ထွက်မြောက် 11:1 - Garrad Bible1 မော ရှေ အား ထာ ဝ ရ ဘု ရား က လည်း၊ ဖာ ရော မင်း နှင့် အိ ဂျစ် ပြည် ပေါ် မှာ ဘေး တစ် ကြိမ် ထပ်၍ ငါ သင့် စေ မည်။ ထို နောက် သင် တို့ ကို ဤ ပြည် မှ လွှတ် လိမ့် မည်။ လွှတ် သော အ ခါ အ ကုန် အ စင် နှင် ထုတ် လိမ့် မည်။ အခန်းကိုကြည့်ပါ။Common Language Bible1 ထာဝရဘုရားက မောရှေအား``ငါသည်အီဂျစ် ဘုရင်နှင့်အီဂျစ်ပြည်သားတို့အားနောက်ဆုံး ဒဏ်ခတ်မည်။ ထိုနောက်သူသည်သင်တို့အား သွားခွင့်ပြုလိမ့်မည်။ စင်စစ်အားဖြင့်သင်တို့ အားလုံးကိုဤပြည်မှနှင်ထုတ်လိမ့်မည်။- အခန်းကိုကြည့်ပါ။Judson Bible1 ထိုအခါ ထာဝရဘုရားက၊ ဖာရောဘုရင်နှင့် အဲဂုတ္တုပြည်အပေါ်မှာ ဘေးတစ်ပါးကို ငါရောက်စေဦးမည်။ ထိုနောက် သင်တို့ကိုလွှတ်လိမ့်မည်။ လွှတ်သောအခါ၌လည်း၊ အကယ်၍ သင်တို့ကိုတစ်ပြိုင်နက်နှင်လိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း1 တစ်ဖန် ထာဝရဘုရားက မောရှေအား “ငါသည် နောက်ဘေးဒဏ်တစ်ပါးကို ဖာရောမင်းကြီးနှင့် အီဂျစ်ပြည်ပေါ်သို့ ကျရောက်စေဦးမည်။ ထို့နောက်မှ သင်တို့ကို ဤပြည်မှ လွှတ်ပေးလိမ့်မည်။ လွှတ်ပေးသောအခါတွင်လည်း သင်တို့ကို ဤပြည်မှ တစ်ယောက်မကျန်နှင်ထုတ်လိမ့်မည်။ အခန်းကိုကြည့်ပါ။ |
၎င်း ပြင်၊ သင် တို့ အ တွက် မျက် မှောက် ထင် ထင်၊ အိ ဂျစ် ပြည်၌ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား စီ ရင် တော် မူ သ မျှ အ လျောက်၊ စုံ စမ်း ခြင်း၊ သက် သေ နိ မိတ် လ က္ခ ဏာ ပြ ခြင်း၊ စစ် တိုက် ခြင်း၊ အား ကြီး သော လက် ရုံး တော် ဆန့် တန်း ခြင်း၊ ကြောက် မက် ဖွယ် တန် ခိုး ပြ ခြင်း များ ဖြင့် လူ တစ် မျိုး ကို တစ် မျိုး အ တွင်း မှ ထုတ် ဆောင် ရန် သွား ဝံ့ ဖူး သော ဘု ရား ရှိ သေး ၏ လော။
ကျွန် တော် တို့ ပြစ် ဒဏ် ပြေ ရန် လှူ အပ် သော ဝ တ္ထု ကား မည် သည့် အ ရာ နည်း ဟု မေး ပြန် ကြ လျှင်၊ မင်း မှ စ၍ သင် တို့ အ ပေါင်း ၍ ရော ဂါ တစ် မျိုး တည်း စွဲ ကပ် သ ဖြင့် ဖိ လိ တ္တိ မင်း ဦး ရေ အ လိုက် ရွှေ ဘင် နာ ရုပ်၊ နေ ပြည် ကို ဖျက် ဆီး တတ် သော ရွှေ ကြွက် ရုပ်၊ ငါး ခု စီ သွန်း ထု ဆက် သ၍၊ ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင့် ဘုန်း တော် ကို ချီး မြှောက် မူ သင် တို့ မှလည်း ကောင်း၊ သင် တို့ ဘု ရား များ မှ လည်း ကောင်း၊ နေ ပြည် မှ လည်း ကောင်း၊ လက် တော် ဖယ် ကောင်း ဖယ် တော် မူ လိမ့် မည်။