အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ထွက်​မြောက် 10:15 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ကျိုင်းကောင်​တို့​သည် မြေ​မျက်နှာ​တစ်ပြင်လုံး​ကို​ဖုံးလွှမ်း​သဖြင့် မြေပြင်​သည်​မည်းနက်​လေ​၏​။ မိုးသီးဘေး​ပြီးနောက် ကျန်ရစ်​သော​ကောက်ပင်​အားလုံး​နှင့် ထို​ပြည်​ရှိ​သစ်သီးဝလံ​အားလုံး​တို့​ကို​စား​ကြ​သဖြင့် အီဂျစ်​ပြည်​တစ်ပြည်လုံး​တွင် အပင်​မှ​အရွက်​စိမ်း​တစ်​ရွက်​မျှ​၊ လယ်​ထဲ​ရှိ​ကောက်ပင်​တစ်​ပင်​မျှ မ​ကြွင်းကျန်​ပေ​။

အခန်းကိုကြည့်ပါ။

Common Language Bible

ကျိုင်း​ကောင်​များ​သည်​မြေ​တစ်​ပြင်​လုံး​ကို ဖုံး​လွှမ်း​သ​ဖြင့် မြေ​ပြင်​သည်​ကျိုင်း​ကောင်​များ ဖြင့်​မည်း​နက်​လျက်​ရှိ​၏။ ယင်း​တို့​သည်​တိုင်း ပြည်​၌​မိုး​သီး​ဒဏ်​ကြောင့်​မ​ပျက်​စီး​ဘဲ ကျန် ကြွင်း​သ​မျှ​သော​အ​ပင်​နှင့်​သစ်​သီး​တို့​ကို စား​ကြ​၏။ အီ​ဂျစ်​ပြည်​တစ်​လျှောက်​လုံး​တွင် အ​ပင်​ကြီး​ငယ်​တို့​၌​အ​ရွက်​စိမ်း​ဟူ​၍ မ​ကျန်​တော့​ချေ။

အခန်းကိုကြည့်ပါ။

Garrad Bible

ထို ကျိုင်း ကောင် များ သည် မြေ မျက် နှာ တစ် ပြင် လုံး ကို ဖုံး လွှမ်း မည်း နက် စေ လျက် ၎င်း ပြည် တွင် မိုး သီး မ ဖျက်၊ ကြွင်း ကျန် သော ကောက် ပင်၊ ပဲ ပင်၊ သစ် ပင် အ သီး ဟူ သ မျှ ကို စား ကြ သ ဖြင့် အိ ဂျစ် တစ် ပြည် လုံး တွင် လယ် ပြင် ရှိ ကောက် ပဲ သစ် ပင် မှ စ၍ အ တက် အညှောက် မျှ မ ကြွင်း မ ကျန် ပြီ။

အခန်းကိုကြည့်ပါ။

Judson Bible

မြေ​မည်း​သည်​တိုင်​အောင် မြေ​တစ်​ပြင်​လုံး​ကို​ဖုံး​အုပ်၍ တစ်​ပြည်​လုံး​တွင် မြက်​ပင်​ရှိ​သ​မျှ မိုး​သီး​နှင့် လွတ်​သော​သစ်​သီး​ရှိ​သ​မျှ​ကို စား​ကြ​သ​ဖြင့်၊ အဲ​ဂု​တ္တု​ပြည်​တစ်​လျှောက်​လုံး​တွင် သစ်​ပင်​မြက်​ပင်​တို့၌ စိမ်း​သော​အ​ရာ​တစ်​စုံ​တစ်​ခု​မျှ မ​ကျန်​ရစ်။

အခန်းကိုကြည့်ပါ။



ထွက်​မြောက် 10:15
11 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​၏​အသီးအနှံ​ကို နှံကောင်​တို့​အား​လည်းကောင်း​၊ သူ​တို့​လုပ်ဆောင်​ရရှိ​သော​အရာ​ကို ကျိုင်းကောင်​တို့​အား​လည်းကောင်း ပေး​တော်မူ​၏​။


ထို့နောက် ထာဝရဘုရား​က မောရှေ​အား “​ကျိုင်းကောင်​များ အီဂျစ်​ပြည်​ပေါ်သို့ တက်လာ​၍ မိုးသီးဘေး​ဖြစ်​ပြီးနောက်​ကြွင်းကျန်​သမျှ​သော ထို​ပြည်​ရှိ​အပင်​အားလုံး​တို့​ကို စား​မည့်​အကြောင်း သင်​၏​လက်​ကို အီဂျစ်​ပြည်​ပေါ်သို့ ဆန့်​လော့​”​ဟု မိန့်​တော်မူ​၏​။


ကျိုင်းကောင်​များ​သည် မြေ​မျက်နှာပြင်​ကို​ဖုံးလွှမ်း​သဖြင့် မြေကြီး​ကို​မြင်​ရ​တော့​မည်​မ​ဟုတ်​။ ထို​ကျိုင်းကောင်​တို့​သည် မိုးသီးဘေး​ဖြစ်​ပြီးနောက် သင်​တို့​၌​ကြွင်းကျန်​သော​အကြွင်းအကျန်​တို့​ကို စား​ကြ​လိမ့်မည်​။ သင်​တို့​၏​လယ်​၌​ပေါက်​သော​အပင်​ရှိသမျှ​တို့​ကို စား​ကြ​လိမ့်မည်​။


ဘုရင်​မ​ရှိ​သော်လည်း တစ်စုတစ်ပေါင်း​တည်း စီတန်း​သွားလာ​တတ်​သော​ကျိုင်းကောင်​များ​နှင့်


ဂါဇံကျိုင်း​တို့​အကျန်​ကို အရာဘကျိုင်း​တို့ စား​လေ​ပြီ​။ အရာဘကျိုင်း​တို့​အကျန်​ကို ယာလက်ကျိုင်း​တို့ စား​လေ​ပြီ​။ ယာလက်ကျိုင်း​တို့​အကျန်​ကို ခါသိလကျိုင်း​တို့ စား​လေ​ပြီ​။


“သင်​တို့​ထံ ငါ​စေလွှတ်​ခဲ့​သော စစ်သည်​အလုံးအရင်း​များ​ဖြစ်​သည့် အရာဘကျိုင်း​၊ ယာလက်ကျိုင်း​၊ ခါသိလကျိုင်း​၊ ဂါဇံကျိုင်း​တို့ ဝါးမျို​ဖျက်ဆီး​သော​နှစ်ကာလ​တစ်လျှောက် သင်​တို့​ဆုံးရှုံး​ခဲ့​သမျှ​ကို ငါ​ပြန်ပေး​မည်​။


နှံကောင်​တို့​သည် မြေ​ပေါ်​ရှိ​အပင်​များ​ကို စား​ပြီးနောက် ငါ​က “​အို ဘုရားရှင်​ထာဝရဘုရား​၊ ယခု ခွင့်လွှတ်​တော်မူ​ပါ​။ ယာကုပ်​သည် နုနယ်သေး​သည်​ဖြစ်၍ မည်သို့ ခံ​နိုင်​ပါ​မည်နည်း”​ဟု လျှောက်ဆို​၏​။


ဗာလက်​မင်းကြီး​သည် ယူဖရေးတီး​မြစ်​အနီး မိမိ​အမျိုးသားချင်း​တို့​၏​ပြည်​ရှိ ပေသော်​မြို့​နေ ဗောရ​၏​သား​ဗာလမ်​ကို ခေါ်​ရန် စေတမန်​တို့​ကို​စေလွှတ်​လျက် “​လူမျိုး​တစ်​မျိုး​သည် အီဂျစ်​ပြည်​မှ​ထွက်လာ​၍ မြေ​မျက်နှာ​တစ်ပြင်လုံး​ပျံ့နှံ့​နေ​ပြီ​။ အကျွန်ုပ်​အနား​၌​လည်း နေထိုင်​ကြ​ပြီ​။