင်လိမ့်မည်။
သင်တို့သည် ငါ့ကို ဆက်လက်ဆန့်ကျင်၍ ငါ့စကားကိုနားမထောင်လျှင် ငါသည် သင်တို့၏အပြစ်နှင့်အလျောက် သင်တို့အပေါ်သို့ ဘေးဒဏ်ကို ခုနစ်ဆ ထပ်၍ကျရောက်စေမည်။
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် အီဂျစ်ပြည်၌ သင်တို့မျက်မှောက်တွင် ပြုတော်မူသောအမှုအပေါင်းတို့ကဲ့သို့ မည်သည့်ဘုရားတစ်ပါးပါးက စုံစမ်းမှုပြုလျက်၊ နိမိတ်လက္ခဏာပြလျက်၊ အံ့ဖွယ်အမှုပြုလျက်၊ စစ်တိုက်လျက်၊ အားကြီးသောလက်နှင့် လက်ရုံးကိုဆန့်လျက်၊ ကြောက်မက်ဖွယ်အမှုကြီးများပြုလျက် မိမိအဖို့ လူမျိုးတစ်မျိုးကို အခြားလူမျိုးတစ်မျိုးမျိုးထဲမှ သွား၍ထုတ်ဆောင်ရန် ကြိုးပမ်းဖူးသလော။
လူတို့သည် ပြင်းထန်သောအပူရှိန်ကြောင့် နေလောင်ဒဏ်ခံရသဖြင့် ဤဘေးဒဏ်များအပေါ်အခွင့်အာဏာရှိသော ဘုရားသခင်၏နာမတော်ကို စော်ကားပြောဆို၍ နောင်တလည်းမရ၊ ဘုရားသခင်၏ဘုန်းတော်ကိုလည်း မချီးမွမ်းကြပေ။
ဖိလိတ္တိလူမျိုးတို့ကလည်း “မည်သည့်အပြစ်ဒဏ်ဖြေရာယဇ်ဖြင့် ပို့လိုက်ရမည်နည်း”ဟု မေးလျှင် သူတို့က “ဖိလိတ္တိမင်းအရေအတွက်နှင့်အညီ ရွှေပလိပ်နာဖုအရုပ်ငါးခုနှင့် ရွှေကြွက်ရုပ်ငါးခုကို ထုလုပ်၍ ပေးလိုက်ရမည်။ သင်တို့နှင့် သင်တို့၏မင်းများ ခံစားရသောရောဂါမှာ တစ်မျိုးတည်းဖြစ်၏။