အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




တ​ရား​ဟော 9:10 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ဘုရားသခင်​၏​လက်ချောင်း​တော်​ဖြင့် အက္ခရာတင်​ထား​သော​ကျောက်ပြား​နှစ်​ချပ်​ကို ထာဝရဘုရား​သည် ငါ့​အား ပေးအပ်​တော်မူ​၏​။ စုဝေး​ရာ​နေ့​၌ သင်​တို့​အား တောင်​ပေါ်တွင် မီး​ထဲ​မှ ထာဝရဘုရား​မိန့်​တော်မူ​ခဲ့​သည့်​စကား​အလုံးစုံ​တို့​ကို ထို​ကျောက်ပြား​ပေါ်၌ အက္ခရာ​တင်ထား​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည် ကျောက်​ပြား​နှစ် ချပ်​ကို​ငါ့​အား​ပေး​တော်​မူ​သည်။ ယင်း​ကျောက် ပြား​များ​သည်​သင်​တို့​တောင်​ခြေ​တွင်​စု​ရုံး ကြ​သော​နေ့​၌ ထာ​ဝ​ရ​ဘု​ရား​မီး​ထဲ​မှ​မိန့် ကြား​သော​ပ​ညတ်​တော်​များ​ကို မိ​မိ​လက်​တော် ဖြင့်​အက္ခ​ရာ​တင်​ထား​သည့်​ကျောက်​ပြား​များ ဖြစ်​သည်။-

အခန်းကိုကြည့်ပါ။

Garrad Bible

သင် တို့ စည်း ဝေး ကြ သည့် နေ့ ရက် တော်၊ တောင် ပေါ် တွင် မီး အ လယ် မှ ထာ ဝ ရ ဘု ရား မိန့် မြွက် တော် မူ သ မျှ အ တိုင်း၊ လက် တော် ဖြင့် အ က္ခ ရာ တင် သော ကျောက် နှစ် ပြား ကို ငါ့ အား ထာ ဝ ရ ဘု ရား အပ် ပေး တော် မူ ၏။

အခန်းကိုကြည့်ပါ။

Judson Bible

သင်​တို့​သည် စည်း​ဝေး​ကြ​သော​နေ့၌ ထာ​ဝ​ရ​ဘု​ရား​သည် တောင်​ပေါ်​မှာ မီး​ထဲ​က​မြွက်​ဆို​တော်​မူ​သော စ​ကား​တော်​အ​လုံး​စုံ​တို့​ကို လက်​ညှိုး​တော်​ဖြင့် ရေး​ထား​သော​ကျောက်​ပြား​နှစ်​ပြား​တို့​ကို ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​အပ်​ပေး​တော်​မူ၏။

အခန်းကိုကြည့်ပါ။



တ​ရား​ဟော 9:10
11 ပူးပေါင်းရင်းမြစ်များ  

ဤသို့ သိနာ​တောင်​ပေါ်၌ ဘုရားသခင်​သည် မောရှေ​အား မိန့်ဆို​တော်မူ​ပြီးနောက် လက်ချောင်း​တော်​ဖြင့် အက္ခရာတင်​ထား​သော​သက်သေခံချက်​ကျောက်ပြား​နှစ်​ချပ်​ကို သူ့​အား ပေးအပ်​တော်မူ​၏​။


သို့ရာတွင် ငါ​သည် ဘုရားသခင်​၏​ဝိညာဉ်​တော်​ကို​အမှီပြု​၍ နတ်ဆိုး​တို့​ကို​နှင်ထုတ်​သည်​ဆိုလျှင် ဘုရားသခင်​၏​နိုင်ငံ​တော်​သည် သင်​တို့​ထံ​ရောက်ရှိ​လေ​ပြီ။


သို့ရာတွင် ငါ​သည် ဘုရားသခင်​၏​လက်ညှိုး​တော်​အားဖြင့် နတ်ဆိုး​တို့​ကို​နှင်ထုတ်​သည်​ဆိုလျှင် ဘုရားသခင်​၏​နိုင်ငံ​တော်​သည် သင်​တို့​ထံ​ရောက်ရှိ​လေ​ပြီ။


သင်​တို့​သည် ငါ​တို့​ပြုစု​သော ခရစ်တော်​၏​စာ​ဖြစ်​ကြောင်း ထင်ရှား​လျက်​ရှိ​၏။ ထို​စာ​ကို မင်​အားဖြင့်​မ​ဟုတ်​ဘဲ အသက်ရှင်​တော်မူ​သော​ဘုရားသခင်​၏​ဝိညာဉ်​တော်​အားဖြင့် ရေး​ထား​ခြင်း​ဖြစ်ပြီး ကျောက်​ပြား​ပေါ်၌​မ​ဟုတ်​ဘဲ လူ​၏​နှလုံးသား​ပြင်​ပေါ်၌​ရေး​ထား​ခြင်း​ဖြစ်​၏။


သင်​တို့​စုဝေး​ခဲ့​သော​နေ့​၌ သင်​တို့​အား တောင်​ပေါ်တွင် မီး​ထဲ​မှ ထာဝရဘုရား​မိန့်​တော်မူ​ခဲ့​သည့် ပညတ်တော်​ဆယ်​ပါး​ကို ယခင်​ကျောက်ပြား​၌​အက္ခရာတင်​ထား​ခဲ့​သည့်​အတိုင်း ထာဝရဘုရား​သည် ထို​ကျောက်ပြား​တို့​ပေါ်၌ အက္ခရာတင်​တော်မူ​ပြီးလျှင် ငါ့​အား​ပေး​တော်မူ​၏​။


ဟောရပ်​တောင်​၌ စုဝေး​သော​နေ့​တွင် သင်​က ‘​အကျွန်ုပ်​မ​သေ​ရ​ပါ​မည့်​အကြောင်း အကျွန်ုပ်​၏​ဘုရားသခင်​ထာဝရဘုရား​၏​အသံ​တော်​ကို ထပ်၍​မ​ကြား​ရ​ပါစေ​နှင့်​။ ဤ​မီးတောက်​ကြီး​ကို​လည်း ထပ်၍​မ​မြင်​ရ​ပါစေ​နှင့်​’​ဟု သင်​၏​ဘုရားသခင်​ထာဝရဘုရား​ထံ တောင်းလျှောက်​ခဲ့​သည့်​အတိုင်း


ထာဝရ​ဘုရား​က “ထို​နေ့ရက်​များ​နောက်တွင် အစ္စရေး​အမျိုး​နှင့် ငါ​ပြု​မည့်​ပဋိညာဉ်​ကား ဤသို့​တည်း။ ငါ​သည် ငါ​၏​ပညတ်​တရား​တို့​ကို သူ​တို့​၏​အသိဉာဏ်​ထဲတွင် ထည့်သွင်း​၍ သူ​တို့​၏​စိတ်နှလုံး​ပေါ်မှာ ရေး​ထား​မည်။ ငါ​သည် သူ​တို့​၏​ဘုရား​ဖြစ်​ပြီး သူ​တို့​သည်​လည်း ငါ​၏​လူမျိုး​တော်​ဖြစ်​ကြ​လိမ့်မည်။