Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယောဘဝတ္တု။ 10:17 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 ကိုယ်တော်​သည် အကျွန်ုပ်​နှင့်​ဆန့်ကျင်​သော​သက်သေ​များ​ကို တစ်​ခု​ပြီး​တစ်​ခု​ဖော်ပြ​တော်မူ​၏​။ အကျွန်ုပ်​ကို ပို၍​အမျက်ထွက်​တော်မူ​ပြီး အပြောင်းအလဲ​၊ အတိုက်အခိုက်​များ​နှင့်​လည်း ကြုံတွေ့​စေ​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

17 အကျွန်ုပ်တဘက်၌ သက်သေခံတော်မူချက် များပြား၍၊ အမျက်တော်ကို တိုးပွါးစေခြင်းငှါ ပြုတော် မူသဖြင့်၊ အကျွန်ုပ်တဘက်၌ ရန်စစ်တို့သည် အထပ် ထပ်ထကြပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

17 အ ကျွန်ုပ် တစ် ဘက်၌ သက် သေ များ ကို အ တန် တန် ပြ လျက်၊ အ မျက် တော် ကို တိုး ပွား စေ တော် မူ သ ဖြင့်၊ တစ် တပ် နောက် တစ် တပ် မ ပြတ် လုပ် ကြံ ခံ ရ လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

17 အ​ကျွန်ုပ်​တစ်​ဖက်၌ သက်​သေ​ခံ​တော်​မူ​ချက် များ​ပြား၍၊ အ​မျက်​တော်​ကို တိုး​ပွား​စေ​ခြင်း​ငှာ ပြု​တော်​မူ​သ​ဖြင့်၊ အ​ကျွန်ုပ်​တစ်​ဖက်၌ ရန်​စစ်​တို့​သည် အ​ထပ်​ထပ်​ထ​ကြ​ပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယောဘဝတ္တု။ 10:17
9 ပူးပေါင်းရင်းမြစ်များ  

အဘယ်ကြောင့် အကျွန်ုပ်​ထံမှ မျက်နှာလွှဲ​တော်မူ​၍ အကျွန်ုပ်​ကို ရန်သူ​ကဲ့သို့ ထင်မှတ်​တော်မူ​ပါ​သနည်း​။


ငါ့​ကို ပိန်ရှုံ့​စေ​တော်မူ​သည်​မှာ သက်သေ​ဖြစ်​၏​။ ချည့်နဲ့​ခြင်း​သည်​လည်း ငါ့​ရှေ့​တွင်​ရပ်​လျက် သက်သေထူ​လေ​၏​။


လူ​သည် မြေကြီး​ပေါ်တွင် ခက်ခဲပင်ပန်း​စွာ လုပ်ကိုင်​ကြ​ရ​ပါ​သည်​တကား​။ လူ​အသက်ရှင်​သော​နေ့ရက်​တို့​သည် သူရင်းငှား​၏​နေ့ရက်​ကဲ့သို့ ဖြစ်​ပါ​သည်​တကား​။


ရှေးကာလ​ကပင် စိုးစံ​တော်မူ​သော​ဘုရားသခင်​သည် ကြား​၍ သူ​တို့​ကို​နှိမ့်ချ​တော်မူ​လိမ့်မည်​။(​စေလာ) သူ​တို့​သည် မည်သည့်​အခါ​မျှ​ပြောင်းလဲ​ခြင်း​မ​ရှိ​ကြ​။ ဘုရားသခင်​ကို​ကြောက်ရွံ့​ခြင်း​လည်း​မ​ရှိ​ကြ​။


မောဘ​ပြည်သား​သည် ဖမ်းခေါ်​သွား​ခြင်း​မ​ခံရ​။ ငယ်စဉ်​ကပင် အေးချမ်း​စွာ​နေ​ရ​၏​။ အနည်ထိုင်​ကျန်ခဲ့​သော​စပျစ်ဝိုင်​ကဲ့သို့ အိုး​တစ်​လုံး​မှ​တစ်​လုံး​သို့ အပြောင်း​မ​ခံရ​။ ထို့ကြောင့် အရသာမပျက်​၊ ရနံ့​လည်း​မ​ပြယ်​”​ဟု မိန့်​တော်မူ​၏​။


ထို​ကာလ​၌ ငါ​သည် ဂျေရုဆလင်​မြို့​ကို မီးအိမ်​ထွန်း​၍ ရှာဖွေ​မည်​။ ‘ထာဝရဘုရား​သည် အကောင်း​ကို​လည်း မ​ပြု​၊ အဆိုး​ကို​လည်း မ​ပြု’​ဟု စိတ်ထင်​လျက် မိမိဘာသာ​အားရကျေနပ်​နေ​သော​သူ​တို့​ကို ဒဏ်ခတ်​မည်​။


အကျွန်ုပ်​သည် ထွက်သွား​စဉ်က ပြည့်ပြည့်စုံစုံ​နှင့် ထွက်သွား​၏​။ ယခု​မူကား ထာဝရဘုရား​သည် လက်ချည်းသက်သက်​ပြန်လာ​စေ​တော်မူ​၏​။ အဘယ်ကြောင့် အကျွန်ုပ်​ကို နောမိ​ဟု ခေါ်​ကြ​ဦး​မည်နည်း​။ ထာဝရဘုရား​သည် အကျွန်ုပ်​ကို ဆုံးမ​တော်မူ​ပြီ​။ အနန္တတန်ခိုးရှင်​သည် အကျွန်ုပ်​ကို ဒုက္ခရောက်​စေ​တော်မူ​ပြီ​”​ဟု ပြန်ပြော​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ