ထို့ကြောင့် သူသည် ထ၍စားသောက်၏။ ထိုအစားအစာကြောင့် အားပြည့်လာပြီး ဟောရပ်ဟူသောဘုရားသခင်၏တောင်သို့ ရက်လေးဆယ်ပတ်လုံးခရီးဆက်၍
တရားဟော 9:9 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့နှင့်ထာဝရဘုရားဖွဲ့တော်မူခဲ့သောပဋိညာဉ်ပါရှိသည့်ကျောက်ပြားတို့ကို ခံယူရန် တောင်ပေါ်သို့ငါတက်သွားသောအခါ ငါသည် အစာမစား၊ ရေမသောက်ဘဲ ထိုတောင်ပေါ်၌ အရက်လေးဆယ်ပတ်လုံး နေခဲ့၏။ Common Language Bible ထာဝရဘုရားနှင့်သင်တို့ပြုသောပဋိညာဉ် ကိုရေးထားသောကျောက်ပြားများကိုလက်ခံ ခြင်းငှာ ငါသည်တောင်ပေါ်သို့တက်သွား၏။ အရက်လေးဆယ်ပတ်လုံးငါသည်မစား သောက်ဘဲတောင်ပေါ်တွင်နေ၏။- Garrad Bible သင် တို့ နှင့် ထာ ဝ ရ ဘု ရား ဖွဲ့ တော် မူ သော ပ ဋိ ညာဉ် ဆိုင် ရာ ကျောက် နှစ် ပြား ကို ခံ ယူ ရန် တောင် ပေါ် သို့ ငါ တက် သွား၍၊ မည် သည့် ရေ စာ ကို မျှ မ စား မ သောက် ဘဲ အ ရက် လေး ဆယ် နေ့ ညဉ့် ပတ် လုံး နေ သည့် ကာ လ၊ Judson Bible ထာဝရဘုရားသည် သင်တို့နှင့်ဖွဲ့သော ပဋိညာဉ်တရားကို ရေးထားသော ကျောက်ပြားတို့ကို ခံယူခြင်းငှာ၊ တောင်ပေါ်သို့ ငါတက်သောအခါ၊ အရက်လေးဆယ်ပတ်လုံး မုန့်ကိုမစား၊ ရေကိုမသောက်ဘဲ တောင်ပေါ်မှာနေလေ၏။ |
ထို့ကြောင့် သူသည် ထ၍စားသောက်၏။ ထိုအစားအစာကြောင့် အားပြည့်လာပြီး ဟောရပ်ဟူသောဘုရားသခင်၏တောင်သို့ ရက်လေးဆယ်ပတ်လုံးခရီးဆက်၍
ဧလိရှဲက “မသတ်ရပါ။ သင့်ဓား၊ သင့်လေးဖြင့် တိုက်ခိုက်ဖမ်းမိသောသူကို သင်သတ်မည်လော။ သူတို့ကို အစာရေစာကျွေးမွေးပါ။ သူတို့စားသောက်ပြီးမှ သူတို့သခင်ထံ ပြန်သွားစေပါ”ဟု ပြန်ပြော၏။
ထို့နောက် ထာဝရဘုရားက မောရှေအား “ငါရှိရာ တောင်ပေါ်သို့တက်လာ၍ ထိုနေရာ၌နေလော့။ လူတို့ကို သွန်သင်ရန် ငါအက္ခရာတင်ထားသည့် တရားတော်၊ ပညတ်တော်ပါရှိသောကျောက်ပြားတို့ကို သင့်အား ငါပေးမည်”ဟု မိန့်တော်မူ၏။
မောရှေသည် တိမ်တိုက်ထဲသို့ဝင်၍ တောင်ပေါ်သို့တက်သွားပြီးလျှင် ထိုတောင်ပေါ်၌ ရက်ပေါင်းလေးဆယ်နေလေ၏။
ဤသို့ သိနာတောင်ပေါ်၌ ဘုရားသခင်သည် မောရှေအား မိန့်ဆိုတော်မူပြီးနောက် လက်ချောင်းတော်ဖြင့် အက္ခရာတင်ထားသောသက်သေခံချက်ကျောက်ပြားနှစ်ချပ်ကို သူ့အား ပေးအပ်တော်မူ၏။
မောရှေသည် တောင်ပေါ်မှမဆင်းလာသေးဘဲ ကြန့်ကြာနေသည်ကို လူတို့သိသောအခါ အာရုန်ထံသို့စုရုံးလာ၍ “ထပါ။ ငါတို့ရှေ့မှကြွမည့်ဘုရားကို ငါတို့အဖို့ လုပ်ပေးပါ။ အီဂျစ်ပြည်မှ ငါတို့ကို ထုတ်ဆောင်လာသော ထိုမောရှေဆိုသူ၌ မည်သို့ဖြစ်သည်ကို ငါတို့မသိပါ”ဟု ဆိုကြ၏။
မောရှေသည် အစာကိုမစား၊ ရေကိုလည်းမသောက်ဘဲ ထိုအရပ်၌ ထာဝရဘုရားနှင့်အတူ နေ့ပေါင်းလေးဆယ်၊ ညပေါင်းလေးဆယ်နေလျက် ကျောက်ပြားများအပေါ်၌ ပညတ်တော်ဆယ်ပါးတည်းဟူသော ပဋိညာဉ်ပါအချက်များကို ရေးသားလေ၏။
ဤအကြောင်းအရာတို့သည် ပုံဆောင်ချက်များဖြစ်ကြ၏။ အကြောင်းမူကား ထိုမိန်းမနှစ်ဦးသည် ပဋိညာဉ်နှစ်ပါးကိုဆိုလို၏။ တစ်ပါးသည် သိနာတောင်မှဖြစ်၍ ကျွန်ကိုမွေးဖွား၏။ ထိုသူသည် ဟာဂရဖြစ်၏။
လူသည် မုန့်အားဖြင့်သာ အသက်ရှင်သည်မဟုတ်ဘဲ ထာဝရဘုရား၏နှုတ်တော်ထွက်စကားရှိသမျှအားဖြင့် အသက်ရှင်သည်ကို သင်သိမြင်မည့်အကြောင်း ကိုယ်တော်သည် သင့်ကိုနှိမ့်ချလျက် ငတ်မွတ်စေပြီး သင်မသိ၊ သင်၏ဘိုးဘေးတို့လည်းမသိသော မန္နမုန့်ဖြင့် သင့်အားကျွေးမွေးတော်မူခဲ့၏။
အရက်လေးဆယ်ပြည့်သောအခါ ထာဝရဘုရားသည် ပဋိညာဉ်ကျောက်ပြားနှစ်ချပ်ကို ငါ့အား ပေးအပ်တော်မူပြီး
ငါသည်လည်း လက်နှစ်ဖက်၌ ပဋိညာဉ်ကျောက်ပြားနှစ်ချပ်ကိုင်လျက် မီးတောက်လောင်နေသောတောင်ပေါ်မှ လှည့်၍ဆင်းလာခဲ့၏။
ထာဝရဘုရားအမျက်ထွက်စေရန် မျက်မှောက်တော်၌ မကောင်းမှုကိုပြုခြင်းဖြင့် သင်တို့ကျူးလွန်သည့်အပြစ်ရှိသမျှတို့ကြောင့် ငါသည် အစာမစား၊ ရေလည်းမသောက်ဘဲ ယခင်ကဲ့သို့ အရက်လေးဆယ်ပတ်လုံး ထာဝရဘုရားရှေ့မှောက်၌ပျပ်ဝပ်လျက်နေ၏။
၎င်းထဲတွင် နံ့သာပေါင်းမီးရှို့ရာရွှေယဇ်ပလ္လင်နှင့် မျက်နှာပြင်အဘက်ဘက်၌ ရွှေဖြင့်မွမ်းမံထားသောပဋိညာဉ်သေတ္တာရှိ၏။ ထိုသေတ္တာ၌ မန္နမုန့်ထည့်ထားသည့်ရွှေအိုး၊ အဖူးထွက်သောအာရုန်၏တောင်ဝှေးနှင့် ပဋိညာဉ်ကျောက်ပြားတို့ရှိ၏။